AR Media Group – ဧပြီ ၁ ရက်၊ ၂၀၂၅။
အာရ်ကန်ဒေသ၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ မြောတောင်ကျေးရွာ (ဆာလီးဖာရင်း)တွင် အိမ်ခြေ (၅၀) ရှိ ရိုဟင်ဂျာတွေကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၇) ရက်နေ့က အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ရွာကနေ အတင်းအဓမ္မ နှင်ထုတ်လိုက်ခဲ့ပြီးနောက် ယ္ခုတစ်ဖန် AA က တပ်ရင်းသစ်တစ်ခု တည်ဆောက်နေတယ်လို့ သိရှိရပါတယ်။
မြောတောင်ကျေးရွာ (ဆာလီးဖာရင်း)ရှိ ရိုဟင်ဂျာတွေကို နှင်ထုတ်ပြီးနောက် လယ်မြေတွေ၊ မွေးမြူးရေးကန်တွေ၊ ပိုင်ဆိုင်မှုတွေကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က သိမ်းယူလိုက်ပြီး ရခိုင်တွေကို လုပ်စားဖို့ ပေးထားတယ်။ ခုတော့ ရိုဟင်ဂျာတွေရဲ့ ပိုင်ဆိုင်မှုတွေကို ရခိုင်တွေက လုပ်စားနေကြတဲ့အပြင် ၎င်းကျေးရွာမှာ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA တပ်ရင်းတစ်ခု ဆောက်လုပ်နေတယ်။ ဆောက်နေစဥ် ၎င်းရွာတွင် ထားခဲ့ရစ်တဲ့ ရိုဟင်ဂျာတွေရဲ့ သစ်တောတွေကို ခုတ်ယူပြီး ဆောက်နေတာပါ။ ဘဂ်လားဖက်မှ ဘိလပ်မြေတွေ၊ သံချောင်းတွေ သွင်းပြီး အဲ့ရွာမှာ ရိုဟင်ဂျာတွေပိုင် သစ်တောတွေမှ သစ်သားတွေ စုစည်းကာ ခံတပ်၊ ကာကင်းစခန်း၊ ရဲတပ်ရင်းအသစ်တွေ ဆောက်နေပါတယ်လို့ သတင်းရင်းမြစ်တစ်ခုကAR Media ကို ပြောတယ်။
ထို့အပြင် မောင်တော မြောက်ပိုင်းတစ်ခုလုံး စစ်ကောင်စီကို တိုက်ထုတ်ကတည်းကပင် ညနေ ၁၀ နာရီမှ နံနက် ၇ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာ ရှိခဲ့ပေမယ့် ခုတော့ ညနေ ၆ နာရီကနေ နံနက် ၆ နာရီထိ ယမန်နေ့ မတ်လ ၃၁ ရက်နေ့က ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်ခဲ့တဲ့အပြင် မောင်တောမြောက်ပိုင်းတစ်ခုလုံးကို နယ်မြေရှင်းလင်းရေး ပြုလုပ်ဖို့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ဖက်က ပြင်ဆင်နေတယ်လို့ တောင်ပြိုလက်ဝဲမြို့ခံ မြိုအမျိုးသား တစ်ဦးက ပြောပြတယ်။
မတ် ၂၉ ရက်နေ့ နေ့လယ်ပိုင်း မီးတိုက်ကျေးရွာအနီး ကင်းလှည့်နေတဲ့ အေအေတပ်သား ၅ ဦးကို အာဆာက ခြုံခိုတိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA တပ်သား ၂ ဦးကို သေဆုံးခံရခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်။ သေဆုံးသွားခဲ့တဲ့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် အေအေပ်ဖွဲ့နှစ်ဦးရဲ့ လက်နက်တွေ ယူဆောင်သွားပုံရဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို လူမှုကွန်ရက်ပေါ်တွင် ပျံနှံနေပါတယ်။
အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ရိုဟင်ဂျာတွေကို အမိုးဖွင့်အကျဥ်းထောင်ကဲ့သို့ သွားလာရေး ကန့်သတ်ထားခြင်း၊ ရွာတွေကနေ နှင်ထုတ်လိုက်ပြီး ပိုင်ဆိုင်မှုတွေကို သိမ်းယူနေခြင်း၊ အတင်းလုပ်အားပေးနေရခြင်းတို့က ရိုဟင်ဂျာတွေရဲ့ လွတ်လပ်မှု၊ လုံခြုံမှုကို ထိပါးနေပြီး စစ်အာဏာရှင် ခေတ်အဆက်ဆက်က လုပ်ခဲ့တဲ့ပုံစံမျိုးဖြစ်နေတယ်” လို့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက သုံးပြောဆိုပါတယ်။
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…