AR Media Group ၕပြီလ ၀၁ ၊ ၂၀၂၅
အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် Arakan Rohingya Salvation Army (ARSA) က အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ကို တိုက်ခိုက်ခဲ့တယ်လို့ ရုပ်သံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
အာဆာက ထုတ်ပြန်ထားတဲ့ ၂၉.၃.၂၀၂၅ ရက်စွဲတပ် ရုပ်သံတွင် ဆိုက်ကယ်စီးလာတဲ့ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ကင်းလှည့် တပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်ပြီး လက်နက်တွေကို ယူဆောင်သွားတာ တွေ့ရပါတယ်။
အာဆာ ခြုံခိုတိုက်ခိုက်ခဲ့တဲ့နေရာက မီးတိုက်ကျေးရွာအနီး တောင်ပြို – ကြိမ်ချောင်း ကားလမ်းတစ်နေရာမှာ ဖြစ်တယ်လို့ သိရပါတယ်။
အာဆာအာဘော်တွေ ရေးသား ဖြန့်ချိရေးလေ့ရှိတဲ့ “မျိုးဆက်သစ်အာရကန်ရိုဟင်ဂျာ” ဖေ့ဘုတ်စာမျက်နှာက အာဆာရဲ့ ၂၉ရက်နေ့ ရက်စွဲပါ ဆိုက်ကယ်စီးလာတဲ့ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ကင်းလှည့်တပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံနဲ့အတူ မတ်လ ၂၉ ရက်နေ့အတွင်း အာဆာနဲ့ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့ပြီး၊ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးကာ တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ကြောင်းနဲ့ အာဆာက အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း အရှင်ဖမ်းဆီးထားနိုင်ခဲ့တယ်လို့ ရေးသား ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အာဆာခေါင်းဆောင် အာတာအူလာနဲ့ အာဆာရဲ့ ဘာသာရေးဆရာ မော်လဝီမုစ်သဒ်တို့အပါအဝင် ထိပ်တန်းတွေကို ဖမ်းဆီးပြီးအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။
လောလောဆယ် အာဆာခေါင်းဆောင်အဖြစ် ဘယ်သူဘယ်ဝါဆိုတာမျိုး အာဆာဘက်က မထုတ်ပြန်သေးပေမယ့် Sheik Burkhan က ယာယီဦးဆောင်နေတယ်လို့ အာဆာနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ကင်းလှည့်ဆိုက်ကယ်ကို အာဆာဘက်က ခြုံခိုတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အကြမ်းဖက်ရခိုင်လက်နက်ကိုင် ULA/AA က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
AR Media Group
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…