Photo: Government Of Bangladesh
AR Media Group မတ်လ ၁၃ ရက်၊ ၂၀၂၅
ဂမ်ဘီယာနိုင်ငံခြားရေးဝန်ကြီး မာဒူး တန်ဂါရာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ ခေါင်းဆောင် ဒေါက်တာယူနွတ်စ်တို့ ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ တွေ့ဆုံခဲ့ကြပြီး တစ်နိုင်ငံချင်းစီအနေနဲ့ပဲမက၊ တာဝန်ယူမှုနှင့် တရားမျှတမှုဆိုင်ရာ ပိုမိုတိုးတက်စေရန်အတွက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် သက်ဆိုင်ရာအကြောင်းအရာများကို ပြောဆိုဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု အမှုနှင့်ပတ်သက်၍ လက်ရှိအခြေအနေများ၊ ဆောင်ရွက်မှုများနှင့် တိုးတက်မှုများကို အကျယ် တဝင့် ဆွေးနွေးခဲ့ကြသည်။
တရားလိုအဖြစ် ဂမ်ဘီယာနိုင်ငံအနေဖြင့် ရိုဟင်ဂျာလူမျိုးများအတွက် တရားမျှတမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်မှုများ၊ အမှုတွဲအပေါ် လိုက်နာဆောင်ရွက်မှုများကို ဘင်္ဂလားဒေ့ရှ်အစိုးရခေါင်းဆောင် ဒေါက်တာယူနွတ်စ်အား ပြောကြားရှင်းလင်းခဲ့ကြပြီး၊ ဒေါက်တာယူနွတ်စ်ကလည်း ဂမ်ဘီယာအစိုးရ၏ ဦးဆောင်မှုနှင့် ကြိုးပမ်းမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ရိုဟင်ဂျာရေးရာအကြံပေး ဒေါက်တာ ခလီလူရ် ရာဟ်မန် (Dr. Khalilur Rahman) နှင့် Sustainable Development Goals (SDG) ကိစ္စရပ်များကို ဦးစီးဆောင်ရွက်နေသည့် လမီယာ မိုရှက် (Lamiya Morshed) တို့လည်း တက်ရောက်ခဲ့ကြပြီး၊ ထပ်မံ ဆွေးနွေးပြောဆိုခဲ့ကြသည ။
AR Media Group
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…