Categories: Blog

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး မြန်မာမှာ စောလျင်စွာ နိုင်ငံရေးအဖြေရှာဖို့ ကုလကိုယ်စားလှယ် တောင်းဆို

AR Media- ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၅။

ရိုဟင်ဂျာတွေ မိခင်တိုင်းပြည်သို့ ပြန်နိုင်စေရေး မြန်မာနိုင်ငံမှာ စောလျင်စွာ နိုင်ငံရေးအဖြေရှာဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်က တောင်း ဆိုလိုက်ပါတယ်။

ဒါကာမြို့တော်မှာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးအကြံပေး တော်ဟစ်ဟူ စိန်နဲ့ တွေ့ဆုံစဉ်မှာ သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။

ဂျူလီဘစ်ရှော့ပ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်ရက်ကြာခရီးစဉ် ရောက်ရှိနေပြီး တနင်္လာနေ့မှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတွေက ရိုဟင်ဂျာအရေး အလေးထားလာဖို့ လုပ်ဆောင်နေပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ အဆိုပြုထားတဲ့ ကုလသမဂ္ဂညီလာခံက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လုံလောက်သော အရှိန်အဟုန်ရရှိ မယ်လို့ မျှော်လင့်ကြောင်း ၎င်းက ပြောပါတယ်။

နည်းလမ်းအမျိုးမျိုးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သက်ရောက်မှုဖြစ်စေတဲ့ ရိုဟင်ဂျာအရေး တာရှည်ခံ သော အဖြေရှာရာမှာ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်ရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လို့ တော်ဟစ်ဟူစိန်က ပြောပါတယ်။

ရိုဟင်ဂျာအရေး တာရှည်ခံသော အဖြေမရှာနိုင်မှုက မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကို သက်ရောက်စေ ယုံသာမက ဒေသတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို မတည်မငြိမ်ဖြစ်စေတယ်လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်ကောင်စီနဲ့ အာရက္ခတပ်တော်ကြား တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာ ၁၀၀၀၀၀ ဝန်းကျင်ဟာ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံဖို့ နယ်စပ်တွေကို ဖြတ်ကျော်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ထပ်တိုး ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့တယ်လို့ ကြားဖြတ်အစိုးရ အကြီးအကဲ မိုဟာ မက်ယူနွတ်က ပြီးခဲ့တဲ့လအတွင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်ကောင်စီအပေါ် အရှိန်မြှင့် ဖိအားပေးမှုက မြန်မာနိုင်ငံမှာ ပဋိပက္ခ အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးနိုင်မှာဖြစ်ပြီး အိမ်နီးချင်းတိုင်းပြည်တွေဟာ မြန် မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးမှာ သိသာတဲ့ အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်နိုင်တယ်လို့ တော်ဟစ်ဟူ စိန်က ပြောပါတယ်။

ကိုးကား – Anadolu

AR Media Daily News

Editor

Recent Posts

စခန်း 20 တွင် လူများစုဝေးရာ ရိုဟင်ဂျာ လေးဦး သေဆုံးခဲ့သည်။

AR MEDIA GROUP မတ်လ ၁၄ ရက် ၊ ၂၀၂၅ ရိုဟင်ဂျာဒုက္ခသည်စခန်း 20 တွင် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ရာ လူ ခုနစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်။…

3 hours ago

ရိုဟင်ဂျာအရေး ဆောင်ရွက်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ်ကို BROUK တောင်းဆို

AR Media Group မတ်လ ၁၃ ရက် ၊ ၂၀၂၅ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဖို့ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကို ရိုဟင်ဂျာအရေးနဲ့…

21 hours ago

နယ်စပ်ခြံစည်းရိုးနားတွင် စစ်လက်ကျန်ဗုံးပေါက်ကွဲလို့ ရိုဟင်ဂျာ ၁ ဦးခြေထောက်တစ်ဖက် ပြတ်ထွက်သွား

AR Media News - မတ်လ ၁၃ ရက်၊ ၂၀၂၅ ။ အာရ်ကာန်ဒေသ ၊ မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာရဲ့ အနောက်ဖက်ရှိ နယ်စပ်ခြံစည်းရိုးနားတွင်…

21 hours ago

ဘင်္ဂလားဒေ့ရှ်ခရီးအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလအကြီးအကဲတွေ့မည်

AR Media Group မတ်လ ၁၃ ရက် ၊၂၀၂၅ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် မတ်လ ၁၃…

21 hours ago

မောင်တောမြို့ထဲက စစ်ရှောင်ရိုဟင်ဂျာတွေကို မကြာမီ နေရပ်ပြန်ခွင့်ပေးမယ့်လို့ အစည်းအဝေးအတွင်း အကြမ်းဖက် ရခိုင်က်နက်ကိုင်AA နယ်မြေမှူး ပြော

AR Media- မတ်လ ၁၃ ရက်၊ ၂၀၂၅။ အာရ်ကာန်ဒေသ၊ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ရတဲ့ ရိုဟင်ဂျာတွေကို ဒီလ မကုန်ဆုံးမီ ရက်သတ္တပတ် ၁/၂ ပတ်အတွင်း…

22 hours ago

အကြောက်တရားအောက်တွင် နေထိုင်ရတဲ့ ငန်းချောင်းမှ ရိုဟင်ဂျာတွေနေစဥ်ရက်ဆက် ဆက်ကြေးနဲ့ ဆန် ၅ အိတ်စီအကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ကို ပေးနေရ

AR Media - မတ်လ ၁၃ ရက်၊ ၂၀၂၅။ အာရ်ကာန်ဒေသ၊ မောင်တောမြောက်ပိုင်းက ငန်းချောင်းကျေးရွာတွင် နေထိုင်ကြတဲ့ ရိုဟင်ဂျာပြည်သူတွေမှာ အကြောက်တရား အောက်တွင် နေထိုင်နေရပြီး…

22 hours ago