AR Media- မတ်လ ၁၃ ရက်၊ ၂၀၂၅။
အာရ်ကာန်ဒေသ၊ မောင်တောခရိုင်မှ ရိုဟင်ဂျာမဟုတ်တဲ့ တခြားမျိုးနွယ် စုတွေ မိမိနေရပ် မိမိနေအိမ်တွေ အသီးသီးကို ပြန်ခွင့်ရပေမယ့် မြို့ခံစစ်ရှောင်ရိုဟင်ဂျာတွေ ယနေ့ထိ မိမိနေရပ်ပြန်ခွင့်မရသေးသလိုဘာသာတရားအပေါ်ခွဲခြားဆက်ဆံခံနေရတယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊မတ် ၁၈ ရက်နေ့တွင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က သိမ်းပိုက်လိုက်တဲ့ ဘူးသီးတောင်မြို့ကို မီးရှိုးခဲ့ပြီး မြို့ပေါ်မှ ရိုဟင်ဂျာ ၁ သိန်းကျော်ကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က နှင်ထုတ်ခဲ့ကာ ထောင်နဲ့ချီ ရိုဟင်ဂျာတွေကို မတရား ဖမ်းဆီးခဲ့ပြီး ဥပဒေမဲ့ ထောင်ချစေခဲ့တယ်။ မြို့ထဲက ရခိုင်နေအိမ်တွေနဲ့ ရောနှောပြီး နေထိုင်ကြတဲ့ အမှတ် ၅ ရပ်ကွက်က ရိုဟင်ဂျာတချို့ရဲ့ နေအ်မိတွေ ယနေ့ထိ မီးရှိူး မခံရပဲ မြို့ပေါ်မှာ စားဝတ်နေရေး ကျယ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတချို့ ရှိပါတယ်။
မြို့ပေါ်မှ စစ်ဘေးရှောင် တခြားမျိုးနွယ်စုတွေ မိမိနေရပ် မိမိနေအိမ်သို့ နေရပ်ပြန်ခွင့်ရပြီး ငြိမ်းချမ်းစွာ သွားလာနေထိုင်ပေမယ့် ယနေ့ထိ ဘယ်ရိုဟင်ဂျာတစ်ဦးတစ်ယောက်ကိုတော့ မိမိနေရပ် မိမိနေအိမ်တွေသို့ နေရပ်ပြန်ခွင့်မပြုသေး့ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ကြုံတွေ့နေရတဲ့အတွက် ရှိသမျှ ပိုင်ဆိုင်မှုတွေကို ပေါင်နှံ့ရောင်းချပြီး နိုင်ငံခြားရပ်သို့ နေ့စဥ်ရက်ဆက် ထွက်ပြေးနေကြရတယ်။ ဝင်ငွေလည်း မရှိ၊ အလုပ်အကိုင်လည်း မရှိပဲနဲ့ ရှေ့ဆက် ဘယ်လောက်ကြာကြာ ဆင်းရဲဒုက္ခတွင်းမှာ နေထိုင်ရမယ်လဲ မသိသေးပါဘူး ဆိုကာ (သို့) ရှိတာတွေ ရောင်းစားကုန်သွားရင် အစုလိုက်အပြုံလိုက် သေရမှာကို ကြောက်လို့ ရှိသမျှ အကုန်ကို ရောင်းပြီး AA လူကုန်ကူးမှုအဖွဲ့နဲ့ ချိတ်ဆက်ပြီး မောင်တောမြို့နယ်မှ တစ်ဆင့် ညဂ်လားဖက်သို့ ထွက်ပြေးနှုန်း တအား များတယ်။
ငွေရေးကြေးရေး အဆင်မပြေသူတွေနဲ့ လုံးဝ ကုန်ကျစရိတ် မတတ်နိုင်သူတွေကချည်း ဘယ်ကိုမှ ထွက်ပြေးလို့ မရပဲနဲ့ ပင်လယ်ဝေဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်” လို့ ဘူးသီးတောင်မြို့ခံ ရိုဟင်ဂျာရပ်လူကြီးတွေက ဆိုကြပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ ခုနစ်၊ ဒီဇင်ဘာလ (၈)ရက်တွင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ကာ ၂၀၂၅ ခုနစ်၊ဇန်နဝါရီလ(၁)ရက်မှ စပြီး ရိုဟင်ဂျာ မဟုတ်သူတွေအား မြို့ထဲဝင်ခွင့် ပေးခဲ့တာ ယခုဆိုရင် ၂ လကျော် ကြာနေပေမယ့် ရိုဟင်ဂျာတွေအား ယနေ့ထိ မြို့ထဲ နေရပ်ပြန်ခွင့် မပြုသေးပါ။ ကန့်သတ်ထားဆဲတယ်။
ရပ်ကွက် (၁၊၂၊၃၊၄) နဲ့ မောင်နီရပ်ကွက်၊ ကညင်တန်းရပ်ကွက်၊ ၄ မိုင် ရပ်ကွက်တွေက ဘယ်ရိုဟင်ဂျာ တစ်ဦးတစ်ယောက်ကိုတော့ နေရပ်ပြန်ခွင့် မပြုသေးပါ။ အဆိုပါရပ်ကွက်မှ စစ်ဘေးရှောင်ကြရတဲ့ ရိုဟင်ဂျာတွေ ထဲက အများစုဟာ လှဖိုးခေါင်ကယ်ဆယ်ရေးစခန်းမှာ နေကြရသေးတယ်။ တခြားကျေးရွာတွေမှာလည်း နေကြရသေးတယ်။ အလုပ်အကိုင်တွေမရှိပဲနဲ့ စားဝတ်နေရေး ကျယ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့အတွက် အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုတွေ အရေးပေါ် လိုအပ်နေပါတယ် ” လို့ စစ်ဘေားရှောင်ရိုဟင်ဂျာတွေက AR Media ကို မျက်ရည်ကျကျ ပြောကြားခဲ့တယ်။
ဒီလက ရာမ်ဇာန်(ဥပုသ်)လဖြစ်တယ်။ လှဖိုးခေါင်ကယ်ဆယ်ရေး စခန်းမှာ တရားထိုင်ရတာတွေ ၊နာမာဇ်ဖတ်ရတာတွေ နောက်ပြီးတော့ အနားယူရတာတွေ ဒီမှာ နေခင်းဘက် အနားယူလို့ မရဘူး၊တအားပူတယ်။ အရိပ်အောက်မှာ အနားယူဖို့ နေရာလည်း မရှိပါ။ အိမ်တစ်အိမ်မှာ တစ်ချိန်တည်း ထမင်းချက်ပြုတ်ရတာတွေ၊ အနားယူတာတွေ အင်မတန် အခက်အခဲဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ကို သက်ညှာသောအားဖြင့် အမြန်ဆုံးနေရပ်ပြန်ခွင့်ပြုဖို့ လှဖိုးခေါင်စခန်းမှာ နေထိုင်သူတစ်ဦးက အကြမ်းဖက် ရခိုင်လက်နက်ကိုင်AA အထက်အရာရှိတွေအား AR Media မှတစ်ဆင့် တောင်းဆိုနေပါတယ်။
AR Media Daily News
The situation of Rohingya civilians in Arakan has become a matter of serious concern, particularly…
In the Arakan (Rakhine) region, a terrorist organization known as the United League of Arakan…
Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…
Residents living across northern Arakan State and communities situated along the foothills of the Rakhine…
KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…
It has been reported that the Myanmar military forces have reportedly launched a large-scale offensive…