AR Media – ဧပြီလ ၅ ရက်၊ ၂၀၂၅။
အာရ်ကာန်ဒေသ၊ မောင်တောမြို့ပေါ်တွင် ဖောက်ထွင်း၊ ခိုးယူသူတွေကို အကြမ်းဖက် ရခိုင်အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA/ULA က ဖမ်းဆီးပြီး အပြစ်ပေးလျက်ရှိရာ သုံးလအတွင်း လူဦးရေ ၁ဝဝ ကျော်အထိ ဖမ်းဆီးအပြစ်ပေးခဲ့သလို ရိုဟင်ဂျာရွာတွေ မှာလည်း နေရပ်ပြန်သူတွေထဲက ဖောက်ထွင်း၊ ခိုးယူသူတွေမှုတွေ တအားများလို့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AAအနေနဲ့ ကွင်းဆင်းလေ့လာပြီးတော့ ပြစ်မှုတွေ ကျူးလွန်သူတွေအား ဖမ်းဆီးပြီး အပြစ်ပေးအရေးယူသွားဖို့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက တောင်းဆိုနေပါတယ်။
၂၀၂၅ ဇန်နဝါရီလ ၁ ရက်မှ ယနေ့ ဧပြီလ ၃ ရက်အထိ မောင်တောမြို့ပေါ်တွင် ဖောက်ထွင်း၊ ခိုးယူသူ ရခိုင်နဲ့ ဟိန္ဒူဦးရေ ၁၀၀ ကျော်ခန့်အား အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ဖမ်းဆီးပြီး ပြစ်မှုကြီးစဉ်ငယ်လိုက် အပြစ်ပေးလျက်ရှိ သည်ကိုအကြမ်းဖက် ရခိုင်လက်နက်ကိုင် AA နဲ့နီးစပ်သူတွေထံမှ သိရပါတယ်။
ခိုးယူခဲ့တဲ့ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခံရတဲ့ ရခိုင်နဲ့ ဟိန္ဒူ ၁၀၀ ကျော်လောက်ရှိနေတယ်လို့ သိရတယ်။ UNICEF ရုံးက ဗလာစာအုပ် အထုပ်တွေခိုးယူတဲ့ခေါင်းဆောင်နှစ်ဦးကို ထောင် ၃ နှစ်အထိချမှတ်ထားတယ်၊ နောက် အသေးအမွှားခိုးယူသူတွေ ကြီးစဉ်ငယ်လိုက် အချုပ်ခံရတာ။ ခြောက်ပေါက်ထည့်ပြီး အပြစ်ပေးတာတွေလည်း ရှိတယ်။
အပြစ်ပေးတဲ့ ၁ဝဝ ကျော်ထဲတွင် မောင်တောမြို့ရှိ ကုလသမဂ္ဂကလေးတွေ ရန်ပုံငွေအဖွဲ့(UNICEF)ရုံးမှ ဗလာစာအုပ် အထုပ်များခိုးယူသူ ခေါင်းဆောင် နှစ်ဦးအား ထောင်ဒဏ် ၃ နှစ်အထိချမှတ်ထားကြောင်း မြို့မအရှေ့ရပ်ကွက်နေ အမျိုးသမီး တဦးက AR Media ကို ပြောတယ်။
အလားတူစွာ မကြာသေးခင်က နေရပ်ပြန်ကြတဲ့ မောင်တောမြို့ပေါ်နဲ့ နီးစပ်ရာ ရပ်ကွက်(၅)၊(၃)၊ လသာရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ရွှေဇား၊ ပန်းတောပြင်၊ ညောင်ချောင်းကျေးရွာတွေမှာလည်း တိုက်ပွဲအတွင်း တဖက်ဘဂ်လားနိုင်ငံကို စစ်ဘေးရှောင်ရတဲ့ ရိုဟင်ဂျာပြည်သူတွေရဲ့ နေအိမ်တွေအား ဖောက်ထွင်းပြီး ခိုးယူမှုတွေ တအားများနေတယ်။ ဘာမှ မကျန်အောင် ခိုးယူသွားနေတယ်။ မြို့သိမ်းတိုက်ပွဲအတွင်း သူတွေက စစ်ဘေးရှောင်ရခဲ့တာပါ။ ခုတော့ စစ်ကောင်စီတပ်တွေ ကင်းမဲ့နယ်မြေဖြစ်နေလို့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ထိန်းချုပ်မှုအောက်တွင် စစ်ဘေးရှောင် ရိုဟင်ဂျာပြည်သူတွေ နေရပ်ပြန်ချင်ခဲ့ရာ ထားရစ်ခဲ့ရတဲ့ပိုင်ဆိုင်မှုတွေ ပျောက်ဆုံးနေလို့ ဝမ်းနည်းနေကြတယ်။ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA/ULA အစီအစဥ်နဲ့ နေရပ်ပြန်သူတွေက သွားကြည့်တော့ အိမ်တွေမှာ အားလုံးနီးပါး ပျောက်ဆုံးနေတယ်။ ရိုဟင်ဂျတွေ စစ်ေရှာင်တုန်းကဖောက်ထွင်းခံနေရပြီး ပိုင်ဆိုင်မှုတွေကို သူခိုးတွေက ခိုးယူသွားနေတယ်။ ဒါကြောင့် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA အကြီးအကဲတွေက ကွင်းဆင်းလေ့လာပြီး ပြစ်မှုကျူးလွန်းသူတွေအား ဥပဒေအရ အပြစ်ပေးအရေးယူပေးဖို့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက AR Media မှ တစ်ဆင့် တောင်းဆိုနေကြပါတယ်။
၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်ကာ မောင်တောမြို့ပေါ်မှ စစ်ရှောင်များအား နေရပ်သို့ပြန်လည်နေထိုင်ခွင့်ပေးထားခဲ့ရာ မောင်တောမြို့အတွင်း ဖောက်ထွင်း၊ ခိုးယူမူများမရှိစေရန် ည ၇ နာရီ နောက်ပိုင်း အပြင်မထွက်ကြရန် အကြမ်းဖက် ရခိုင်လက်နက်ကိုင်AA က ဒေသန္တရအမိန့် ထုတ်ပြန်ထားခဲ့တယ်။ မောင်တောမြို့ပေါ်မှာတော့ ည ၇ နာရီဆို အပြင်ကိုလုံးဝမထွက်ရဘူး။ တွေ့ရင် သူခိုးလို့သတ်မှတ်ပြီး ဖမ်းတယ်။ ဒါပေမဲ့ ဖောက်ထွင်းခိုးယူမူတွေက တစ်နေ့ထက်တစ်နေ့ များလာနေတယ်” လို့ မြို့မအနောက်ရပ်ကွက်နေ မောင်လှမြင့်က ပြောကြားခဲ့တယ်။
The situation of Rohingya civilians in Arakan has become a matter of serious concern, particularly…
In the Arakan (Rakhine) region, a terrorist organization known as the United League of Arakan…
Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…
Residents living across northern Arakan State and communities situated along the foothills of the Rakhine…
KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…
It has been reported that the Myanmar military forces have reportedly launched a large-scale offensive…