အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA အား ထောက်ခံမှုပြသဖို့ မြိုမျိုးနွယ်စုကို အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ဖိအားပေး ဆန္ဒဖော်ထုတ်ပြခိုင်းခဲ့
AR MIDEA GROUP ဖေဖော်၀ါရီလ ၂၆ရက်,၂၀၂၅
အာရ်ကာန်ဒေသ မောင်တော မြောက်ပိုင်းမှ မြိုလူမျိုးများထဲက အချို့သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် “အာရက္ခ တိုင်းပြည်ရေ ငါရို့ပြည်”၊ “အာရက္ခတိုင်းပြည်ကို ငါရို့ပါဝင်တည်ဆောက်ဖို့” ၊ “အာရက္ခတိုင်းပြည်ကို ငါရို့ပါဝင်ကာကွယ်ဖို့” ဟူသော ကြွေးကြော်သံများနှင့် ဆန္ဒဖော်ထုတ်ပွဲတစ်ခု ပြုလုပ်ခဲ့ကြကြောင်း မြို့လူငယ်များအစည်းအရုံး (MYU) ၏ ဖေ့ဘုတ်စာမျက်နှာတွင် ရုပ်သံတစ်ပုဒ် တင်ထားပါသည်။
အဆိုပါ ရုပ်သံဗီဒီယိုကို ကိုးကားပြီး အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ၏ ကျောထောက်နောက်ခံပြု ရခိုင်မီဒီယာအချို့သည် “မြိုလူမျိုးက အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA တပ်ထဲသို့ စစ်မှုထမ်းရန် ဝင်ခွင့်ရရေး ဆန္ဒပြတောင်းဆိုကြောင်း” ဟု သတင်းရေးသားသည်ကို တွေ့ရပါသည်။
လက်တွေ့မှာ မြိုမျိုးနွယ်စုများက ရခိုင်လက်နက်ကိုင် အကြမ်းဖက်AA တပ်သို့ ဝင်၍ လိုလိုလားလား စစ်မှုထမ်းလိုသည်မှာ မှန်ကန်ပါလား။ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ဖိအားပေး ဆန္ဒပြခိုင်း၍ အကြမ်းဖက် AA ၏နာမည်ဆိုးလာမှုကို ဖာထေးရန် ကြံနေသလား စသော မေးခွန်းများ ပေါ်လာပါသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် Western News က “မောင်တောဒေသမှ မြိုလူမျိုး ၉၀ ကျော် စစ်မှုထမ်းရန် AA ဖမ်းဆီးခေါ်ဆောင်သွား” ဟူသော ခေါင်းစဉ်နှင့် သတင်းတစ်ပုဒ်ရေးသားခဲ့ပါသည်။ (ဖတ်ရှုရန် – https://www.facebook.com/share/1DLmh1qMjL/) ။ အလားတူ ဖေဖော်ဝါရီ ၁၀ နေ့တွင်လည်း Western News ကပင် “ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦး အပါအဝင် မြိုလူမျိုး ၁၇ ဦးကို စစ်မှုထမ်းရန် အာရက္ခတပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွား” ဆိုသော ခေါင်းစဉ်နှင့် နောက်ထပ်သတင်းတစ်ပုဒ် ရေးသားခဲ့ပါသည်။ (ဖတ်ရှုရန် – https://www.facebook.com/share/p/15uBAw6TUu)။
အဆိုပါသတင်းနှစ်ပုဒ်ကို လေ့လာကြည့်သောအခါ “တစ်ရာနီးပါးကို အေအေက စစ်မှုထမ်းရန်ဟုဆိုကာ အဓမ္မဖမ်းဆီးသွားသည်ကို တွေ့ရပါသည်။ ယင်းထဲတွင် အသက်မပြည့်သေးသည့် ၁၃ နှစ်အရွယ် ကလေးများပါဝင်နေသလို၊ အသက် ၅၀ အရွယ်လူကြီးပိုင်းလည်း ပါဝင်နေသည်ကို တွေ့ရပါသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများပါမကျန် ဖမ်းဆီးခေါ်ဆောင်သွားခြင်း အဆိုပါ သတင်းမှာ ရေးသားထားပါသည်။
