Categories: Blog

ရခိုင်တွင်”ရိုဟင်ဂျာ” ဟူသောစကားလုံးကို သုံးစွဲမှုကို တားမြစ်ထားပြီးလိုက်နာမှုမရှိသူတွေ ပြစ်ဒဏ်ပေးခံရမည်ဟု AA ခြိမ်းခြောက်နေ

AR MEDIA GROUP- မတ်လ ၉ ရက်၊ ၂၀၂၅။

အာရ်ကာန်‌ဒေသ တွင် အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအတွင်း နေထိုင်ကြတဲ့ ဒေသခံရိုဟင်ဂျာပြည်သူတွေအနေနဲ့ သူတို့ရဲ့ လူမျိုးအမည်ဖြစ်တဲ့ “ရိုဟင်ဂျာ” အမည် ရေးမှတ်ပြောဆို သုံးစွဲမှုတွေကို အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က တင်းတင်းကျပ်ကျပ် ပိတ်ပင်တားမြစ်ထားပြီး လိုက်နာမှုမရှိသူတွေအား ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးခြင်းနဲ့ အရေးယူခံရမည်ဖြစ်ကြောင်း နှုတ်ဖြင့် သတိပေးချက်ထုတ်ပြန်ထားပြီး အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ခြိမ်းခြောက်လိုက်တာနဲ့ ရိုဟင်ဂျာတွေ စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

AA ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲတွင် နေထိုင်ကြတဲ့ ဒေသခံ ရိုဟင်ဂျာတွေအနေနဲ့ သူတို့ရဲ့လူမျိုးအမည်ဖြစ်တဲ့ “ရိုဟင်ဂျာ” အမည် ရေးမှတ်ပြောဆို သုံးစွဲမှုကို အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က တင်းကျယ်စွာ ပိတ်ပင်ထားပြီး မလိုက်နာသူတွေအတွက် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးအရေးယူခံရ မည်လို့ သက်ဆိုင်ရာ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA တာဝန်ရှိသူတွေက နှုတ်မိန့် ထုတ်ပြန်ထားတဲ့အပြင် ၎င်းတို့ရဲ့ ရပ်ရွာထဲကို လူသစ်နဲ့သူစိမ်းတွေ ရောက်လာတဲ့ဆိုရင် အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ဆီ ချက်ချင်း အစီရင်ခံဖို့ အမိန့်ပေး ညွှန်ကြားထားပြီး အကယ်၍ တစ်ဦးတစ်ယောက်က ပျက်ကွက်မည်ဆိုပါက ပြစ်ဒဏ်ပေးအရေးယူ ခံရမည် ဖြစ်ပါတယ်။ ထိုသို့သော် အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုများသည် ၎င်းတို့ရဲ့ လွတ်လပ်ခွင့်ကို ပိုမိုကန့်သတ်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ရဲ့ လှုပ်ရှားမှုဟာ ရိုဟင်ဂျာလူထုအပေါ် ပြင်းထန်တဲ့ ထိန်းချုပ်မှုအောက် ဒုက္ခသည်ကဲ့သို့ ထိန်းသိမ်းရန်နဲ့ ခွဲခြားသတ်မှတ်ခြင်း ပုံစံမှန်သမျှကို ဖိနှိပ်ချုပ်ချယ်ရန်နည်းဗျူဟာတစ်ခုဖြစ်တယ်” လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ တိုင်းရင်းသားမျိုးနွယ်စုဖြစ်ဖို့အတွက် ၁၈၂၃ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်တဲ့ မျိုးနွယ်စုဖြစ်ရမယ်လို့ သတ်မှတ်ထားတယ်။ ရိုဟင်ဂျာမျိုးနွယ်စုက ၁၈၂၃ ခုနှစ်မတိုင်ခင်ကတည်းက အာရ်ကာန်ဒေသ (လက်ရှိ ရခိုင်ပြည်နယ်) မှာ ရှိနေခဲ့တဲ့ မျိုးနွယ်စုတစ်စု ဖြစ်တာကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရဆိုရင်လည်း တိုင်းရင်းသားမျိုးနွယ်စုတစ်စု ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံသား ဒေါက်တာဖရန့်စစ်ဘူချနန်ရဲ့ ၁၇၉၉ ခုနှစ် မှတ်တမ်းမှာ အာရ်ကာန်ဒေသမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်လာတဲ့ မွတ်စလင် (မိုဟာမတ်ဒန်) များက သူတို့ကိုယ်သူတို့ ရိုအင်ဂ (ယနေ့ ရိုဟင်ဂျာ) လို့ ခေါ်တယ်လို့ ရေးထားတဲ့အပြင် ရိုဟင်ဂျာ ဘာသာစကား အချို့ကိုပါ သေချာမှတ်တမ်းတင်ထားတယ်။ ဒါက ရိုဟင်ဂျာတွေက ၁၈၂၃ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ရှိခဲ့ပါတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတစ်ခုပါ။ ရိုဟင်ဂျာလူမျိုးကို ဦးနုအစိုးရလက်ထက်မှာ တိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့တာ မဟုတ်ဘဲ ၁၉၃၆ ခုနှစ်ကတည်းက တိုင်းရင်းသား မဲဆန္ဒနယ်က မဲပေးခွင့်၊ ပါဝင်ယှဉ်ပြိုင်ခွင့် ပေးခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲမှာလည်း တိုင်းရင်းသားအဖြစ် ပါဝင်ခွင့်ပေးခဲ့တယ်။ ခေတ်အဆက်ဆက်မှာ ရိုဟင်ဂျာတွေက တိုင်းရင်းသား၊ နိုင်ငံသားများ အားလုံးနဲ့ တန်းတူ လွတ်လပ်စွာ ခရီးသွားလာခွင့်၊ ပညာသင်ကြားခွင့်၊ နိုင်ငံ့တာဝန်ထမ်းဆောင်ခွင့်၊ လွတ်လပ်စွာ ဆေးကုသခွင့်၊ ရောင်းဝယ် ဖောက်ကားခွင့်၊ လွတ်လပ်စွာ လက်ထပ်ခွင့်၊ မွေးဖွားခွင့် စတာတွေအားလုံး ရခဲ့တယ်။ စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်မှာ န.စ.က တည်ထောင်ပြီးမှ အခွင့်အရေးအားလုံးကို ပိတ်ပင်ကန့်သတ်ခဲ့တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတစ်ဦးက AR MEDIA GROUPကို ပြောကြားခဲ့တယ်။

