Categories: Blog

လှဖိုးခေါင်စခန်းမှာ အကြမ်းဖက် ရခိုင်လက်နက်ကိုင်ဗျူဟာမှူးအဆင့် အရေးပေါ် အစည်းအဝေး

AR Midea Group ၕပြီလ ၀၁ ၊ ၂၀၂၅

မောင်တောမြို့နယ် လှဖိုးခေါင်းကယ်ဆယ်ရေးစခန်းမှာ ခရိုင်အသီးသီးမှ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA/ULA ဗျူဟာမှူးတွေကို ခေါ်ယူပြီး မတ်လ ၃၀ ရက်နေ့တွင် အရေးပေါ် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့တယ်လို့ သိရှိရပါတယ်။ မတ် ၃၀ ရက်၊ မနက်ပိုင်းတွင် ၊ခရိုင်အသီးသီးမှ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA/ULA ဗျူဟာမှူး(၈) ဦးအပါအဝင် အကြီးအကဲတွေ မောင်တော လှဖိုးခေါင်စခန်းမှာ ရောက်လာပြီး အာရ်ကာန်-ဘဂ်လားနယ်စပ်လုုခြုံရေး အတွက် လျှို့ဝှက်စွာ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့တယ်၊

တစ်ဖန် မတ်လ ၃၀ ရက်နေ့ နေလယ်ပိုင်းတွင် မောင်တောမြို့နယ်မြောက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို လှဖိုးခေါင်ကယ်ဆယ်ရေးစခန်းမှာ ခေါ်ယူပြီး အစည်းအဝေးကျင်းပခဲ့စဥ် ဘူးသီးတောင်မြို့နယ်တွင် တာဝန်ကျနေတဲ့ ဗျူးဟာမှူးက နယ်စပ်လုံခြုံရေးကို အကြောင်းပြကာ အချက်(၃) ချက် မိန်းခွန်းတွင် ပြောကြားခဲ့တယ်။ ပထမအချက်မှာ အာရ်ကာန်-ဘဂ်လားနယ်စပ်ဒေသတွင် လုံခြံရေးတပ်ဖွဲ့တွေ တိုးမြင့်ပြီး တင်းတင်းကျပ်ကျပ် လုပ်မယ်။ AA စစ်ဆေးရေးဂိတ်တွေ ဖြတ်ကျော်ပြီး သွားလာနေမဲ့ ပြည်သူတွေ စစ်ဆေးခံရမယ်။ ခရီးဝေး သွားလာမဲ့ ပြည်သူတွေ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးရဲ့ ထောက်ခံချက် ပါမှ သွားလာခွင့်ပြုမယ်။

ဒုတိယအချက်မှာ နယ်စပ်ကို လုံးဝ(လုံးဝ) အဝင်အထွက် ပိတ်ပင်လိုက်မယ်။ အာရ်ကာန်-ဘဂ်လားဖက် နယ်စပ်ကို ဖြတ်ကျော်စဥ် တွေ့ရှိပါက သေနတ်ပစ်မယ်။ နယ်စပ်ကို ယနေ့မှစပြီး အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာကို ရိုဟင်ဂျာ တွေကို အသိပေးချင်တယ်လို့ ပြောပါတယ်။ တတိယအချက်ကတော့ မည်သည့်ရွာတွင် ရိုဟင်ဂျာလက်နက်ကိုင်တွေ ပုန်းကွယ်ဝင်ရောက်လာမယ့်ဆိုရင် ချက်ချင်း AA ကို အသိပေးရမယ်၊ ဒါမှမဟုတ်ရင် ဖမ်းဆီးပြီး AA ဆီ ပို့ပေးရမယ်။ ဒါမှသာ မင်းတို့ ရိုဟင်ဂျာ ရွာသားတွေ အေးချမ်းစွာ နေထိုင်လို့ ရမယ်။ အကယ်၍ အာဆာဖြစ်ဖြစ် ဘယ်ရိုဟင်ဂျာလက်နက်ကိုင်တွေ ရောက်လာပုန်းကွယ် နေတာကို ကြားသိရင် (သို့) AAတပ်စခန်းကို ချုံခိုတိုက်ခိုက်လာပါက လက်နက်ကိုင် နဲ့ ပြည်သူတွေအား မခွဲခြားပဲ အကုန်လုံးကို ရှင်းလင်းသွားမှာကို ကြိုတင်အသိပေးချင်တယ် ဟုပြောသွားပါတယ်။

ယခု ဘူးသီးတောင်-မောင်တောမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေမှာ အသက်စိုးရိမ်ဖွယ်ရာ မြင့်တက်လာပြီး အစားအသောက်ပျက်၊ အအိပ်ပျက် အခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေက မျက်ခြေမပြတ် အနီးကပ် စောင့်ကြည် လေ့ လာ နေဖို့ အရေးကြီးကြောင်း ရိုဟင်ဂျာ အရေးလေ့လာစောင့်ကြည့်သူတွေက ပြောဆိုနေပါတယ်။

AR Midea Group

Karim Sha

Recent Posts

BGB Seizes Yaba Shipment and Weapons Following Border Clash with Alleged RSO Members

The Rohingya Solidarity Organization, among the groups, has been operating in public and government view…

14 hours ago

ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ AA က ရိုဟင်ဂျာအရပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွား

AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…

1 day ago

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီး ပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံး

AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…

2 days ago

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ခါလီလူရာမန်သည် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရ

AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…

2 days ago

Rohingya Residents Report Extortion and Misconduct by ULA Terrorist Deputy Township Official in Northern Maungdaw

AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…

4 days ago

Two Rohingya Youths reportedly arrested by the Arakan Army Terrorists (AA) in northern Maungdaw

AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…

5 days ago