Western News ၏ သတင်းများတွင် ဖေဖော်ဝါရီလ ၇ ရက် ည ၈ နာရီခွဲခန့်အချိန်မှာ အာရက္ခတပ်တော် AA က အင်အား ၁၀၀ ကျော်ဖြင့် မြိုကျေးရွာများကို ဝိုင်းရံပိတ်ဆို့ပြီး လက်နက်အားကိုးဖြင့် အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ကျေးရွာသားများ၏ ဝန်ခံချက်ပါဝင်နေသည်ကို တွေ့ရပါသည်။
ခုံတိုင်ကျေးရွာကို အကြမ်းဖက် လက်နက်ကိုင်AA တပ်ဖွဲ့ဝင်များက ဝိုင်းရံပြီး အဓမ္မ လူဖမ်းပွဲလုပ်ခဲ့စဉ် ရွာသားများနှင့် ထိပ်တိုက်တွေ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့၍ ဖမ်းထားသည့် လူ ၄၅ ဦးမှ ၁၇ ဦးကိုသာ ခေါ်ယူသွားနိုင်ခဲ့ကြောင်း ရွာသားတစ်ဦးက Western News ကို ပြောပြသည်မှာ –
“ဖေဖော်ဝါရီလ ၇ ရက် ည ၈ နာရီခွဲလောက်မှာ အင်အား ၁၀၀ ကျော်လောက်နဲ့ အကြမ်းဖက် လက်နက်ကိုင် AA က ဝိုင်းပါတယ်။ စစ်မှုထမ်း ၄၅ ဦးခေါ်ယူမယ်ပြောပါတယ်။ တစ်အိမ်ဝင်တစ်အိမ်ထွက် ခေါ်တဲ့အချိန်မှာ ရွာသူရွာသားတွေက လိုက်လံတားဆီးမှုကြောင့် အကြမ်းဖက် လက်နက်ကိုင် AA တပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ကြတယ်။ လူ ၂၀ ကို ကားပေါ်တင်သွားတယ်။ အဲဒီအထဲက ကလေးငယ် မိခင် ၃ ဦးကို ပြန်ဆွဲခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ အသက် ၁၈ နှစ်အောက် ကလေးငယ်နှစ်ဦးနဲ့ အသက် ၅၀ ကျော် အမျိုးသား ၃ ဦးအပါအဝင် ၁၇ ဦးကို အတင်းအဓမ္မခေါ်သွားပါတယ်။ ည ၉ နာရီကျော်လောက်မှာ ပြန်သွားကြပါတယ်”။
စစ်မှုထမ်းရန် ခေါ်ဆောင်ခံယူရသည့် ၁၇ ဦးထဲတွင် အသက် ၂၀ ကျော်အရွယ်ရှိ ကိုယ်ဝန် ၃ လခန့်ရှိသော အမျိုးသမီး မထီဒေါင်၊ အသက် ၁၄ နှစ်အရွယ် မကော်နာလ်နှင့် အသက် ၁၆ နှစ်အရွယ် အမျိုးသား ကလေးငယ်တစ်ဦး ပါဝင်သွားခြင်းကို ရွာသားတစ်ဦးက ပြောပြပါသည်။
“မထီဒေါင်မှာက စေ့ထားတဲ့ သူ့အမျိုးသားရှိတယ်။ မင်္ဂလာဆောင် မဆောင်ရသေးဘူး။ ဒါပေမဲ့ သူ့မှာ ကိုယ်ဝန်လွယ်ထားတယ်။ ရွာသားတွေက ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်တယ်ဆိုတာကိုအကြမ်းဖက် လက်နက်ကိုင် AA တပ်ဖွဲ့ဝင်တွေကို ပြောပေမဲ့ မယုံကြဘူး။ အတင်းခေါ်သွားကြတယ်။ သူ့အမျိုးသားကတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ထွက်ပြေးသွားလို့ လွတ်မြောက်သွားတယ်” ဟု အဆိုပါ ရွာသားက ပြောသည်။
