AR Media Group- ဧပြီလ ၅ ရက်၊ ၂၀၂၅။
အာရ်ကာန်ဒေသ၊ မောင်တောမြောက်ပိုင်းတွင် နေထိုင်ကြတဲ့ ဒေသခံ ရိုဟင်ဂျာပြည်သူတွေမှာ အကြောက်တရားအောက်တွင် နေထိုင်နေရပြီး လုံခြုံစိတ်ချမှုကို မခံစားရဘဲ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA အောက်ခြေတပ်သားတွေရဲ့ အနိုင်ကျင့်စော်ကားမှု၊ နိုင်ထက်စီးနင်းမှုတွေ ခံနေကြရတယ်လို့ သိရှိရပါတယ်။
မောင်တောမြောက်ပိုင်းတွင် နေထိုင်ကြတဲ့ ရိုဟင်ဂျာပြည်သူတွေဟာ အလုပ်အကိုင် မရှိ၊ ပြည်တွင်းပြည်ပ ဝင်ငွေလည်း မရှိပဲနဲ့ စားဝတ်နေရေး အလွန်ပင် ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA တပ်မ(၂)ရဲ့ လက်အောက်ခံ အမှတ်(၃) နယ်မြေအတွင်း ကျရောက်နေတဲ့ သရက်အုပ်၊ ကြက်ရိုးပြင်၊ သူဦးလှ၊ ဓားကြီးစား၊ ရေတွင်းကျွန်း၊ ရေတွင်းပြင်၊ ရွက်ညှိတောင်၊ ဦးကျည့်ချ၊ ငန်းချောင်း၊ ငါးစားကြူး ၊ ငခူးရ၊ သက်ကိုင်ညှာ၊ ကြိမ်ချောင်း စတဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာပြည်သူတွေကို ၂၀၂၄-ခုနစ်၊ဇူလိုင်လမှ စပြီး သွားလာခွင့်ပိတ်ပင်ထားခဲ့သလို ၂၀၂၄ ခုနစ်၊နိုဝင်ဘာလမှ စပြီး အနီးအနားက ရခိုင်ကျေးရွာတွေ ဖြစ်ကြတဲ့ ဖားဝပ်ချောင်း၊ အောင်မဂ်လား၊ ပြားသားရွာ တွေဆီသို့ သွားလာခွင့် လုံးဝပိတ်ပင်လိုက်တယ်လို့ ငခူးရရွာသားတစ်ဦးက AR Media ကို ပြောကြားခဲ့တယ်။
၂၀၁၇ ခုနှစ်တွင် စစ်ကောင်စီက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကျုးလွန်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ဒေသခံ ရိုဟင်ဂျာပြည်သူတွေဟာ မောင်တောမြောက်ပိုင်း၊ သဲချောင်းကျေးရွာမှ မောင်တောတောင်ပိုင်း ကျောက်ပန္တူကျေးရွာအထိ စစ်ကောင်စီ လက်ထက်မှာတောင် လွတ်လပ်စွာ သွားလာခွင့်ရရှိခဲ့ကြပြီး၊ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA လက်ထက်တွင် သွားလာခွင့် ကန့်သတ်ပိတ်ပင်ခံရတယ်။ ဒါကြောင့် ဒေသခံ ရိုဟင်ဂျာတွေ ဒုက္ခမျိုးစုံ နဲ့ ကြုံနေရတဲ့ အခြေအနေမျိုးတွင် ရိုဟင်ဂျာအိမ်ထောင်စုတစ်စုလျှင် တစ်လမှာ ၂ ကြိမ်စီ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA အတွက် အတင်းလုပ်အားပေးနေရသလို ဆက်ကြေးတွေလည်း လစဥ် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ကို ပေးဆောင်နေရတဲ့အပြင် ရိုဟင်ဂျာတွေ ပိုင်ဆိုင်ကြတဲ့ ကားနဲ့ မော်တော်ဆိုက်ကယ်တွေကိုတော့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA အောက်ခြေတပ်သားတွေက ချောဆွဲနေတယ်။ ပိုင်ရှင်တွေထံ ပြန်လည်အပ်နှံ့စဥ် ဆိုက်ကယ်တွေ ပျက်ခဲ့ရင် ရိုဟင်ဂျာပိုင်ရှင်တွေမှာ ပြန်လည်ပြုပြင်ရန် ငွေကြေးတွေ ကုန်ကျလျက်ရှိနေပါတယ်။