AR MEDIA GROUP

Editor

Recent Posts

ဘဂ်လာဒေ့ချ် ရိုဟင်ဂျာ ဒုက္ခသည်များမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ အိပ်ဖွ‌င့်ပေးစာ။

AR Media Group မတ်လ ၁၄ ရက် ၊ ၂၀၂၅ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ ကော့စ်ဘဇားရှိ အကြီးဆုံးဒုက္ခသည်စခန်းတွင် ယနေ့ ကျွန်ုပ်တို့…

23 minutes ago

စခန်း 20 တွင် လူများစုဝေးရာ ရိုဟင်ဂျာ လေးဦး သေဆုံးခဲ့သည်။

AR MEDIA GROUP မတ်လ ၁၄ ရက် ၊ ၂၀၂၅ ရိုဟင်ဂျာဒုက္ခသည်စခန်း 20 တွင် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ရာ လူ ခုနစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်။…

6 hours ago

ရိုဟင်ဂျာအရေး ဆောင်ရွက်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ်ကို BROUK တောင်းဆို

AR Media Group မတ်လ ၁၃ ရက် ၊ ၂၀၂၅ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဖို့ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကို ရိုဟင်ဂျာအရေးနဲ့…

24 hours ago

နယ်စပ်ခြံစည်းရိုးနားတွင် စစ်လက်ကျန်ဗုံးပေါက်ကွဲလို့ ရိုဟင်ဂျာ ၁ ဦးခြေထောက်တစ်ဖက် ပြတ်ထွက်သွား

AR Media News - မတ်လ ၁၃ ရက်၊ ၂၀၂၅ ။ အာရ်ကာန်ဒေသ ၊ မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာရဲ့ အနောက်ဖက်ရှိ နယ်စပ်ခြံစည်းရိုးနားတွင်…

24 hours ago

ဘင်္ဂလားဒေ့ရှ်ခရီးအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလအကြီးအကဲတွေ့မည်

AR Media Group မတ်လ ၁၃ ရက် ၊၂၀၂၅ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် မတ်လ ၁၃…

1 day ago

မောင်တောမြို့ထဲက စစ်ရှောင်ရိုဟင်ဂျာတွေကို မကြာမီ နေရပ်ပြန်ခွင့်ပေးမယ့်လို့ အစည်းအဝေးအတွင်း အကြမ်းဖက် ရခိုင်က်နက်ကိုင်AA နယ်မြေမှူး ပြော

AR Media- မတ်လ ၁၃ ရက်၊ ၂၀၂၅။ အာရ်ကာန်ဒေသ၊ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ရတဲ့ ရိုဟင်ဂျာတွေကို ဒီလ မကုန်ဆုံးမီ ရက်သတ္တပတ် ၁/၂ ပတ်အတွင်း…

1 day ago