AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။
ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့ တပ်အင်အား၊ လက်နက်ခဲယမ်း၊ လက်နက်ကြီးတွေနဲ့ ဒရုန်းတွေ အပါအဝင် အင်အား ဖြည့်တင်းနေတယ် လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့တွင် မင်္ဂလာကြီး၊ ကျောက်လှေကား၊ ပြင်ဖြူ ၊ ပေါင်းဇား၊ လှဘော်ဇား၊ သရက်အုပ်နဲ့ ရွှေဇား ကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို လှဖိုးခေါင်းကယ်ဆယ်ရေးစခန်းရှေ့က ရခိုင်လက်နက်ကိုင် AAရဲ့ နခခ(၁၀) သို့ ဆင့်ခေါ်ပြီး အစည်းအဝေးတစ်ရပ် လုပ်ခဲ့တယ်လို့ သိရပါတယ်။
” အစည်းအဝေးအတွင်း ရခိုင်လက်နက်ကိုင် AA တပ်ရင်းမှူးက အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်တယ်။ ဘင်္ဂလားဖက်မှ လူတွေ အဝင်မခံနိုင်အောင် လုံခြုံရေး တိုးမြင့်ထားတယ်။ ဘယ်သူလာလာ တွေ့ရင် ပစ်မယ်။ အကယ်၍ ဘင်္ဂလားဖက်မှ စစ်ဘေးရှောင် တစ်ဦးဦး ကျေးရွာအတွင်း ရောက်ရှိလာတဲ့ သတင်းတွေ ကြားရင် အဲ့ဒီကျေးရွာအုပ်ချုပ်ရေးမှုးကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်။ အာရ်ကာန်ဖက်မှ ဘင်္ဂလားဖက်သို့ ထွက်သူတွေရှိရင် ထွက်ခွင့်ရှိတယ်။ အယောက် ၅၀၀ – ၁၀၀၀ ဖြစ်ဖြစ် နေ့ရောညပါ ထွက်ခွင့်ရှိတယ်။ ဘင်္ဂလားဖက်မှ မောင်တောဖက်သို့ လုံးဝ ဝင်ခွင့်မရှိဘူးလို့ AA တပ်ရင်းမှုးက ခြိမ်းခြောက်ပြောလိုက်ပါ တယ်” လို့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့တယ်။
ထို့သို့ ရခိုင်လက်နက်ကိုင် AAက နယ်စပ်ကို ပိတ်ပင်လိုက်တာကြောင့် ရခိုင်လက်နက်ကိုင် AA ခွင့်ပြုချက်နဲ့ ဆေးကုသမှုတွေ ခံယူဖို့ သွားခဲ့တဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားနယ်စပ်မှာ သောင်တင်နေတယ်။ သူတို့တွေက ရခိုင်လက်နက်ကိုင် AA ခွင့်ပြုချက်နဲ့ သွားခဲ့တာ၊ ခွင့်ပြုချက်အတွက် ၂ သိန်းမှ ၃ သိန်းအထိ AA နယ်မြေမှူးတွေကို ပေးဆောင်ခဲ့ပြီး ဆေးကုသဖို့ သွားခဲ့တာပါ။ခုတော့ ရခိုင်လက်နက်ကိုင် AA က နယ်စပ်ကို ပိတ်ပင်လိုက်တာကြောင့် မိမိနေရပ်သို့ ပြန်လာဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင်လက်နက်ကိုင် AA ခွင့်ပြုချက်နဲ့ ဆေးကုသဖို့ သွားခဲ့သူတွေရဲ့ မိသားစုဝင်တွေက ဆိုကြပါတယ်။
ထို့အပြင် ရခိုင်လက်နက်ကိုင် AA က မောင်တောမြောက်ပိုင်းစွန်းသို့ တပ်အင်အား၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေအပါအဝင် တခြား လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်။ မောင်တောတွင် တပ်စွဲထားတဲ့ ရခိုင်လက်နက်ကိုင် AA စခန်းတွေမှ တပ်သားတွေ ထက်ဝက်ကျော်ကျော်ကို ပြောင်းရွှေ့နေတာပါ။ မောင်တောတောင်ပိုင်းနဲ့ ဘူးသီးတောင်မြို့နယ်မှလည်း အများအပြား စစ်ကားတွေဖြင့်လည်း တပ်အင်အားတွေ ဖြည့်တင်းနေတယ်။ လက်ရှိ ရခိုင်လက်နက်ကိုင် AA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ယခင်နဲ့ သိပ်ကွာခြားနေတယ်လို့ မျက်မြင်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
AR Media Group
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…