ရိုဟင်ဂျာပြည်သူတွေက ဟင်းသီးဟင်းရွက်များစိုက်ပျိုးခြင်းကို အဓိကအားဖြင့် စိုက်ပျိုးပြီး တစ်နှစ်စာအတွက် စုဆောင်းခဲ့ကြတဲ့ ရိက္ခာတွေကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA တပ်သားအချို့က အချိန်မတော် လာရောက်ပြီး လုယက်ယူဆောင်သွားလေ့ရှိနေတဲ့အပြင် ရိုဟင်ဂျာတွေ မွေးမြူထားတဲ့ ကျွဲ၊ နွား တိရစ္ဆာန်တွေ အများအားဖြင့် လောင်းဒုံ၊ ဒိုးတန်းကျေးရွာမှာ စားကျက်လေ့ရှိကြတယ်။ ကျွဲ၊ နွားများကို ရှာဖွေရန် ၎င်းကျေးရွာသို့ သွားရောက်နိုင်ရန်အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှုးနဲ့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA နယ်မြေမှုး ဆီက ထောက်ခံချက် ရရှိမှသာ သွားရောက်ခွင့်ရပြီး၊၎င်းတို့သတ်မှတ်သည်အချိန်အတွင်း ပြန်လည်လာရောက်ကြရတယ်။ ကျွဲ၊ နွားတွေ ပျောက်ဆုံးနေရင် အမှတ်(၃)နယ်မြေရုံးထံ သွားပြီး အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA နယ်မြေမှူးကို တိုင်ကြားခဲ့ရာ ဒုနယ်မြေမှူးအဆင့်ရှိသူက အာဆာရဲ့ ကျွဲ၊နွားများဖြစ်သည်အတွက် ပျောက်ဆုံးခြင်းဖြစ်သည်ဟု ပြန်လည်တုံ့ပြန် လေ့ရှိတယ်။သူရဲ့စွပ်စွဲတုံ့ပြန်ချက်ဟာ လွှဲမှားတဲ့တုံ့ပြန်ချက်သာဖြစ်ပြီး အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA အောက်ခြေတပ်သားအချို့က မြိုလူမျိုးတွေနဲ့ ပူးပေါင်းကာ ခိုးယူရောင်းချနေကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ ရှိတယ်လို့
လောင်းဒုံးရွာသားတစ်ဦးက အခိုင်အမာ ပြောဆိုခဲ့တယ်။
မောင်တောမြောက်ပိုင်းက ရိုဟင်ဂျာပြည်သူတွေအတွက် နေ့ရက်တိုင်းဟာ ကြေကွဲဖွယ်ဖြစ်ကြောင်း၊ ဘယ်နေ့ဘယ်ချိန်မှာ
အကြမ်းဖက် ရခိုင်လက်နက်ကိုင် AAရဲ့ အကြောင်းမဲ့ ဖမ်းဆီးမှုတွေ၊ ရွာကနေ နှင်ထုတ်ခံမှုတွေ၊ ညှဥ်းပန်းနှိပ်စက်မှု၊ စတဲ့ အကြောက်တရားအောက်တွင် နေထိုင်နေရပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ လုံခြုံစိတ်ချမှုကို မခံစား ရကြောင်း၊ ရိုဟင်ဂျာပြည်သူတွေ အနေဖြင့် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ရဲ့ ရက်စက်ကြမ်းကြုတ်မှုဒဏ်၊ နိုင်ထက်စီးနင်းမှု အကျင့်ပျက် ခြစားမှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ နေ့စဥ်လိုလို လုပ်အားပေးနေရမှုတွေ ခါးစည်းခံနေရကြောင်း၊ တခြားမျိုးနွယ်စုလိုမျိုး လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ခံရမှုတွေ၊ လူသားချင်းစာနာမှုအခြေအနေကလည်း အမှန်တကယ်ပင် အလွန်အမင်း ဆိုးရွားလျက်ရှိကြောင်း ကြက်ရိုးပြင်ရွာသားတစ်ဦးက AR Media Group ကို ပြောပါတယ်။
Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…
Residents living across northern Arakan State and communities situated along the foothills of the Rakhine…
KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…
It has been reported that the Myanmar military forces have reportedly launched a large-scale offensive…
Arakan Army using it as a shelter A Myanmar military airstrike killed at least seven…
Myanmar has officially recognized 283,086 Rohingya refugees currently residing in Bangladesh as "persons who previously…