AR Media Group ဧပြိလ ၆ရက်၊၂၀၂၅
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဥ်မှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က မကြုံစဖူး ခြေလှမ်းတစ်ရပ် စပြီး ပြုလုပ်လာပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက မြန်မာကနေ ထွက်ခွာသွားခဲ့ကြတဲ့ သူတွေ ဖြစ်တယ် ဆိုတာကို စိစစ် အတည်ပြုထားနိုင်တဲ့ အရေအတွက်ပေါင်း တစ်သိန်းရှစ်သောင်း ရှိတယ်ဆိုပြီး မြန်မာစစ်ကောင်စီက လက်ရှိ ဘင်္ဂလားဒေ့ရှ် ကြားဖြတ် အစိုးရထံ အသိပေးပါတယ်။
မြန်မာနိုင်ငံကို ပြန်လာဖို့ ခွင့်ပြုနိုင်တဲ့ အထိစိစစ်ထားပြီး ဖြစ်တဲ့အရေအတွက်ဟာ ၂ သိန်းနီးပါး ရှိတယ် ဆိုပြီး စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကို တရားဝင်အတည်ပြု ပြောဆိုတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း ဆက်ပြီး စိစစ်နေပါတယ်လို့လည်း ဆိုပါတယ်။
ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ နောက်ပိုင်း၊ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေး ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တိုက်တွန်း ကြိုးဖမ်းခဲ့ပေမယ့် တစုံတရာ အောင်မြင်မှု မရှိပဲ ကြန့်ကြာနေခဲ့တာကနေ အခုလို မကြုံစဖူး သိန်းနဲ့ချီတဲ့ အရေအတွက် ပမာဏ ပြန်လာလို့ ရတယ် ဆိုပြီး စစ်ကောင်စီ ဘက်က စပြီး ပြောလာတာ ဖြစ်ပါတယ်။
အခု အချိန်မှာ စစ်ကောင်စီဘက်က အဲဒီလို ပြောလာတာဟာ ဘာ့ကြောင့်ပါလဲ။ ဒီကိန်းဂဏန်းတွေကလည်း ပြောတာထက် ပိုပြီး စစ်ကောင်စီအနေနဲ့ ဒုက္ခသည် ပြန်လည် လက်ခံရေးကို တကယ်တမ်း ဆောင်ရွက်ပေးနိုင်တဲ့ အနေအထားရော ရှိပါရဲ့လား? ဆိုတဲ့ ေမးခွန်း တွက်လာ ပါေကြာင်းတင်ပြလိုက်ပါတယ်။
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…