ရိုဟင်ဂျာ ဒုက္ခသည်သစ်တွေ အသိအမှတ်ပြုလက်ခံရေး လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို
AR MEDIA GROUP မတ်လ ၁၂ရက်၊ ၂၀၂၅
ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို နောက်ထပ်ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည် အသစ်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံပေးရေး တိုက်တွန်းပေးဖို့ ကုသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့ ဆယ်ဖွဲ့က မတ်လ ၁၀ ရက်နေ့က စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။ဂူတားရက်စ်ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မတိုင်ခင် Human Rights Watch နဲ့ Fortify Rights အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်အရေးနဲ့ ပတ်သက်ပြီး အချက် ၁၁ ချက်ကို တောင်းဆိုခဲ့ရာမှာ အခုလို ထည့်သွင်းတောင်းဆိုတာပါ။ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအနေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ပူးပေါင်းပြီး ထပ်မံထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ်လက်ခံပြီး လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ရိုဟင်ဂျာ ဒုက္ခသည်အားလုံးဟာ ထောက်ပံ့ကူညီမှု၊ စားဝတ်နေရေး၊ ပညာရေးနဲ့ လွတ်လပ်စွာသွားလာခွင့်အတွက် အာမခံချက်ရရှိသင့်ပြီး မြန်မာနိုင်ငံကို အဓမ္မပြန်ပို့တာနဲ့ အဓမ္မနေရာပြောင်းရွှေ့တာမျိုးတွေ မလုပ်ဆောင်သင့်ဘူးလို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးက ဒုက္ခသည်ပြဿနာရဲ့ တစ်ခုတည်းသော နည်းလမ်းလို့ဆိုပေမဲ့ လက်ရှိ မြန်မာနိုင်ငံအခြေအနေဟာ နေရပ်ပြန်ဖို့အတွက် လုံခြုံမှုမရှိသေးဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ကုသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ယူနွတ် (Muhammad Yunus) နဲ့အတူ ဘဂ်လားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို မတ်လ ၁၄ ရက်နေ့မှာ သွားရောက်လည်ပတ်ဖို့ ရှိနေတာဖြစ်ပါတယ်။_________ဘင်္ဂလားဒေ့ရှ်နိုင်ငံ က
AR Media Group
Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…