Categories: Blog

မောင်တောမြို့နယ်ရှိ ဦးရှည့်ကျကျေးရွာမှ ရိုဟင်ဂျာလူငယ် သုံးဦးကို အကြမ်းဖက် လက်နက်ကိုင် AA တပ်ဖွဲ့မှ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့၏ ဦးခေါင်းခွံများ နှစ်လကျော်အကြာတွင် တွေ့ရှိခဲ့

AR Media News : ၂၀၂၅၊ဖေဖော်ဝါရီ၊၂၆ ရက်

အာရ်ကာန်ဒေသ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည့်ကျ (ဘူးရစီဒပါရာ) ကျေးရွာမှ ရိုဟင်ဂျာ လူငယ် ၃ ဦးကို AA တပ်ဖွဲ့မှ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နှစ်လကျော်အကြာတွင် ၎င်းတို့၏ ဦးခေါင်းခွံများ ၊အရိုးများ၊
ဖေဖော်ဝါရီ ၁၅ ရက်တွင် ဒေသခံများက တွေ့ရှိခဲ့ကြောင်းသတင်းရရှိပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဦးရှည့်ကျ (ဘူးရစီဒပါရာ) ကျေးရွာမှ ရိုဟင်ဂျာ လူငယ် သုံးဦးသည် ၎င်းရွာ အနောက်ဘက် ဓနိပင်တောသို့ ငှက်ဖမ်းရန် သွားရောက်ခဲ့စ် ၎င်းတို့အား အကြမ်းဖက် ရခိုင်လက်နက် ကိုင် AA မှ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးအကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ၏ စစ်ဆေးမေးမြန်းမှုအတွင်း ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းခံခဲ့ရသည်။ အလောင်းတွေကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က မြှုပ်နှံထားပါတယ်။ နောက်တစ်နေ့တွင် ရိုဟင်ဂျာလူငယ် သုံးဦး၏ မိသားစုဝင်များကို အကြမ်းဖက် ရခိုင်လက်နက်ကိုင်AA မှ ဖမ်းမိခဲ့ကြောင်း သတင်းရရှိသဖြင့်အကြမ်းဖက် ရခိုင်လက်နက် ကိုင် AA စခန်းသို့ သွားရောက်မေးမြန်းခဲ့ရာ AA စခန်းမှ တာဝန်ရှိသူတစ်ဦးက ဖမ်းမမိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက် ၂၀၂၅ ခုနစ် ပေါ့ အကြမ်းဖက် ရခိုင်လက်နက်ကိုင်AA တပ်ဖွဲ့က သတ်ဖြတ်မြှုပ်နှံထားတဲ့ ရိုဟင်ဂျာ သုံးဦးထဲက ဦးခေါင်းခွံနှင့် အရိုးတွေ ၂လနဲ့ ၈ ရက်ကြာပြီးနောက် ကျားခေါင်းတောင် (ရာဘီးလ်လာ)ရွာမှာ ရွာသားတွေက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက AR Media Groupကို ပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော ရိုဟင်ဂျာများ၏အမည်ကတော့အောက်ပါအတိုင်း ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

(၁) ဖေါ်ယာစ် (ဘ) ဦးရှောမ်ရှူ (အသက် ၁၇ နှစ်)
(၂) ယာစိန်း (ဘ) ဦးအေရှော်တ်အာလီ (အသက် ၁၅ နှစ်)
(၃) ဂျာနီအာလောမ် (ဘ) ဦးအဘူအာမောတ် (အသက် ၁၅ နှစ်) တို့ဖြစ်ကြသည်

AR MEDIA GROUP

Editor

Recent Posts

AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို အဝင် ပိတ်ပင်လိုက်ပြီး မောင်တောမြောက်ပိုင်းသို့ အင်းအား ဖြည့်တင်းနေ

Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…

1 month ago