AR MEDIA GROUP- မတ်လ ၉ ရက်၊ ၂၀၂၅။
အာရ်ကာန်ဒေသ တွင် အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအတွင်း နေထိုင်ကြတဲ့ ဒေသခံရိုဟင်ဂျာပြည်သူတွေအနေနဲ့ သူတို့ရဲ့ လူမျိုးအမည်ဖြစ်တဲ့ “ရိုဟင်ဂျာ” အမည် ရေးမှတ်ပြောဆို သုံးစွဲမှုတွေကို အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က တင်းတင်းကျပ်ကျပ် ပိတ်ပင်တားမြစ်ထားပြီး လိုက်နာမှုမရှိသူတွေအား ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးခြင်းနဲ့ အရေးယူခံရမည်ဖြစ်ကြောင်း နှုတ်ဖြင့် သတိပေးချက်ထုတ်ပြန်ထားပြီး အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ခြိမ်းခြောက်လိုက်တာနဲ့ ရိုဟင်ဂျာတွေ စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
AA ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲတွင် နေထိုင်ကြတဲ့ ဒေသခံ ရိုဟင်ဂျာတွေအနေနဲ့ သူတို့ရဲ့လူမျိုးအမည်ဖြစ်တဲ့ “ရိုဟင်ဂျာ” အမည် ရေးမှတ်ပြောဆို သုံးစွဲမှုကို အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က တင်းကျယ်စွာ ပိတ်ပင်ထားပြီး မလိုက်နာသူတွေအတွက် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးအရေးယူခံရ မည်လို့ သက်ဆိုင်ရာ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA တာဝန်ရှိသူတွေက နှုတ်မိန့် ထုတ်ပြန်ထားတဲ့အပြင် ၎င်းတို့ရဲ့ ရပ်ရွာထဲကို လူသစ်နဲ့သူစိမ်းတွေ ရောက်လာတဲ့ဆိုရင် အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ဆီ ချက်ချင်း အစီရင်ခံဖို့ အမိန့်ပေး ညွှန်ကြားထားပြီး အကယ်၍ တစ်ဦးတစ်ယောက်က ပျက်ကွက်မည်ဆိုပါက ပြစ်ဒဏ်ပေးအရေးယူ ခံရမည် ဖြစ်ပါတယ်။ ထိုသို့သော် အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုများသည် ၎င်းတို့ရဲ့ လွတ်လပ်ခွင့်ကို ပိုမိုကန့်သတ်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ရဲ့ လှုပ်ရှားမှုဟာ ရိုဟင်ဂျာလူထုအပေါ် ပြင်းထန်တဲ့ ထိန်းချုပ်မှုအောက် ဒုက္ခသည်ကဲ့သို့ ထိန်းသိမ်းရန်နဲ့ ခွဲခြားသတ်မှတ်ခြင်း ပုံစံမှန်သမျှကို ဖိနှိပ်ချုပ်ချယ်ရန်နည်းဗျူဟာတစ်ခုဖြစ်တယ်” လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ တိုင်းရင်းသားမျိုးနွယ်စုဖြစ်ဖို့အတွက် ၁၈၂၃ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်တဲ့ မျိုးနွယ်စုဖြစ်ရမယ်လို့ သတ်မှတ်ထားတယ်။ ရိုဟင်ဂျာမျိုးနွယ်စုက ၁၈၂၃ ခုနှစ်မတိုင်ခင်ကတည်းက အာရ်ကာန်ဒေသ (လက်ရှိ ရခိုင်ပြည်နယ်) မှာ ရှိနေခဲ့တဲ့ မျိုးနွယ်စုတစ်စု ဖြစ်တာကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရဆိုရင်လည်း တိုင်းရင်းသားမျိုးနွယ်စုတစ်စု ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံသား ဒေါက်တာဖရန့်စစ်ဘူချနန်ရဲ့ ၁၇၉၉ ခုနှစ် မှတ်တမ်းမှာ အာရ်ကာန်ဒေသမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်လာတဲ့ မွတ်စလင် (မိုဟာမတ်ဒန်) များက သူတို့ကိုယ်သူတို့ ရိုအင်ဂ (ယနေ့ ရိုဟင်ဂျာ) လို့ ခေါ်တယ်လို့ ရေးထားတဲ့အပြင် ရိုဟင်ဂျာ ဘာသာစကား အချို့ကိုပါ သေချာမှတ်တမ်းတင်ထားတယ်။ ဒါက ရိုဟင်ဂျာတွေက ၁၈၂၃ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ရှိခဲ့ပါတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတစ်ခုပါ။ ရိုဟင်ဂျာလူမျိုးကို ဦးနုအစိုးရလက်ထက်မှာ တိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့တာ မဟုတ်ဘဲ ၁၉၃၆ ခုနှစ်ကတည်းက တိုင်းရင်းသား မဲဆန္ဒနယ်က မဲပေးခွင့်၊ ပါဝင်ယှဉ်ပြိုင်ခွင့် ပေးခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲမှာလည်း တိုင်းရင်းသားအဖြစ် ပါဝင်ခွင့်ပေးခဲ့တယ်။ ခေတ်အဆက်ဆက်မှာ ရိုဟင်ဂျာတွေက တိုင်းရင်းသား၊ နိုင်ငံသားများ အားလုံးနဲ့ တန်းတူ လွတ်လပ်စွာ ခရီးသွားလာခွင့်၊ ပညာသင်ကြားခွင့်၊ နိုင်ငံ့တာဝန်ထမ်းဆောင်ခွင့်၊ လွတ်လပ်စွာ ဆေးကုသခွင့်၊ ရောင်းဝယ် ဖောက်ကားခွင့်၊ လွတ်လပ်စွာ လက်ထပ်ခွင့်၊ မွေးဖွားခွင့် စတာတွေအားလုံး ရခဲ့တယ်။ စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်မှာ န.စ.က တည်ထောင်ပြီးမှ အခွင့်အရေးအားလုံးကို ပိတ်ပင်ကန့်သတ်ခဲ့တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတစ်ဦးက AR MEDIA GROUPကို ပြောကြားခဲ့တယ်။
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…