AR Media Group မတ် ၁၀ ရက် ၊ ၂၀၂၅
ဘူးသီးတောင်မြို့နယ်အလယ်ပိုင်း ရိုဟင်ဂျာကျေးရွာတွေဖြစ်တဲ့ ပြင်ရှည်ကျေးရွာ (လာမ်ဘာဘီလ်)၊ ကြက်မောက်တောင် (မြောက်)ရွာ (ရှော်ဒေါရ်ဖာရာ)၊ ကြက်မောက်တောင်(တောင်)ရွာ (ဟာဒိမ်မာဖာရာ)နဲ့ ဒဗြုချောင်းကျေးရွာ (ဒဘုရုညောင်) စတဲ့ ရွာ (၄)ရွာက ဒေသခံ ရိုဟင်ဂျာတွေကို မူလနေရပ်ရွာတွေကနေ အကြမ်းဖက် ရခိုင်လက်နက်ကိုင် ULA/AA က ဖယ်ရှားခဲ့ပြီး ပုလဲတောင် (မော်နာဖာရာ)နဲ့ ပြင်ရှည် (လာမ်ဘာဘီလ်) ကြားက လယ်ကွင်းတွေမှာ ပြန်လည်နေရာချထားပေးနေတယ်လို့ သတင်းရရှိပါတယ်။
ဒဗြုချောင်းကနေ ပြင်ရှည်အထိ ရိုဟင်ဂျာရွာတွေကို AA က သိမ်းယူထားပြီး ရိုဟင်ဂျာ ရွာသူရွာသားတွေကို နေရာအသစ် ချထားပေးနေတယ်လို့ ဘူးသီးတော အကြမ်းဖက် ရခိုင်လက်နက်ကိုင်င် ULA/AA နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က အတည်ပြုပါတယ်။
အကြမ်းဖက် ရခိုင်လက်နက်ကိုင်AA ချထားပေးတဲ့ နေရာသစ်မှာ ရာနဲ့ချီတဲ့ ရိုဟင်ဂျာမိသားစုတွေဟာ အစစအရာရာ လိုအပ်ချက်တွေ ရှိနေပြီး စားနပ်ရိက္ခာ၊အဝတ်အထည်နဲ့ နေရာထိုင်ခင်းအတွက် လိုအပ်တဲ့ အမိုးအကာ အိမ်အသုံးအဆောင် တွေစတဲ့ လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေတယ်လို့ နေရပ်ရွေ့ပြောင်းခံရသူတွေနဲ့ လတ်တလော အဆက်အသွယ်ရ ခဲ့သူတွေက AR Media သတင်းဌာနကို ပြောပါတယ်။
အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ဘက်က လယ်မြေတွေထဲ အိမ်ဆောက်နေဖို့ မြေကွက်နဲ့ ဝါးတချို့ အမိုးအကာတချို့ ထုတ်ပေးပေမယ့် ဖူလုံမှု မရှိဘူးလို့ သိရပါတယ်။ ကလေးသူငယ်များနဲ့ အသက်ကြီးရွယ်အိုများအတွက် အရေးအပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။
အကြမ်းဖက် ရခိုင်လက်နက်ကိုင် ULA/AA အနေနဲ့ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရိုဟင်ဂျာတွေကို သူတို့ရဲ့ မူလနေထိုင်ရာ ကျေးရွာတွေကနေ ဖယ်ရှားနေတာနဲ့ ပတ်သက်ပြီး တိတိကျကျ သတင်းထုတ်ပြန်ဖို့ပေးဖို့ လိုအပ်တယ်လို့ ရိုဟင်ဂျာအရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းက ရိုဟင်ဂျာကျေးရွာတွေဖြစ်တဲ့ မောင်ကြီးတောင် (ရှာဗ်ဘာဇာရ်)၊ အောင်လံပြင် (မော်ရီဆာဘိလ်)၊ အောင်လံပြင် (အော်လီဘာဖာရာ)၊ သရေကုန်းတန်း (ရှိုက်ရီခူနာ)၊ မောင်လှမ (ရောင်ဖာရာ)၊ င/ကျဉ်တောက်၊ ဘဒနာ၊ ကူမီခါလီ၊ မီးကျောင်းခေါင်းဆွဲ၊ ကုန်းတန်း၊ လောင်းချောင်း (ရုဆာနာဘီလ်)၊ အိုရီယာဖာရာ၊ ဘဇာရ်ဖာရာ စတဲ့ ရိုဟင်ဂျာကျေးရွာတွေကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ဖိအားပေး ဖယ်ရှားနေပြီး မေယုမြစ်အရှေ့ပိုင်းနေရာမှာ ပြန်လည်နေရာချထားပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အလားတူ အတွင်းငှက်သေကျေးရွာ (ကီယာဇိန်ဂါဖာရာ)၊ ပြာပင်ရင်း (စီတောရ်ဖာရာ)၊ ထန်းရှောက်ခံ (ဟောယ်ယာစီရီ)၊ ရွက်ညိုတောင်ကျေးရွာ (၃)ရွာဖြစ်တဲ့ (ရောင်ဂယျာတောင်-အလယ်)၊ (ဖောရ်နီဘာရှာ)၊ (ရောင်ဂယျာတောင်-တောင်ရွာ)၊ ကွန်တိုင် ကျေးရွာ အုပ်စု၊ သရက်ကင်းမနု (သာရာက်ကူနီ) စတဲ့ ရိုဟင်ဂျာကျေးရွာတွေကိုလည်း ဖယ်ရှားရှင်းလင်းနေတယ်လို့ ကနဦး သတင်းရရှိထားပြီး အသေးစိတ် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အကြမ်းဖက် ရခိုင်လက်နက်ကိုင် ULA/AA က ဘူးသီးတောင်မြို့နယ်အတွင်း ရိုဟင်ဂျာကျေးရွာတွေကို မူလဖွဲ့စည်းပုံအတိုင်း မထားတော့ဘဲ ကျေးရွာအများစုကို မူလနေရပ်ကနေ ဖယ်ရှားပြီး IDP စခန်းတွေပုံစံ နေရာအသစ် ချထားပေးဖို့ ပြင်ဆင်နေတယ်လို့ ဘူးသီးတောင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် ULA/AA နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။ဒါ့အပြင်ရိုဟင်ဂျာအမည်တွေနဲ့ ရှိနေတဲ့ ကျေးရွာအမည်တွေကိုလည်း အမည်ပြောင်းလဲဖို့ ပြင်ဆင်နေတယ်လို့ အဆိုပါ သတင်းအရင်းအမြစ်က ဆိုပါတယ်။
ဖုန်းနဲ့ အင်တာနက် ဖြတ်တောက်ခံထားရပြီး ဘင်္ဂလားဒေ့ရှ် ဆင်းကဒ်သုံးစွဲမှုကိုပါ ပိတ်ပင်ထားတာကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း အခြေအနေတွေကို အချိန်နဲ့တပြေးညီ သိရှိရဖို့ အခက်အခဲများစွာရှိနေပါတယ်။
AR Media Group
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…