Categories: Blog

၈နှစ်ကြာမှ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က မကြုံစဖူး ခြေလှမ်းတစ်ရပ် စပြီး

AR Media Group ဧပြိလ ၆ရက်၊၂၀၂၅

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဥ်မှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က မကြုံစဖူး ခြေလှမ်းတစ်ရပ် စပြီး ပြုလုပ်လာပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက မြန်မာကနေ ထွက်ခွာသွားခဲ့ကြတဲ့ သူတွေ ဖြစ်တယ် ဆိုတာကို စိစစ် အတည်ပြုထားနိုင်တဲ့ အရေအတွက်ပေါင်း တစ်သိန်းရှစ်သောင်း ရှိတယ်ဆိုပြီး မြန်မာစစ်ကောင်စီက လက်ရှိ ဘင်္ဂလားဒေ့ရှ် ကြားဖြတ် အစိုးရထံ အသိပေးပါတယ်။

မြန်မာနိုင်ငံကို ပြန်လာဖို့ ခွင့်ပြုနိုင်တဲ့ အထိစိစစ်ထားပြီး ဖြစ်တဲ့အရေအတွက်ဟာ ၂ သိန်းနီးပါး ရှိတယ် ဆိုပြီး စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကို တရားဝင်အတည်ပြု ပြောဆိုတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း ဆက်ပြီး စိစစ်နေပါတယ်လို့လည်း ဆိုပါတယ်။

ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ နောက်ပိုင်း၊ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေး ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တိုက်တွန်း ကြိုးဖမ်းခဲ့ပေမယ့် တစုံတရာ အောင်မြင်မှု မရှိပဲ ကြန့်ကြာနေခဲ့တာကနေ အခုလို မကြုံစဖူး သိန်းနဲ့ချီတဲ့ အရေအတွက် ပမာဏ ပြန်လာလို့ ရတယ် ဆိုပြီး စစ်ကောင်စီ ဘက်က စပြီး ပြောလာတာ ဖြစ်ပါတယ်။

အခု အချိန်မှာ စစ်ကောင်စီဘက်က အဲဒီလို ပြောလာတာဟာ ဘာ့ကြောင့်ပါလဲ။ ဒီကိန်းဂဏန်းတွေကလည်း ပြောတာထက် ပိုပြီး စစ်ကောင်စီအနေနဲ့ ဒုက္ခသည် ပြန်လည် လက်ခံရေးကို တကယ်တမ်း ဆောင်ရွက်ပေးနိုင်တဲ့ အနေအထားရော ရှိပါရဲ့လား? ဆိုတဲ့‌ ‌ေမးခွန်း တွက်လာ ပါ‌ေကြာင်းတင်ပြလိုက်ပါတယ်။

AR Media Group

Editor

Recent Posts

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ပညာရေးအရည်အချင်းမြှင့်တင်ရေး စာစစ်ဘုတ်အဖွဲ့အသစ်ဖွဲ့စည်း

AR Media Group မေလ ၂ ရက်၊၂၀၂၅ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် တည်နေထိုင်နေသော ရိုဟင်ဂျာဒုက္ခသည်များ၏ ပညာရေးအရည်အချင်းများ မြှင့်တင်နိုင်ရေးအတွက် စာမေးပွဲစစ်ဆေးမှုများကို ညှိနှိုင်းပြီး ဗဟိုစနစ်ဖြင့်…

2 months ago