AR MEDIA GROUP မတ်လ ၉ ရက် ၊၂၀၂၅
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) သည် အာရ်ကာန်ဒေသ တွင် ရိုဟင်ဂျာများအပေါ် အကြမ်းဖက် ရခိုင်လ်နက်ကိုင် (AA) ၏ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနေကြောင်း ကုလသမဂ္ဂ အကြီးတန်း အရာရှိတစ်ဦးက မတ်လ (၁) ရက်နေ့တွင် အတည်ပြု ပြောကြားခဲ့ပါတယ်။ ဤစုံစမ်းတွေ့ရှိချက်သည် မြန်မာနိုင်ငံတွင် ကြီးလေးတဲ့ နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းရန် ကုလသမဂ္ဂ၏ ပိုမိုကျယ်ပြန့်တဲ့ ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကျူးလွန်သူ လက်သည်တရားခံများ ဘယ်သူဘယ်ဝါ ဖြစ်သလဲ ဖော်ထုတ် အရေးယူနိုင်ရန် ဖြစ်ပါတယ်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ လုပ်ပိုင်ခွင့်မှာ မည်သည့်အဖွဲ့မှ ကျူးလွန်ခံရသူများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို မှတ်တမ်းတင်ရန်ဖြစ်ကြောင်း IIMM ၏ အကြီးအကဲ Nicholas Koumjian က အလေးပေးပြောကြားခဲ့ပါတယ်။ရိုဟင်ဂျာအပေါ် ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်ခဲ့သည့် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရခိုင့်တပ်(AA)အား ကုလသမဂ္ဂက တရားဝင်တောင်းဆိုထားပေမယ့် တုံ့ပြန်ခြင်းမရှိသေးကြောင်း Koumjian က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒါဆို အကြမ်ဖက် ရခိုင်လက်နက်ကိုင် (AA)နဲ့ တခြား တပ်ဖွဲ့တွေ ဟာ နိုင်ငံတကာ ရာဇ၀တ်မှုတွေ ကြီးကြီးမားမား ကျူးလွန်ကြောင်း ပြသတဲ့ အထောက်အထား တစ်ခုခုကို စစ်ကြည့်ဖို့ အရေးကြီးပါတယ်” ဟု Koumjian က ဆိုပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အကြမ်းဖက် ရခိုင်လ်နက်ကိုင် (AA) ကို ကုလသမဂ္ဂက တရားဝင် တောင်းဆိုထားပါတယ်။ သို့သော်လည်း Koumjian က အဆိုပါအဖွဲ့အား တုံ့ပြန်ချက်ပေးရန် ကျန်ခဲ့သေးကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။သူတို့က ကျွန်တော်တို့ကို တုံ့ပြန်မယ်လို့ ပြောခဲ့ပေမယ့် တုံ့ပြန်မှု မရရှိခဲ့ပါဘူး။ အဲဒါကို ကျနော်တို့ စောင့်နေပါတယ်။ နောက်ထပ် အချက်အလက်များအတွက် တောင်းဆိုချက်များကို သူတို့ဆီ နောက်ထပ်ပို့ပေးပါမယ်။”
ပိုမိုဆိုးရွားလာတဲ့ အကြမ်းဖက်မှုအပေါ် စိုးရိမ်မှုတွေ တိုးလာနေ
ကုလအရာရှိကြီးတွေက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ၏ ဆိုးရွားလာတဲ့ ပုံရိပ်ကို ရေးဆွဲခဲ့ပြီး ကြီးလေးတဲ့ ရာဇ၀တ်မှုများ တိုးပွားလာမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။”ဗုံးကြဲချမှုတွေကြောင့် နိုင်ငံတစ်ဝှမ်းမှာ အရပ်သားတွေ ထိခိုက်စေပြီး၊ စစ်တပ်ရဲ့ သဘောသဘာဝမဟုတ်တဲ့ ပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်တာတွေ တွေ့ခဲ့ရပါတယ်။ လူတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကြောရေးစခန်းတွေမှာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ အပါအဝင် ရာဇ၀တ်မှုတွေ တွေ့ခဲ့ရပါတယ်” ဟု ၎င်းက ဆိုပါတယ်။
မြန်မာစစ်အစိုးရသည် စစ်ရာဇ၀တ်မှုများဖြင့် ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံနေရတဲ့အချိန် အခါမျိုးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ အပါအဝင် အခြားသော အဖွဲ့များသည်လည်း ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း Koumjian က အသိအမှတ်ပြုပါတယ်။
“သိသာထင်ရှားပါတယ်၊ စစ်တပ်အာဏာပိုင်တွေက လေကြောင်းကနေ ဗုံးခွဲကြဲချတာတွေ လုပ်ကြတယ်။ ဒါပေမယ့် ကံမကောင်းတာက မြန်မာနိုင်ငံမှာ တခြားအဖွဲ့တွေ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ပြင်းထန်တဲ့ အထောက်အထားတွေ တွေ့ခဲ့ရတယ်၊ အဲ့ဒါက ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ပါနေတယ်” ဟု သူက ဆက်ပြောပါတယ်။
အကြမ်းဖက် ရခိုင်လက်နက်ကိုင် (AA)သည် စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်မှုကို ရှောင်ကြဉ်ရမည်
