(AR Media Group)ဧပြီ ၄ – ၂၀၂၅
ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ရောက်ရှိနေပြီး လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အာဂျင်တီးနား ဖက်ဒရယ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပို) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းကို Burmese Rohingya Organisation UK က တောင်းဆိုလိုက်ပါတယ်။
ဘန်ကောက်မြို့မှာ BIMSTEC အစည်းအဝေးတက်ရန်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက ဖမ်းဆီးပေးဖို့ တာဝန်ရှိတယ်လို့ BROUK အဖွဲ့က တိုက်တွန်းထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အာဂျင်တီးနားနိုင်ငံ တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပြီး အခုလ ၁ ရက်နေ့မှာပဲ စစ်ခေါင်းဆောင်ကို ဖမ်းဆီးဖို့ အင်တာပိုထံ အကြောင်းကြားထားပြီးသားဖြစ်တယ်လို့ BROUK အဖွဲ့က ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံဟာ ၁၉၅၁ ခုနှစ်ကတည်းက အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် ဝရမ်းထုတ်ခံရသူကို အဖွဲ့ဝင်နိုင်ငံတွေအတွင်း တွေ့ရှိပါက တရားရုံးကို တရားဝင်လွှဲပြောင်းပေးနိုင်တယ်လို့ BROUK က ဆိုပါတယ်။ AR Media Group
Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…
Residents living across northern Arakan State and communities situated along the foothills of the Rakhine…
KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…
It has been reported that the Myanmar military forces have reportedly launched a large-scale offensive…
Arakan Army using it as a shelter A Myanmar military airstrike killed at least seven…
Myanmar has officially recognized 283,086 Rohingya refugees currently residing in Bangladesh as "persons who previously…