Categories: Blog

စစ်တွေက ရိုဟင်ဂျာဒုက္ခသည်များ စားနပ်ရိက္ခာထောက်ပံမှု မရသည်မှာ ၂ လခန့် ကြာမြင့်လာ

ပုံစာ – စစ်တွေမြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအား တွေ့ရစဉ်။

AR Media group၊ ဖေဖော်ဝါရီ ၂၆၊၂၀၂၅

အာရ်ကာန်ဒေသ၊ စစ်တွေမြို့နယ်အတွင်းက ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ထောက်ပံ့သည့် စားနပ်ရိက္ခာမရသည်မှာ ၂ လခန့် ကြာမြင့်လာ၍ ဒုက္ခသည်များမှာ စားဝတ်နေရေး အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

သဲချောင်း၊ သက္ကယ်ပြင်၊ ဘောဒူဖ၊ အုန်းတောကြီး၊ အုန်းတောချေ စသည့် ဒုက္ခသည်စခန်းများတွင် ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွက် စားနပ်ရိက္ခာထောက်ပံ့မှု မရရှိသေး၍ အခက်အခဲကြုံတွေ့နေရကြောင်း သဲချောင်းဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ တစ်ဦးက ပြောသည်။

“အဲဒီ WFP ထောက်ပံ့တဲ့ စားနပ်ရိက္ခာကိုပဲ အားကိုးနေရတာ။ အခုလို ရပ်ထားတော့ စားဝတ်နေရေး အခက်အခဲ ရှိတာပေါ့” ဟု သူက ပြောသည်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းများမှာ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် WFP , ICRC, Save the Children, MSF စသည့် အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေကြရခြင်းဖြစ်သည်။

လက်ရှိတွင် စားနပ်ရိက္ခာထောက်ပံ့မှု မရရှိသည့်အပြင် အလုပ်အကိုင်ရှားပါးမှုကြောင့် ရိက္ခာများပြတ်လပ်မှုရှိလာနေသည်ဟု ဘောဒူဖဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုဆိုရင် အကုန်လုံးနီးပါးက ဆန်တွေ ပြတ်နေကြပြီ။ အရင်ကဆိုရင် သူများဆီက ချေးငှားပြီးတော့ စားလို့ရသေးတယ်။ အခုက စခန်းတစ်ခုလုံးနီးပါး ပြတ်နေကြတာ။ မိသားစုတစ်စုမှာ ဆန် (၃) ဗူးစားတယ်ဆိုရင် အခု (၁) ဗူးကို ကျိုချက်ပြီးတော့ စားနေရတယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ် အစောပိုင်းမှစကာ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် ရခိုင်အကြမ်းဖက်လက်နက်ကိုင် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိလာပြီးနောက် ကူညီထောက်ပံ့မှုများ မရောက်ရှိတော့ခြင်းဟု ဒုက္ခသည်များက ပြောဆိုကြသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး WFP မှ တာဝန်ရှိသူများကို DMG က Email ဖြင့် ဆက်သွယ်ထားဆဲဖြစ်သည်။

တစ်ဖက်တွင် စစ်တွေမြို့နယ်ရှိ စစ်ကောင်စီက စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာ ပြည်သူ့စစ်များကို လစာပေးရန် ရိုဟင်ဂျာဒုက္ခသည်စခန်းနှင့် ကျေးရွာများထံမှ လစဉ်ကြေး အတင်းတောင်းခံနေ၍ ဒုက္ခသည်များမှာ ပို၍ အခက်အခဲနှင့်ကြုံတွေ့နေရကြောင်း ပြောသည်။

စစ်တွေမြို့နယ်က ရိုဟင်ဂျာ ဒုက္ခသည်များမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသူများ ဖြစ်သည်။

AR Media group၊

AR Media Group

Recent Posts

Rahul Gandhi Suffers Nose Injury During Protest in New Delhi

Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…

4 hours ago

Emergency Preparedness Advised as Flood and Landslide Risks Increase in Northern Arakan and Rakhine Yoma Foothill Areas

Residents living across northern Arakan State and communities situated along the foothills of the Rakhine…

4 weeks ago

Tarique Rahman, Anwar Ibrahim Hold One-on-One Meeting in Kuala Lumpur

KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…

4 weeks ago

Myanmar Airstrike Kills Seven Troops of AA Terror!sts in Kyauktaw, Arakan State

Arakan Army using it as a shelter A Myanmar military airstrike killed at least seven…

1 month ago

Myanmar Recognizes 283,086 Rohingya as Former Residents; Repatriation Timeline Remains Uncertain

Myanmar has officially recognized 283,086 Rohingya refugees currently residing in Bangladesh as "persons who previously…

1 month ago