AR Media Group ဧပြီလ ၆ ရက်၊၂၀၂၅
အာရ်ကာန်ဒေသ မောင်တောမြို့နယ်မြောက်ပိုင်း၌ အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) နှင့် အကြမ်းဖက်ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့တွင် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ သတင်းပေးပို့ချက်များအရ သိရှိရသည်။
ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့တွင် အကြမ်းဖက်ရခိုင်လက်နက်ကိုင် (အေအေ) ၏ အဖွဲ့ဝင် ခန့်မှန်းခြေ ၆၅ ဦးကျော်က လဘာဝကျေးရွာအနီးရှိ အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (အာဆာ) ၏ စခန်းတစ်ခုအား တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတိုက်ခိုက်မှုကြောင့် အာဆာဖက်မှ တစ်ဦး သေဆုံးခဲ့ပြီး လက်နက် ၂ လက်နှင့် တပ်မတော်ဝတ်စုံများကိုလည်း သိမ်းဆည်းရမိခဲ့သည်။
“မောင်တောမြို့နယ်မြောက်ပိုင်းရှိ သက်ကိုင်းညှာရွာအနီးတဝိုက်တွင် ပြီးခဲ့သည့် ဧပြီလ ၄ ရက် နံနက် ၁၀ နာရီမှ ညနေ ၁၁ နာရီကျော်အထိ ARSA နှင့် AA တို့အကြား အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်” ဟု ထိုဒေသခံတစ်ဦးက AR Media Group သို့ သတင်းပေးပို့ခဲ့သည်။
AA အဖွဲ့ဝင် ၄၅ ဦးခန့်သည် ဧပြီလ ၄ ရက် နံနက်အစောပိုင်းတွင် ARSA ကိုတိုက်ခိုက်ရန် သက်ကိုင်းညှာရွာကို ဖြတ်၍ သွားနေစဉ် ARSA အဖွဲ့ဝင် ၁၀၀ ဦးခန့်က ဝန်ရံပြီး တိုက်ခိုက်ခဲ့သောကြောင့် အပြန်အလှန် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်ရခိုင်လက်နက်ကိုင်AA အဖွဲ့ဝင်များအားလုံး သေဆုံးခဲ့ကြောင်း ဆိုသည်။
နောက်တစ်ကြိမ်တွင် AA အဖွဲ့ဝင် ၅၀ ဦးခန့်သည် ထိုနေရာသို့ ရောက်ရှိလာကာ ARSA အဖွဲ့ဝင်များကို ထပ်မံ တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင်အကြမ်းဖက်ရခိုင်လက်နက်ကိုင်AA အဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ကျန်အဖွဲ့ဝင်များက တစ်ချိုးဒက်ရာဖြင့် ပြန်ဆုတ်ကာ သက်ကိုင်းညှာရွာအတွင်း၌ နေရာချထားသည်ကို မြင်တွေ့ရသည်။
“ဧပြီလ ၅ ရက် နံနက် ၃ နာရီမှ ၇ နာရီအထိ သေဆုံးသူများနှင့် ဒက်ရာရသူများကို တီဘာကား နှစ်စီးဖြင့် မောင်တောမြို့တောင်ပိုင်းသို့ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ယူဆောင်သွားသည်” ဟု မျက်မြင်သက်သေဒေသခံတစ်ဦးက AR Media Group ကို ပြောသည်။
အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (အာဆာ) ၏ ပြောကြားချက်အရ “အာဆာအဖွဲ့ဝင်များသည် အကြမ်းဖက်ရခိုင်လက်နက်ကိုင်(AA) ကို ပြီးခဲ့သော ဧပြီလ ၄ ရက်နေ့တွင် တန်ပြန်တိုက်ပွဲစတင်ခဲ့သည်။ ထိုတိုက်ပွဲ တွင်အကြမ်းဖက်ရခိုင်လက်နက်ကိုင်A A၏ အဖွဲ့ဝင် ၆၀ ကျော်သေဆုံးခဲ့ပြီး ၄ ဦးအား အသက်ရှင်လက်ရဖမ်းဆီးနိုင်ခဲ့သည်။”
မတ်လ ၂၉ ရက်နေ့မှစ၍ ယနေ့အထိ မောင်တောမြောက်ပိုင်းနှင့် ဘူးသီတောင်မြို့နယ်များတွင် ARSA နှင့်အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောဆိုထားသည်။
ဧပြီလ ၄ ရက်နေ့မှာ အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (အာဆာ) အဖွဲ့ဝင်တွေက အကြမ်းဖက်ရခိုင်လက်နက်ကိုင်(အေအေ) ကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံ ဆိုရှယ် မိဒီယာ ၌ ပျံနှံနေပါတယ်။
AR Media Group
The situation of Rohingya civilians in Arakan has become a matter of serious concern, particularly…
In the Arakan (Rakhine) region, a terrorist organization known as the United League of Arakan…
Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…
Residents living across northern Arakan State and communities situated along the foothills of the Rakhine…
KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…
It has been reported that the Myanmar military forces have reportedly launched a large-scale offensive…