AR Media Group ၕပြီလ ၀၁ ၊ ၂၀၂၅
အာဆီယံ သဘာပတိ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အတူ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေး ဧပြီလ ၅ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း အာဆီယံက မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
မြန်မာ နဲ့ ထိုင်းနိုင်ငံက အင်အားပြင်း ငလျင်ဒဏ်ခံခဲ့ရသူတွေ အရေး နဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မတ်လ ၃၀ ရက်နေ့က အရေးပေါ် အထူးအစည်းအဝေး ကျင်းပပြီးနောက် ထုတ်ပြန်လိုက်တာပါ။ အစည်းအဝေးမှာ အာဆီယံဝန်ကြီးတွေက ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာ နဲ့ ထိုင်း နိုင်ငံက အထူးသဖြင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ဘန်ကောက်၊ ချင်းမိုင် နဲ့ အနီးတဝိုက်ဒေသတွေက ထိခိုက် သေဆုံးမှုတွေ ပျက်စီးမှုတွေအတွက် အထူး ဝမ်းနည်းကြေကွဲကြောင်း ပြောဆိုခဲ့ကြပါတယ်။
အခုအချိန် တွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စည်းလုံးညီညွတ်စွာ နဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူ တွေကို ကူညီဖို့ သံဓိဌာန်ချထားကြောင်းလည်း ပြောပါတယ်။ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးစင်တာ က အရေးပေါ် ထောက်ပံ့ပို့ဆောင်ရေးစနစ် က တဆင့် ကယ်ဆယ်ရေးပစ္စည်းတွေ စုစည်း ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးအတွက် လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု အရေးကြီးကြောင်း နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့ရေးအတွက် အာဆီယံဝန်ကြီးတွေက မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးကို တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အကူအညီနဲ့ လိုအပ်တဲ့ လူသားချင်းစာနာမှု တွေ အချိန်နဲ့တပြေးညီ ထိထိရောက်ရောက်ပံ့ပိုးနိုင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ကတိကဝတ်ပြုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
အေးဒီ အစည်းအဝေးကို စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ပြီး လက်ရှိ ငလျင်ဘေး ကယ်ဆယ် ဆောင်ရွက်နေတဲ့အခြေအနေတွေကို ရှင်းပြခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က ပြင်းအားကြီး ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင် ၁၆၉ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ ထိုင်း မိုးလေဝသဌာန ရဲ့ ငလျင်ဌာနက ထုတ်ပြန်ပါတယ်။
မတ်လ ၃၀ ရက် တနင်္ဂနွေနေ့ မွန်းလွဲ ၁ နာရီအထိ စုစုပေါင်း ငလျင်လှုပ်ခတ်မှု ၁၆၉ ကြိမ်ရှိခဲ့ပြီး ပြင်းအား ၁ ကနေ ၇ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြင်းအား ၁ ကနေ ၅ ကြား နောက်ဆက်တွဲငလျင် ၁၆၂ ကြိမ် လှုပ်ခတ်ခဲ့ပြီး၊ ပြင်းအား ၅ ကနေ ၆ ကြား ငလျင် ၆ ကြိမ်၊ ပြင်းအား ၇ နဲ့အထက် ၁ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပင်မငလျင်ဟာ မတ်လ ၂၈ ရက် သောကြာနေ့မှာ မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်သွားခဲ့ပြီး ပြင်းအား ၈.၂ ရှိခဲ့တယ်လို့ ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
AR Media Group
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…