AR Media Group- မတ်လ ၇ ရက်၊ ၂၀၂၅။
နတ်မြစ်အတွင်း ငါးဖမ်းနေစဥ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို ငါးဖမ်းလှေတစ်စင်းနဲ့အတူ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ယမန်နေ့ မတ်လ ၆ ရက်နေ့က ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရတယ်။
ယမန်နေ့က အာရ်ကာန်ဒေသ ၊ မောင်တောမြို့နယ် ဥဒေါင်းချောင်းဝရဲ့ အနောက်ဖက်ရှိ နတ်မြစ်အတွင်း ငါးဖမ်းနေတဲ့ ငါးဖမ်းသမား ၆ ဦးကို အကြမ်းဖက် ရခိုင်လက်နက်ကိုင်AAက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။ ငါးဖမ်းဘုတ်တစ်စင်းကိုလည်း ဖမ်းလိုက်တယ်။ လူ ၆ ယောက်စလုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်ကြောင်းလည်း သိရပါတယ်။ သူတွေ အားလုံးကိုအကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က စစ်ဆေးနေတယ်လို့ သတင်းရင်းမြစ်အရ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း အကြမ်းဖက် ရခိုင်လက်နက်ကိုင်AA က ဖမ်းဆီးထားတဲ့ ငါးဖမ်းသမား ၂၉ ဦးအား ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) လက်ထဲသို့ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့၊ မနက် ၆ နာရီခန့်မှာ ဘဂ်လားဒေ့ချ်ရှိ
ဒုက္ခသည်စခန်းများက ငါးဖမ်းဖို့ သွားခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၄ ဦး ကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ဖမ်းဆီးထားတယ်။ ဖမ်းဆိးထားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် ULA/AA က ယနေ့ထိ ဘာရည်ရွယ်ချက်နှင့် သတင်းထုတ်ပြန်ခဲ့တာ မရှိသေးသည့်အတွက် သူတို့အား အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က တစ်ခုခု လုပ်မှာကို စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု အဖမ်းခံရသူတွေရဲ့ မိသားစုဝင်များက ရင်နာနာနဲ့ ပြောကြားခဲ့တယ်။
AA က ဖမ်းဆီးထားသူများ၏ အမည်များမှာ-
(၁) မာမတ် ရှော်ဖိ (ဘ) အာဘုလ်အာရှိမ် (၃၇)နှစ်
(၂) ရှာအာလောမ် (ဘ) မာမတ် ရှောဖိ (၂၀)နှစ်
(၃) အဗ်ဒုလ်ဟာဖဲစ် (ဘ) ရှာအာလောမ် (၂၅)နှစ်
(၄)အဒူဆော်လာမ် (ဘ) အဒူရှူက္ကူရ် (၂၇)နှစ်
(၅) ဆော်လိမ်အူလ္လာ (ဘ) ရာဟ်မောတ်အူလ္လာ (၃၀)နှစ်
(၆) မာမတ် ဆော်လိမ် (ဘ) မူဟာမတ် ရော်ဖိတ် (၂၈)နှစ် စသည့်
၂၄ ဦး တို့ကို ဖမ်းဆီးထားပါတယ်။
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…