Categories: Blog

အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် BIMSTEC ညီလာခံအတွင်း တွေ့ဆုံ

AR Media Group (ဧပြီ ၄၊ ၂၀၂၅)

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နရီန်ဒရာမိုဒီသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော BIMSTEC ထိပ်သီးညီလာခံအတွင်း မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဧပြီ ၄ ရက် (သောကြာနေ့) တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်မိုဒီက လူမှုကွန်ရက် X တွင် ပို့စ်တင်ပြောကြားခဲ့ခြင်းအရ၊ မကြာသေးမီက မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် သက်တမ်းဆုံးရှုံးမှုများနှင့် ပစ္စည်းဥစ္စာပျက်စီးမှုများအတွက် ဝမ်းနည်းစကားပြောကြားခဲ့ပြီး၊ ထိုဘေးဒဏ်မှ ကျရောက်သူများအား ကူညီရန် အိန္ဒိယနိုင်ငံမှ အသင့်အတင့်အကူအညီများ ပေးဆောင်နေကြောင်း ဖော်ပြခဲ့သည်။

“အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးအပါအဝင် ဆက်သွယ်ရေး၊ စွမ်းရည်တိုးတက်ရေးနှင့် အထောက်အပံ့ဖွံ့ဖြိုးရေးကဏ္ဍများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်” ဟုလည်း ဝန်ကြီးချုပ်မိုဒီက ရေးသားဖော်ပြထားသည်။

AR Media Group

Editor

Recent Posts

AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို အဝင် ပိတ်ပင်လိုက်ပြီး မောင်တောမြောက်ပိုင်းသို့ အင်းအား ဖြည့်တင်းနေ

Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…

1 month ago