AR Media Group – မတ်လ ၂၉ ရက်၊ ၂၀၂၅။
အာရ်ကာန်ဒေသ ၊ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ၆ လ စီမံကိန်း သဘောတူညီချက်နဲ့ ခေါ်ယူလာခဲ့တဲ့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် တပ်သားတွေ ထဲက တပ်သား ၃၀ နီးပါး လစာမရတာနဲ့ ဒီရက်ပိုင်းအတွင်းထွက်ပြေးသွားလို့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က နေရာတကာမှာ အပေါင်းအဖော် ရိုဟင်ဂျာတွေနဲ့အတူ တိတ်တဆိတ် လိုက်လံရှာဖွေနေတယ်လို့ သတင်းရရှိပါတယ်။
အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က မောင်တောမြို့၊ နခခ (၅)ကို အပြီးအပိုင် သိမ်းပိုက်ဖို့ နီပေါနိုင်ငံနဲ့ ဘဂ်လားဒေ့ချ်နိုင်ငံတွေမှ ကြေးစားအဖြစ် ခေါ်ယူလာခဲ့တဲ့ တပ်သားတွေ ထောင်နဲ့ချီ ရှိပါတယ်။ ၆ လ စီမံကိန်းနဲ့ ခေါ်ယူလာခဲ့တာပါ။ခုတော့ မောင်တောတစ်မြို့နယ်လုံးကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA အဖွဲက သိမ်းပိုက်ခဲ့သော်လည်း အိမ်ပြန်ချင်တဲ့ သူတွေကို အိမ်ပြန်ခွင့် မပေးတဲ့ အပြင် လစာနဲ့ မရတာ ၆ လရှိနေပါပြီ။ စားသောက်ရေး အခက်အခဲ ကြုံနေရတဲ့ သူတွေမိသားစုတွေဆီ ငွေကြေးတွေ ထောက်ပံ့လို့ မရတာနဲ့ စိတ်ကုန်ပြီး လက်နက်တွေနဲ့အတူ တချို့က ထွက်ပြေးသွားခဲ့တယ်။ တချို့က လက်နက်မဲ့ ထွက်ပြေးခဲ့တယ်။ ထွက်ပြေးသူတွေဟာ နီပေါနဲ့ ဘဂ်လားဒေ့ချ်နိုင်ငံသားတွေ ဖြစ်သလို အာရ်ကာန်ဒေသ တောင်ပိုင်းက ခေါ်ယူလာခဲ့တဲ့ တပ်သားတချို့လည်း ပါ ပါတယ်။ သူတွေ အားလုံးက မောင်တော နခခ (၅) နဲ့ နယ်မြေ (၆) တို့မှ ထွက်ပြေးခဲ့တယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တစ်ခုက AR Media ကို ပြောပါတယ်။
ခုတော့ ထွက်ပြေးသွားခဲ့တဲ့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် အေအေတပ်သားတွေကို အပေါင်းအဖော် ရိုဟင်ဂျာတွေနဲ့ ပူးပေါင်းကာ နေရာတကာမှာ လိုက်လံရှာဖွေနေတယ်။ ဘယ်နေ့ကပင် ထွက်ပြေးသွားနေတာ အတိအကျ ပြောဖို့ ခက်ခဲပေမယ့် ဒီသုံးလေးရက်ခဲ့ကပင် သတင်း မပေါက်ကြားအောင် တိတ်တဆိတ် ရှာဖွေနေတယ်လို့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA အကြီးအကဲတွေနဲ့ နီးစပ်သူတစ်ဦးမှတဆင့် ကြားသိရတယ်လို့ သူက ဆက်ပြောပါတယ်။
AR Media Group News
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…