AR Media Group ၕပြီလ ၀၁ ၊ ၂၀၂၅
အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် Arakan Rohingya Salvation Army (ARSA) က အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ကို တိုက်ခိုက်ခဲ့တယ်လို့ ရုပ်သံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
အာဆာက ထုတ်ပြန်ထားတဲ့ ၂၉.၃.၂၀၂၅ ရက်စွဲတပ် ရုပ်သံတွင် ဆိုက်ကယ်စီးလာတဲ့ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ကင်းလှည့် တပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်ပြီး လက်နက်တွေကို ယူဆောင်သွားတာ တွေ့ရပါတယ်။
အာဆာ ခြုံခိုတိုက်ခိုက်ခဲ့တဲ့နေရာက မီးတိုက်ကျေးရွာအနီး တောင်ပြို – ကြိမ်ချောင်း ကားလမ်းတစ်နေရာမှာ ဖြစ်တယ်လို့ သိရပါတယ်။
အာဆာအာဘော်တွေ ရေးသား ဖြန့်ချိရေးလေ့ရှိတဲ့ “မျိုးဆက်သစ်အာရကန်ရိုဟင်ဂျာ” ဖေ့ဘုတ်စာမျက်နှာက အာဆာရဲ့ ၂၉ရက်နေ့ ရက်စွဲပါ ဆိုက်ကယ်စီးလာတဲ့ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ကင်းလှည့်တပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံနဲ့အတူ မတ်လ ၂၉ ရက်နေ့အတွင်း အာဆာနဲ့ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့ပြီး၊ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးကာ တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ကြောင်းနဲ့ အာဆာက အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း အရှင်ဖမ်းဆီးထားနိုင်ခဲ့တယ်လို့ ရေးသား ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အာဆာခေါင်းဆောင် အာတာအူလာနဲ့ အာဆာရဲ့ ဘာသာရေးဆရာ မော်လဝီမုစ်သဒ်တို့အပါအဝင် ထိပ်တန်းတွေကို ဖမ်းဆီးပြီးအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။
လောလောဆယ် အာဆာခေါင်းဆောင်အဖြစ် ဘယ်သူဘယ်ဝါဆိုတာမျိုး အာဆာဘက်က မထုတ်ပြန်သေးပေမယ့် Sheik Burkhan က ယာယီဦးဆောင်နေတယ်လို့ အာဆာနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ကင်းလှည့်ဆိုက်ကယ်ကို အာဆာဘက်က ခြုံခိုတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အကြမ်းဖက်ရခိုင်လက်နက်ကိုင် ULA/AA က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
AR Media Group
Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…