AR Media Group – မတ်လ ၂၉ ရက်၊ ၂၀၂၅။
မန္တလေးမြို့ရှိ ရွှေဘုန်းရှိန်ဗလီတွင် ယမန်နေ့ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီပြိုကျသွားပြီး အနည်းဆုံး လူ ၂၀ ဦး ထက်မနည်းသေဆုံးသွားကြောင်း ယင်းဗလီပြိုကျမှုအတွက် ကယ်ဆယ်ရေး ကူညီနေသူတချို့က အေအာရ်မေဒီယာ သတင်းဌာနထံသို့ ပြောဆိုသည်။
“ဝတ်ပြုနေတဲ့အချိန် ပြိုကျသွားတာပါ။ ဗလီအဆောင် ၃ ခုလောက် ပြိုကျသွားတာ။ ပိတ်မိနေတာတွေရှိတော့ အခုတော့ ၂၀ ဦးထက် မနည်းသေသွားပါပြီ။ သေတဲ့အရေအတွက်ကတော့ များနိုင်တယ်။ ရွှေဘုန်းရှိန် ဗလီ ကတော့ ပြိုကျသွားပြီ” ဟု ဗလီပြိုကျမှုအတွက် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူက ရှင်းပြသည်။
ဗလီအပျက်အစီးများအောက်တွင် ပိတ်မိနေသူများရှိနိုင်ပြီး လက်ရှိ နီးစပ်ရာ အချင်းချင်းသာ ကယ်ဆယ်ရေး လုပ်နေရသည့်အခြေအနေ ဖြစ်ကြောင်း သိရှိရသည်။
AR Media Group News
Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…