Categories: Blog

ရိုဟင်ဂျာ ဒုက္ခသည်သစ်တွေ အသိအမှတ်ပြုလက်ခံရေး လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို

AR MEDIA GROUP မတ်လ ၁၂ရက်၊ ၂၀၂၅

ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို နောက်ထပ်ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည် အသစ်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံပေးရေး တိုက်တွန်းပေးဖို့ ကုသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့ ဆယ်ဖွဲ့က မတ်လ ၁၀ ရက်နေ့က စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။ဂူတားရက်စ်ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မတိုင်ခင် Human Rights Watch နဲ့ Fortify Rights အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်အရေးနဲ့ ပတ်သက်ပြီး အချက် ၁၁ ချက်ကို တောင်းဆိုခဲ့ရာမှာ အခုလို ထည့်သွင်းတောင်းဆိုတာပါ။ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအနေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ပူးပေါင်းပြီး ထပ်မံထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ်လက်ခံပြီး လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ရိုဟင်ဂျာ ဒုက္ခသည်အားလုံးဟာ ထောက်ပံ့ကူညီမှု၊ စားဝတ်နေရေး၊ ပညာရေးနဲ့ လွတ်လပ်စွာသွားလာခွင့်အတွက် အာမခံချက်ရရှိသင့်ပြီး မြန်မာနိုင်ငံကို အဓမ္မပြန်ပို့တာနဲ့ အဓမ္မနေရာပြောင်းရွှေ့တာမျိုးတွေ မလုပ်ဆောင်သင့်ဘူးလို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးက ဒုက္ခသည်ပြဿနာရဲ့ တစ်ခုတည်းသော နည်းလမ်းလို့ဆိုပေမဲ့ လက်ရှိ မြန်မာနိုင်ငံအခြေအနေဟာ နေရပ်ပြန်ဖို့အတွက် လုံခြုံမှုမရှိသေးဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ကုသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ယူနွတ် (Muhammad Yunus) နဲ့အတူ ဘဂ်လားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို မတ်လ ၁၄ ရက်နေ့မှာ သွားရောက်လည်ပတ်ဖို့ ရှိနေတာဖြစ်ပါတယ်။_________ဘင်္ဂလားဒေ့ရှ်နိုင်ငံ က

AR Media Group

Karim Sha

Recent Posts

BGB Seizes Yaba Shipment and Weapons Following Border Clash with Alleged RSO Members

The Rohingya Solidarity Organization, among the groups, has been operating in public and government view…

15 hours ago

ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ AA က ရိုဟင်ဂျာအရပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွား

AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…

1 day ago

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီး ပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံး

AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…

2 days ago

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ခါလီလူရာမန်သည် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရ

AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…

2 days ago

Rohingya Residents Report Extortion and Misconduct by ULA Terrorist Deputy Township Official in Northern Maungdaw

AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…

4 days ago

Two Rohingya Youths reportedly arrested by the Arakan Army Terrorists (AA) in northern Maungdaw

AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…

5 days ago