AR Media News : ၂၀၂၅၊ဖေဖော်ဝါရီ၊၂၆ ရက်
အာရ်ကာန်ဒေသ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည့်ကျ (ဘူးရစီဒပါရာ) ကျေးရွာမှ ရိုဟင်ဂျာ လူငယ် ၃ ဦးကို AA တပ်ဖွဲ့မှ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နှစ်လကျော်အကြာတွင် ၎င်းတို့၏ ဦးခေါင်းခွံများ ၊အရိုးများ၊
ဖေဖော်ဝါရီ ၁၅ ရက်တွင် ဒေသခံများက တွေ့ရှိခဲ့ကြောင်းသတင်းရရှိပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဦးရှည့်ကျ (ဘူးရစီဒပါရာ) ကျေးရွာမှ ရိုဟင်ဂျာ လူငယ် သုံးဦးသည် ၎င်းရွာ အနောက်ဘက် ဓနိပင်တောသို့ ငှက်ဖမ်းရန် သွားရောက်ခဲ့စ် ၎င်းတို့အား အကြမ်းဖက် ရခိုင်လက်နက် ကိုင် AA မှ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးအကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ၏ စစ်ဆေးမေးမြန်းမှုအတွင်း ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းခံခဲ့ရသည်။ အလောင်းတွေကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က မြှုပ်နှံထားပါတယ်။ နောက်တစ်နေ့တွင် ရိုဟင်ဂျာလူငယ် သုံးဦး၏ မိသားစုဝင်များကို အကြမ်းဖက် ရခိုင်လက်နက်ကိုင်AA မှ ဖမ်းမိခဲ့ကြောင်း သတင်းရရှိသဖြင့်အကြမ်းဖက် ရခိုင်လက်နက် ကိုင် AA စခန်းသို့ သွားရောက်မေးမြန်းခဲ့ရာ AA စခန်းမှ တာဝန်ရှိသူတစ်ဦးက ဖမ်းမမိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက် ၂၀၂၅ ခုနစ် ပေါ့ အကြမ်းဖက် ရခိုင်လက်နက်ကိုင်AA တပ်ဖွဲ့က သတ်ဖြတ်မြှုပ်နှံထားတဲ့ ရိုဟင်ဂျာ သုံးဦးထဲက ဦးခေါင်းခွံနှင့် အရိုးတွေ ၂လနဲ့ ၈ ရက်ကြာပြီးနောက် ကျားခေါင်းတောင် (ရာဘီးလ်လာ)ရွာမှာ ရွာသားတွေက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက AR Media Groupကို ပြောပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော ရိုဟင်ဂျာများ၏အမည်ကတော့အောက်ပါအတိုင်း ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
(၁) ဖေါ်ယာစ် (ဘ) ဦးရှောမ်ရှူ (အသက် ၁၇ နှစ်)
(၂) ယာစိန်း (ဘ) ဦးအေရှော်တ်အာလီ (အသက် ၁၅ နှစ်)
(၃) ဂျာနီအာလောမ် (ဘ) ဦးအဘူအာမောတ် (အသက် ၁၅ နှစ်) တို့ဖြစ်ကြသည်
AR MEDIA GROUP
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…