ခုံတိုင်ကျေးရွာက အမျိုးသမီးများမှာ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၁၀ နာရီခန့်တွင် ရွာအနီးရှိ နယ်မြေမှူးရုံးအား ကျေးရွာသားများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ သွားရောက်ဆန္ဒပြခဲ့ကြပြီး ဖမ်းဆီးခေါ်ဆောင်သွားသော လူ ၁၇ ဦးအား ပြန်လည် လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဆက်လက်ပြီး ခုံတိုင်ကျေးရွာသားများမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကြိမ်ချောင်းဌာနချုပ်ထိ သွားရောက်ပြီး နိုင်ငံရေးမှူးအား အကျိုးအကြောင်းပြောပြကာ ဖမ်းဆီးသွားသော လူ ၁၇ ဦးအား ပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။ သို့သော်လည်း နိုင်ငံရေးမှူး ဦးအောင်ပေါ်မှာ ပြန်မလွှတ်ပေးသည့်အပြင် ဖမ်းချင်၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောပြီး ရွာသားများအား ပြန်လွှတ်လိုက်သည်ဟု သိရသည်။
“နေ့လယ် ၁ နာရီလောက်မှာ ကြိမ်းချောင်းဌာနချုပ်က တာဝန်ရှိသူတွေ ရောက်လာတယ်။ ဆန္ဒဖော်ထုတ်တဲ့သူတွေက ဗီဒီယိုတွေရိုက်ထားတော့ အဲဒီဖိုင်တွေ အွန်လိုင်းပေါ်တင်ရင် ရွာသူရွာသားတွေကို ထပ်မံဖမ်းဆီးမယ်လို့ အမိန့်လာပေးတယ်။ ရွာထဲက သူတို့သိတဲ့ လူ ၅ ဦးစာရင်းကို မှတ်ယူသွားပြီး ဗီဒီယိုဖိုင်တွေနဲ့ ဒီသတင်းတွေကို အွန်လိုင်းပေါ် မတင်ဖို့ ခြိမ်းခြောက်သွားပါတယ်။ အွန်လိုင်းပေါ်တင်ရင် ဒီလူတွေကို ဖမ်းမယ်ပြောသွားပါတယ်” ဟု လေ့လာတွေ့ရှိရပါသည်။
အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ကာယကံရှင် ဆန္ဒမပါဘဲ လူငယ်များကို အတင်းအဓမ္မဖမ်းဆီး ခေါ်ယူနေသည့်အတွက် မိဘများမှာ သဘောတူမှုမရှိသည်ကို ဒေသခံ မြိုတစ်ဦးက ပြောပြသည်က “အတင်းဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အခုထိ ပြန်လွှတ်ပေးတာ မရှိသေးပါဘူး။ ကာယကံရှင်တွေရဲ့ သဘောဆန္ဒနဲ့ ခေါ်သွားတာမဟုတ်ဘဲ ဒီအတိုင်း မလိုက်မနေရပုံစံနဲ့ ခေါ်သွားတာပါ။ အသက် ၁၈ နှစ်အောက် ကလေးတွေလည်း ပါသွားပါတယ်”
ရန်ကုန်ရောက် မြိုတစ်ဦးကလည်း “အအကြမ်ဖက်လက်နက်ကိုင် အေအေဖြင့် ကာယကံရှင်များ၏ သဘောဆန္ဒမပါဘဲ အတင်းခေါ်ယူခြင်းကို မလုပ်သင့်ကြောင်း” ဆိုပြီးမှတ်ချက်ပြုပါသည်။
အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ကိုထောက်ခံမှုပြသသည့် မြိုမျိုးနွယ်စု၏ ဆန္ဒပြပွဲဖြစ်လာခြင်း နောက်ကွယ်က အဓိကအကြောင်းရင်း ဘာဖြစ်နိုင်မည်နည်း
အပေါ်မှာ တင်ပြသွားသည့် သတင်းနှစ်ပုဒ်ကို လေ့လာကြည့်သောအခါ မြိုမျိုးနွယ်စုသည် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ၏ အတင်းအဓမ္မ လူဖမ်းနေသည်ကို လုံးဝ လိုလားမှုမရှိသည့်အပြင် ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုများပါ ရှိနေကြောင်း တွေ့ရပါသည်။
