AR Media Group- ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၅။
အာရ်ကာန်ဒေသ၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက မတရား သိမ်းယူလိုက်ခဲ့တဲ့ ရိုဟင်ဂျာပြည်သူတွေရဲ့ ပုဇွန်ကန်တွေကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ဆီကနေ အငှားယူရမယ်လို့ အစည်းအဝေး တစ်ခုမှာ အကြမ်းဖက် အေအေ အကြီးအကဲတစ်ဦးက ပြောလိုက်ခဲ့တာကို အခွင့်ကောင်းယူပြီး မဂ်လာကြီးနဲ့ ကျောက်လှေကားကျေးရွာအုပ်ချုပ် ရေးအဖွဲ့က အငှားယူပြီး လုပ်စားနေဖို့ ကြံစည်နေတယ်လို့ သိရှိရတယ်။
ယခင်က မောင်တောမြို့နယ်မြောက်ပိုင်းက ကျီးကန်းပြင်ကျေးရွာရှိ
အမှတ်(၁) နယ်ခြားစောင့်ရဲကွက်ကွဲရေးဌာနချုပ်ရဲ့ ရဲမှူးချုပ် က ရိုဟင်ဂျာတွေ ပိုင်ဆိုင်ကြတဲ့ ပုဇွန်ကန်တွေကို မတရား သိမ်းယူခဲ့ပြီး တခြားသူတွေအား ငှားရမ်းပေးခဲ့တယ်။ အသံထွက်ရင် လူမဆန့်စွာ ခေါ်ယူညှဥ်းပန်းနှိပ်စက်ခဲ့မှုကြောင့် နှုတ်ပိတ်ခဲ့တယ်။ စစ်ကောင်စီက မတရားသိမ်းယူခဲ့တဲ့ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ အားလုံး အကြမ်းဖက် အေအေလက်ထဲ ရောက်နေပြီ။အကြမ်းဖက် ရခိုင်လက်နက်ကိုင် အေအေကလည်း မူလပိုင်ရှင်တွေ ရိုဟင်ဂျာတွေကို ပြန်မအပ်ပဲနဲ့ လုပ်စားနေတယ်။ ယခုတစ်ဖန် မူလပိုင်ရှင်ရိုဟင်ဂျာတွေ
ရှိနေသော်လည်း ကျောက်လှေကားကျေးရဲ့ ဒု-အုပ်ချုပ်ရေးမှုး အေကာမောဒ္ဒိန် နဲ့ မဂ်လားကြီးကျေးအုပ်ချုပ်ရေးအဖွဲ့က အကြမ်းဖက် ရခိုင်လက်နက်ကိုင်AA နဲ့ ပူးပေါင်းကာအကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ကို ငွေကြေး သိန်းရာနဲ့ချီ ပေးပြီး အေအေ ဆီကနေ ခွင့်ပြုချက် ယူပြီးတော့ လုပ်စားဖို့ ဒါမှမဟုတ်ရင် ငွေအမြောက်အမြား
ယူပြီး တခြားသူတွေအား တန်ပြန်အငှားပေးရန် လျို့ဝှက်စွာ ကြံစည်နေတယ်လို့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA အကြီးအကဲတွေနဲ့ နီးစပ်သူ တစ်ဦးက ပြောကြားခဲ့တာကို သတင်းတောက်တစ်ဦးက AR Media Group ကို ပြောပါတယ်။
ယခုတော်လှန်းရေးကာလတွင် အလုပ်အကိုင် မရှိပဲနဲ့ စားဝတ်နေရေး ကြည်းတည်းမှုတွေနဲ့ထမင်းနှစ်နပ်တောင် ပုံမှန်မစားနိုင်တဲ့ ပင်လယ်ဝေ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ အကြမ်းဖက် စစ်ကောင်စီက ရိုဟင်ဂျာပြည်သူတွေထံမှ မတရား သိမ်းယူခဲ့တဲ့ ပုဇွန်ကန်တွေကို မူလပိုင်ရှင်တွေထံ ပြန်အပ်နှံပါက ဆင်းရဲခေါင်းမွတ်ဘဝတွေမှ လျော့နည်းနိုင်တဲ့အတွက်ကြောင့် ပုဇွန်ကန်တွေကို မူလပိုင်ရှင်တွေထံ
ပြန်အပ်နှံ့ဖို့ ပုဇွန်ကန်ပိုင်ရှင်တွေက အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA/ULA အကြီးအကဲတွေကို AR Media Group မှတစ်ဆင့် တောင်းဆိုနေပါတယ်။
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…