မူလက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် တော်လှန်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းထားသည့် အကြမ်ဖက် ရခိုင်လက်နက်ကိုင်(AA)သည် တိုက်ပွဲဝင်လာတာနှင့်အမျှ ရခိုင်လူမျိုးကြားမှာ ထောက်ခံအားပေးမှု ပိုမိုကြီးမားလာပြီးနောက် ယခု ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေသည်ဟု ပြောင်းလဲလာတာ ဖြစ်ပါတယ်။ သို့သော်လည်း ရိုဟင်ဂျာများနှင့် အခြားအရပ်သားများအပေါ် ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များ မှန်ကန်ကြောင်း သက်သေပြနိုင်မည့်ဆိုပါက အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA သည် နိုင်ငံတကာအသိုင်းအဝိုင်း၏ အမြင်တွင် တရားဝင်မှု ဆုံးရှုံးလိမ္မည် ဖြစ်ပါတယ်။
အရပ်သားမရှောင် တိုက်ခိုက်မှုများနှင့် လူမျိုးရေး အကြမ်းဖက်မှုများ အပါအဝင် မြန်မာစစ်အစိုးရကဲ့သို့ အလားတူ နည်းဗျူဟာများကို ကျင့်သုံးခြင်းဖြင့် အကြမ်းဖက် အကြမ်းဖက် ရခိုင်လက်နက်ကိုင်(AA)သည် ၎င်း၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ ပျက်ပြားသွားစေနိုင်ပါတယ်။ လူ့အခွင့် အရေးချိုးဖောက်မှုများသည် နိုင်ငံတကာ၏ ရှုတ်ချမှုကို ဖိတ်ခေါ်ရုံသာမက ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်းမှုကို ကျောထောက်နောက်ခံပြုထားတဲ့ ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်များ၏ ထောက်ခံမှုကိုလည်း ပျက်ပြားစေနိုင်ပါတယ်။
ကျယ်ပြန့်တဲ့ ပိတ်ဆို့အရေးယူမှုများနှင့် အထီးကျန်မှုကို ရင်ဆိုင်နေရသည့် စစ်အစိုးရနှင့်မတူဘဲ ရက္ခိုင့်တပ်(AA)သည် စစ်ရာဇ၀တ်မှုများနှင့် ကင်းကွာရန် အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။ လူ့အခွင့်အရေးကို ရှေ့ရှုထားပြီး ရိုဟင်ဂျာအပါအဝင် အခြားဒေသခံလူမျိုးစု အားလုံးကို ၎င်း၏ အုပ်ချုပ်မှုယန္တရားအောက်တွင် အကာအကွယ် ပေးထားကြောင်း လက်တွေ့ပြသနိုင်မှသာလျှင် ၎င်းတို့ကို တရားဝင် နိုင်ငံရေးအင်အားစုအဖြစ် ယုံကြည်ခြင်းအားကိုးခြင်း ခိုင်မာစေမည် ဖြစ်ပါတယ်။
လက်နက်ကိုင်အဖွဲ့များအပေါ် နိုင်ငံတကာဖိအားပေးမှုများ
ကုလသမဂ္ဂသည် မြန်မာနိုင်ငံ ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများအားလုံးကို အနီးကပ် စောင့်ကြည့်နေပြီး “တာဝန်ခံမှုတွေ နောက်လိုက်လာမည့်”ဟု ကျူးလွန်သူများထံ ရှင်းလင်းသော သတင်းစကား ပေးပို့ထားကြောင်း Koumjian က ထပ်လောင်းပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ ပါဝင်သူတွေအားလုံးကို ကျွန်တော်တို့ တည်ရှိနေတာကို သိစေချင်ပါတယ်။ ဒီ စုံးစမ်းစစ်ဆေးရေးယန္တရားကြီးက စောင့်နေကြတဲ့အတွက် ကြီးလေးတဲ့ နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားတွေ စုဆောင်းနေပြီး တစ်နေ့မှာ ဒီရာဇ၀တ်မှုတွေအတွက် တရားမျှတမှုကို ရှာဖွေနိုင်ပါလိမ္မည်” ဟု ၎င်းက သတိပေးသည်။
အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ယူဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ကာလရှည်ကြာ တောင်းဆိုထားပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် စိစစ်မှု ကြီးထွားလာသည်နှင့်အမျှ အထူးသဖြင့် အကြမ်းဖက် ရခိုင်လက်နက်ကိုင်(AA)သည် နည်းလမ်း (၂) ကနေ တစ်ခုကို ရွေးချယ်ရမည် ဖြစ်ပြီး၊ (၁) ဒီမိုကရေစီနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများနှင့် လိုက်လျောညီထွေဖြစ်စေရန် သို့မဟုတ် (၂) ၎င်းတို့ ကာလရှည်ကြာ ဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ကဲ့သို့ ပုံတူကူးယူပြီး လူ့အခွင့်အရေး ချိုးဖောက်ခြင်း နှင့် ကြီးလေးတဲ့ ရာဇဝတ်မှုများ ကျူးလွန်ခြင်း ဖြစ်ပါတယ်။ ယခု အကြမ်းဖက် ရခိုင်လက်နက်ကိုင် (AA) က ရိုဟင်ဂျာလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေသာမက နိုင်ငံတကာဥပဒေကိုပါ လေးစားလိုက်နာခြင်းမရှိဘဲ စစ်ကောင်စီကဲ့သို တူညီသည့်အဆင့်အတန်းအောက်တွင် ထားရှိရမည့် အန္တရာယ်ရှိနေကြောင်း သိရပါတယ်။
AR MEDIA GROUP
The situation of Rohingya civilians in Arakan has become a matter of serious concern, particularly…
In the Arakan (Rakhine) region, a terrorist organization known as the United League of Arakan…
Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…
Residents living across northern Arakan State and communities situated along the foothills of the Rakhine…
KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…
It has been reported that the Myanmar military forces have reportedly launched a large-scale offensive…