အကြမ်းဖက် ရခိုင်လက်နက်ကိုင်AA က အတင်းအဓမ္မ လူဖမ်းနေချိန်မှစ၍ မြိုလူငယ်ပိုင်း၊ အထူးသဖြင့် မြိုအမျိုးသားများသည် မိမိ၏ ကျေးရွာတွင် မနေရဲဘဲ ထွက်ပြေးထိန်းရှောင်နေရပါသည်။
ဖမ်းဆီးခံရသော ကျေးရွာသားများကို ပြန်လွှတ်ပေးရန် နယ်မြေမှူးရုံးအား သွားရောက်ဆန္ဒပြခဲ့သည့် ဗီဒီယိုဖိုင်များ၊ သတင်းများကို အွန်လိုင်းပေါ် မတင်ရန်၊ အွန်လိုင်းပေါ်တင်လျှင် ဖမ်းမည်ဟု နိုင်ငံရေးမှူး အောင်ပေါ်က ခြိမ်းခြောက်စကားဆိုခဲ့သည်ကို ထောက်ရှုလျှင် မနေ့က မြိုမျိုးနွယ်စု၏ ဆန္ဒပြပွဲဖြစ်လာခြင်း နောက်ကွယ်မှာ နိုင်ငံရေးမှူး အောင်ပေါ်၏ ဖိအားပေးမှုများ ရှိနေမည်မှာ မလွဲပင် ဖြစ်သည်။
မကြာသေးသောရက်များ၌အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ၏ အတင်းအဓမ္မ လူဖမ်းပွဲကို ရုန်းရင်းဆန်ခတ်ဖြစ်သည့်အထိ ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည့် မြိုလူမျိုးများ၊ အကြမ်းဖက် ရခိုင်လက်နက်ကိုင်AA ကြောင့် ရပ်ရွာမနေမရဲ ဖြစ်နေသော မြိုလူမျိုးများက တစ်လအချိန်အတွင်း အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA တပ်ထဲသို့ ဝင်ရောက်စစ်မှုထမ်းလိုကြောင်း ဆန္ဒပြတောင်းဆိုရသည့်အထိ ဖြစ်လာသည်မှာ ထူးဆန်းလှပါသည်။
အကြမ်းဖက် ရခိုင်လက်နက်ကိုင်AA တပ်၏ အဓမ္မဖိအားပေး လူဖမ်းပွဲကို ခါးခါးသီးသီး မုန်းနေသော မြိုလူမျိုးများသည် ဗုန်းခနဲထပြီး အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ကို ချစ်ရေးဆိုလာသည်ဟုဆိုသည်မှာ မြန်မာပေါ့ကားထက် အပေါ့စားဆန်သည့် ရုပ်ရှင်ပြဇာတ်ဆန်းလွန်းလှသည့်အပြင် ယခင် စစ်အာဏာရှင်အစိုးရအဆက်ဆက်၏ ရိုးဟောင်းသော အကွက်လည်း ဖြစ်သည်ဟု သုံးသပ်လိုက်ရပါသည်။
AR MEDIA GROUP
The situation of Rohingya civilians in Arakan has become a matter of serious concern, particularly…
In the Arakan (Rakhine) region, a terrorist organization known as the United League of Arakan…
Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…
Residents living across northern Arakan State and communities situated along the foothills of the Rakhine…
KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…
It has been reported that the Myanmar military forces have reportedly launched a large-scale offensive…