( AR Media Group) မတ် ၁၃ ရက် ၊ ၂၀၂၅
အာရ်ကာန်ဒေသ၊ ဘူးသီးတောင်မြို့နယ် နှင့် မောင်တောမြို့နယ်တွင် အကြမ်းဖက်ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) မှ ထိန်းချုပ်ထားသည့်ဒေသများအတွင်း ကျန်ရှိနေသည့် ရိုဟင်ဂျာ များသည် အိမ်တွေဆွယ်စွန့်ခွာရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည်။
မတ်လ ၁၂ ရက်နေ့က ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာရွာများတွင် အကြမ်းဖက်ရခိုင်လက်နက်ကိုင်အဖွဲ့ AA မှ ဖိအားပေးမှုများ ပြင်းထန်လာခြင်းကို ဒေသခံ လူငယ်များက AR Media Group ကို ပြောကြားခဲ့သည်။ ထိုဖိအားပေးမှုများတွင် အိမ်ခြံမြေများစွန့်ခွာရန် ခြိမ်းခြောက်မှုများနှင့် တိုက်တွန်းမှုများ ပါဝင်သည်။
အထူးသဖြင့် မောင်တောမြို့နယ်နှင့် နယ်စပ်ချီမယ့် မေယုတောင်တန်း၏ အနောက်ဘက်ဒေသများတွင် ရိုဟင်ဂျာရွာများကို စွန့်ခွာခိုင်းခြင်းက ပိုမိုပြင်းထန်လာသည်ဟု မောင်ကြီးတောင်ရွာ လူငယ်တစ်ဦးက AR Media Group ကို ထပ်မံပြောကြားသည်။ အကြမ်းဖက်ရခိုင်လက်နက်ကိုင်အဖွဲ့ AA မှ အကြမ်းဖက်စစ်စခန်းများတည်ဆောက်ရန် အစီအစဉ်များ ဆောင်ရွက်နေသည်ဟုလည်း သိရှိရသည်။
၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီနှင့် အကြမ်းဖက်ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့သည့် ရိုဟင်ဂျာစစ်ဘေးရှောင်များကို မည်သည့်အခန်းကဏ္ဍမှ ပြန်လည်နေရာချထားခြင်း မရှိသေးကြောင်း ဒေသခံများက ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းအခြေအနေများကြောင့် ဘူးသီးတောင်နှင့် မောင်တောရှိ ရိုဟင်ဂျာမှုစွလင်များသည် ဘေးကင်းသောနေရာများသို့ ထွက်ပြေးရန် အတင်းအဓမ္မ ခံစားနေရသည်။
AR Media Group
AR MEDIA GROUP မတ်လ ၁၄ ရက် ၊ ၂၀၂၅ ရိုဟင်ဂျာဒုက္ခသည်စခန်း 20 တွင် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ရာ လူ ခုနစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်။…
AR Media Group မတ်လ ၁၃ ရက် ၊ ၂၀၂၅ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဖို့ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကို ရိုဟင်ဂျာအရေးနဲ့…
AR Media News - မတ်လ ၁၃ ရက်၊ ၂၀၂၅ ။ အာရ်ကာန်ဒေသ ၊ မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာရဲ့ အနောက်ဖက်ရှိ နယ်စပ်ခြံစည်းရိုးနားတွင်…
AR Media Group မတ်လ ၁၃ ရက် ၊၂၀၂၅ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် မတ်လ ၁၃…
AR Media- မတ်လ ၁၃ ရက်၊ ၂၀၂၅။ အာရ်ကာန်ဒေသ၊ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ရတဲ့ ရိုဟင်ဂျာတွေကို ဒီလ မကုန်ဆုံးမီ ရက်သတ္တပတ် ၁/၂ ပတ်အတွင်း…
AR Media - မတ်လ ၁၃ ရက်၊ ၂၀၂၅။ အာရ်ကာန်ဒေသ၊ မောင်တောမြောက်ပိုင်းက ငန်းချောင်းကျေးရွာတွင် နေထိုင်ကြတဲ့ ရိုဟင်ဂျာပြည်သူတွေမှာ အကြောက်တရား အောက်တွင် နေထိုင်နေရပြီး…