တက္ကနပ်ဆိပ်ကမ်းမှ မောင်တောသို့ ပစ္စည်းတွေ တင်ပို့နေပုံ။
AR Media Group- မတ်လ ၂၈ ရက်၊ ၂၀၂၅။
အာရ်ကန်တကျော့ပြန်စစ်ပွဲစတင်ခဲ့တဲ့ ၂ဝ၂၃ ခုနှစ်၊နိုဝင်ဘာလကတည်းက အာရ်ကန်-ဘင်္ဂလားနယ်ကုန်သွယ်ရေးတွေ ရပ်တန့်သွားခဲ့ပေမယ့် ၂၀၂၅ ခုနှစ်၊ နှစ်စကတည်းက ကုန်သွယ်ရေး ပြန်လည်စတင်နေကြတယ်လို့ မောင်တောဒေသခံတွေနှင့် တခ်နာဖ်မြို့ခံများက ဆိုကြပါတယ်။
ဒီနှစ်ဆန်းစကပင် မောင်တောမြို့နယ် ကညင်ချောင်းစီးပွားရေးဇုန်နဲ့ POE နယ်စပ်ကုန်သွယ်ဆိပ်ကမ်းဟောင်းတို့မှ ဆန်၊ သစ် စတာတွေကို ဘဂ်လားဒေ့ချ်နယ်စပ် တက္ကနပ်ဆိပ်ကမ်းသို့ အဓိကတင်ပို့နေသလို ဘင်္ဂလားဖက်မှလည်း မောင်တောဖက်သို့ ဘိလပ်မြေ၊ သံချောင်း၊ကြက်သွန်နီ၊ အာလူး စတဲ့ပစ္စည်းတွေကို အဓိကပြန်လည်တင်သွင်း နေကြတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။
အာရ်ကန်-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးကို ကညင်ချောင်းစီးပွားရေးဇုန် ဆိပ်ကမ်း၊ မကျည်းချောင်းဆိပ်ကမ်း၊ POE နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းဟောင်း၊ ငခူးရဆိပ်ကမ်းနဲ့ တောင်ပြိုဆိပ်ကမ်း တို့မှ နားလည်မှုတွေနဲ့ ကုန်သွယ်နေကြသလို ကျွဲ၊ နွား၊ ဆိတ်အပါအဝင် ဂဏန်း၊ ငါး၊ တခြား ထွက်ကုန်တချို့ကိုတင်ပို့နေကြပြီး ဘိလပ်မြေ၊ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးတွေကို တင်သွင်းနေကြတယ်။ အကြမ်းဖက် ရခိုင်လက်နက်ကိုင် ULA/AA တပ်မှူးချုပ်၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက္ခမ၊ ဦးစံကျော်လှ ဥက္ကဠတာဝန်ယူထားတဲ့ ဗဟိုအာရ်ကာန် ကုန်သည်ကြီးများအသင်းက ကုန်သွယ်ရေးကိစ္စတွေကို စီမံလုပ်ဆောင်နေတာလို့ ကုန် သည်တွေက ဆိုကြပါတယ်။
ခုက နားလည်မှုအဆင့်နဲ့ အပြန်အလှန်ကုန်သွယ်နေကြတာပါ။ ဘဂ်လားဒေ့ချ်နိုင်ငံ ဗဟိုအစိုးရရဲ့ သဘောတူညီချက်တွေနဲ့ သေချာလုပ်နိုင်ရင် ပိုအဆင်ပြေပါမယ်။ နောက်ပြီးဒေသထွက်ကုန် များများထွက်အောင်လုပ်ပြီး များများတင်ပို့နိုင်ရင် ပိုအဆင်ပြေမယ်။ ခုက အဆင်ပြေသလို နိုင်သမျှလုပ်နေကြတာပါ။” လို့ မောင်တောမြို့မှ အကြမ်းဖက်ရခိုင်လက်နက်ကိုင် အဖွဲ့ကုန်သည်တစ်ဦးမှ Media ကို ပြောပါတယ်။
AR Media Group
Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…
Residents living across northern Arakan State and communities situated along the foothills of the Rakhine…
KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…
It has been reported that the Myanmar military forces have reportedly launched a large-scale offensive…
Arakan Army using it as a shelter A Myanmar military airstrike killed at least seven…
Myanmar has officially recognized 283,086 Rohingya refugees currently residing in Bangladesh as "persons who previously…