AR Media Group – မတ်လ ၁၀ ရက်၊ ၂၀၂၅။
အာရ်ကာန်ဒေသ၊ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာ ၃၀၀ ကျော်ကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA လူကုန်ကူးအဖွဲ့က တစ်ယောက်စီမှ ငွေ ၅ သိန်းစီယူပြီး လူကုန်ကူးမှုပုံစံနဲ့ တောတောင်အထပ်ထပ် ဖြတ်ပြီး မောင်တောမြို့နယ်မြောက်ပိုင်းရှိ ငန်းချောင်းရွာအထိ ခေါ်ယူလာပြီး ငွေ ၃ သိန်းစီ ထပ်ယူပြီး ဦးကျည့်ချကျေးရွာရှိ ကူးတို့သမားတွေဆီ လိုက်ပို့ပေးပြီး ဘင်္ဂဒေရှ့်ဖက်သို့ တွန်းပို့ရန် ကြိုးစားနေတယ်လို့ သတင်းရရှိပါတယ်။
အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က မောင်တော နခခ(၅)ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် ဘူးသီးတောင်မြို့နယ်မှ နေ့စဥ်ရက်ဆက် နို့စိုးကလေးတွေ အပါအဝင် သက်ကြီးရွယ်အိုတွေ ပါဝင်ကြတဲ့ ရိုဟင်ဂျာ အယောက် ၃၀/၄၀ ကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA လူကုန်ကူးအဖွဲ့က တစ်ယောက်စီမှ သိန်း ၁၅ ကျပ်စီ ယူပြီး လူကုန်ကူးမှုပုံစံနဲ့ ဘူးသီးတောင်-မောင်တောကားလမ်းကနေ မောင်တောမြို့နယ်သို့ တီဗာကားတွေဖြင့် သယ်ယူလာပြီးနောက် ဘင်္ဂဒေချ့်ဖက်သို့ တွန်းပို့ပေးကာ ဘူးသီးတောင်မြို့နယ်ဟာ ရိုဟင်ဂျာကင်းမဲ့ဇုံဖြစ်အောင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ရဲ့ ကြံစည်မှုတွေ ပါလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ အာရ်ကာန်ဒေသအရေးစောင့်ကြည့်လေ့လာသူ တစ်ဦးက AR Media နဲ့ ဆက်သွယ်လာ ပါတယ်။
ယမန်နေ့ မတ်လ ၉ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းမှနို့စိုးကလေးတွေ အပါအဝင် ရိုဟင်ဂျာ ၃၀၀ ကျော် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA/ULA လူကုန်ကူးမှုအဖွဲ့က တစ်ယောက်စီမှ ငွေ ၅ သိန်းစီ ယူပြီး မေယုတော တောင်အထပ်ထပ်ကို ဒုက္ခမျိုးစုံနဲ့ လမ်းလျှောက်ဖြတ်ကာ ငန်းချောင်းရွာရဲ့ အရှေ့ဖက်ရှိ တောင်ခြေတွင် စုစည်းပြီး ယမန်နေ့ နေလယ်ပိုင်းတွင် ငန်းချောင်းရွာထိ ခေါ်ယူလာခဲ့တယ်။ အဲ့ဒီ ရွာမှတစ်ဆင့် နော်စိန်နာ မည်နဲ့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA နယ်မြေမှူးဆိုသူက တစ်ယောက်စီမှ ထပ်ပြီးတော့ ၃ သိန်းစီ ယူပြီး မောင်တောမြောက်ပိုင်းရှိ ဦးကျည့်ချကျေးရွာကို တီဗာကားတွေဖြင့် လိုက်ပို့တယ်။ အဲ့ရွာမှာ ရှိတဲ့ ကူးတို့သမားတွေနဲ့ ချိတ်ဆက်ပြီး ပြန်အပ်လိုက်တယ်။ သူတွေ(ကူးတို့သမားတွေ)က လူကုန်ကူးမှု ခံရတဲ့ ရိုဟင်ဂျာအားလုံးအား ဘင်္ဂလားဒေ့ချ်ဖက်သို့ တွန်းပို့ပေးရန် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AAရဲ့ ဖိအားပေး ခံနေရတယ်။ ယခု လူကုန်ကူးမှုခံရတဲ့ ရိုဟင်ဂျာအားလုံး ဦးကျည့်ချကျေးရွာရှိ ကူးတို့သမားတွေရဲ့ နေအိမ် တွေမှာ သောင်တင်နေတယ်လို့ သတင်းရင်းမြစ်အရ သိရှိရပါတယ်။
အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က မတရား ဖမ်းဆီးမှုတွေကြောင့် ကြောက်ရွံပြီး ရိုဟင်ဂျာလူငယ်တွေ အနေဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ပြေး ခိုလှုံဖို့ ထွက်ပေါက်ရှာနေသည်ကို အခွင့်ကောင်းယူပြီး အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင် တချို့က လူကုန်ကူး လုပ်ကိုင်လာကြတယ်။ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်တွေနှင့် သူတို့၏လက်ကိုင်တုတ်တွေ ပူးပေါင်းပြီး လူကုန်ကူးမှုတွေကို တရားဝင် ပေါ်ပေါ်တင်တင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေတယ်။အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA တစ်ဖွဲ့တည်းထဲမှ တစ်ချို့က ကိုယ်ရွာကနေ နှင်ထုတ်တယ်၊ နောက်တစ်ချို့က ပိုက်ဆံတပုံကြီးယူပြီး မောင်တောအထိ သယ်လာပေးတယ်၊ နောက်တစ်ချို့က နောက်ထပ်တပုံကြီးယူပြီး ဘဂ်လားသွားခွင့် ပေးတယ်။ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA/ULA က ပိုက်ဆံလည်းရ၊ လူငယ်တွေကိုလည်း တိုင်းပြည်ကနေ အေးအေးဆေးဆေး ပုံစံသစ်တစ်မျိုးဖြင့် မောင်းထုတ်နေတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ဗျာ”လို့ ရိုဟင်ဂျာပညာတတ်တချို့က
AR Media ကို ပြောပါတယ်။
( AR Media Group) မတ်လ - ၁၅ ရက် - ၂၀၂၅ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အကြံပေးအရာရှိချုပ် ဒေါက်တာ ယုနုစ်နှင့်…
AR မီဒီယာ၊ ရက်စွဲ- ၁၄၊၀၃၊၂၀၂၅။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ နိုဘယ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ်နဲ့အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး…
AR Media Group မတ်လ ၁၄ ရက် ၊ ၂၈၂၅ အထွေထွေအတွင်းရေးမှူးချုပ် ၊ကုလသမဂ္ဂ ကုလသမဂ္ဂဌာနချုပ်၊ အကြံပေးအရာရှိချုပ် ၊ ဘင်္ဂလားဒေ့ရှ် အစိုးရ၊…
AR Media Group မတ်လ ၁၄ ရက် ၊ ၂၀၂၅ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ ကော့စ်ဘဇားရှိ အကြီးဆုံးဒုက္ခသည်စခန်းတွင် ယနေ့ ကျွန်ုပ်တို့…
AR MEDIA GROUP မတ်လ ၁၄ ရက် ၊ ၂၀၂၅ ရိုဟင်ဂျာဒုက္ခသည်စခန်း 20 တွင် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ရာ လူ ခုနစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်။…