( AR Media Group) မတ် ၁၃ ရက် ၊ ၂၀၂၅
အာရ်ကာန်ဒေသ၊ ဘူးသီးတောင်မြို့နယ် နှင့် မောင်တောမြို့နယ်တွင် အကြမ်းဖက်ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) မှ ထိန်းချုပ်ထားသည့်ဒေသများအတွင်း ကျန်ရှိနေသည့် ရိုဟင်ဂျာ များသည် အိမ်တွေဆွယ်စွန့်ခွာရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည်။
မတ်လ ၁၂ ရက်နေ့က ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာရွာများတွင် အကြမ်းဖက်ရခိုင်လက်နက်ကိုင်အဖွဲ့ AA မှ ဖိအားပေးမှုများ ပြင်းထန်လာခြင်းကို ဒေသခံ လူငယ်များက AR Media Group ကို ပြောကြားခဲ့သည်။ ထိုဖိအားပေးမှုများတွင် အိမ်ခြံမြေများစွန့်ခွာရန် ခြိမ်းခြောက်မှုများနှင့် တိုက်တွန်းမှုများ ပါဝင်သည်။
အထူးသဖြင့် မောင်တောမြို့နယ်နှင့် နယ်စပ်ချီမယ့် မေယုတောင်တန်း၏ အနောက်ဘက်ဒေသများတွင် ရိုဟင်ဂျာရွာများကို စွန့်ခွာခိုင်းခြင်းက ပိုမိုပြင်းထန်လာသည်ဟု မောင်ကြီးတောင်ရွာ လူငယ်တစ်ဦးက AR Media Group ကို ထပ်မံပြောကြားသည်။ အကြမ်းဖက်ရခိုင်လက်နက်ကိုင်အဖွဲ့ AA မှ အကြမ်းဖက်စစ်စခန်းများတည်ဆောက်ရန် အစီအစဉ်များ ဆောင်ရွက်နေသည်ဟုလည်း သိရှိရသည်။
၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီနှင့် အကြမ်းဖက်ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့သည့် ရိုဟင်ဂျာစစ်ဘေးရှောင်များကို မည်သည့်အခန်းကဏ္ဍမှ ပြန်လည်နေရာချထားခြင်း မရှိသေးကြောင်း ဒေသခံများက ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းအခြေအနေများကြောင့် ဘူးသီးတောင်နှင့် မောင်တောရှိ ရိုဟင်ဂျာမှုစွလင်များသည် ဘေးကင်းသောနေရာများသို့ ထွက်ပြေးရန် အတင်းအဓမ္မ ခံစားနေရသည်။
AR Media Group
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…