AR Media Group ဧပြီ ၆ ရက် /၂၀၂၅
အကြမ်းဖက် ရခိုင်လက်နက်ကိုင် (AA)သိမ်းပိုက်ထားတဲ့ မောင်တောမြို့က Myint Brother ကုမ္ပဏီပိုင် သစ်စက်၊ သစ်စိုက်ခင်းနဲ့ နေအိမ်တွေအားလုံးကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ချိတ်ပိတ်လိုက်ပြီလို့ သိရပါတယ်။ Myint Brother ကုမ္ပဏီရဲ့ မောင်တောမြို့နယ်မြောက်ပိုင်း ပြားသားကျေးရွာမှာရှိတဲ့ သစ်စက်၊ မောင်တော-ဘူးသီတောင်လမ်း ၅ မိုင်အကျော်မှာရှိတဲ့ သစ်မျိုးစုံစိုက်ခင်း၊ မောင်တော ၃ မိုင်က နေအိမ်၊ ကညင်းတန်းမှာရှိတဲ့နေအိမ်တွေနဲ့ သူတို့ပိုင် အဆောက်အအုံတွေအားလုံးကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က အခုဧပြီလဆန်းပိုင်းကနေစပြီး ချိတ်ပိတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မောင်တောဒေသခံတစ်ယောက်က “သူတို့မိသားစုပိုင်တဲ့ သစ်စက်၊ သစ်စိုက်ခင်းနဲ့ နေအိမ်တွေအားလုံးကို အာရက္ခတော်လှန်ရေးပြည်သူ့အစိုးရပိုင်အဖြစ် ချိတ်ပိတ်တဲ့စာတွေကပ်ထားတာတွေ့ရတယ်”လို့ ပြောပါတယ်။ Myint Brother ကုမ္ပဏီရဲ့ညီအစ်ကိုတွေဖြစ်ကြတဲ့ ဦးထွန်းမြင့်သိန်း၊ ဦးအောင်မြင့်သိန်းနဲ့ ဦးနိုင်မြင့်သိန်း တို့အနက် ဦးအောင်မြင့်သိန်းဟာ စစ်ကောင်စီရဲ့ မောင်တောခရိုင်ကောင်စီဝင်တစ်ယောက်လည်းဖြစ်ပါတယ်။
သူတို့ညီအစ်ကိုတွေမှာ Myint Brother ကုမ္ပဏီအပြင် ကုမ္ပဏီနာမည်ခွဲများစွာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ စစ်ခရိုနီအစစ်တွေပေါ့ဗျာ။ လုပ်ပိုင်ခွင့်တွေကို စစ်ခေါင်းဆောင်တွေနဲ့ ပေါင်းလုပ်စားလာတာ ခေတ်အဆက်ဆက်ရှိနေပြီ။ ကညင်ချောင်းစီးပွားရေးဇုန်တည်ဆောက်ဖို့ ချပေးတဲ့ဘဏ္ဍာငွေတွေကိုလည်း ငကြင်းကို ငကြင်းဆီနဲ့ ပြန်ကြော်ပြီး အမြတ်အစွန်များစွာရရှိသွားတာ”လို့ ဒီအကြောင်းကိုသိရှိထားတဲ့ မောင်တောဒေသခံတစ်ယောက်က ထပ်ပြောပါတယ်။
AR Media Group
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…