Categories: Blog

မောင်တောခရိုင်အတွင်းမှ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က လိုက်လံဖမ်းဆီးသွားခဲ့တဲ့ အပြစ်မဲ့ ပြည်သူနဲ့ပညာတတ်များရဲ့ မိသားစုတွေက သတင်းအစအန မရသေး

AR Media Group- မတ်လ ၇ ရက်၊ ၂၀၂၅။

အာရ်ကာန်ဒေသ၊ မောင်တောခရိုင်အတွင်းမှ အပြစ်မဲ့ ရိုဟင်ဂျာပြည်သူနဲ့ ပညာတတ်များကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် အေအေက အကြောင်းမဲ့ လိုက်လံဖမ်းဆီးခေါ်ယူသွားခဲ့တာ ၇ လကျော် ကြာနေသော်လည်း ယနေ့ထိ သတင်းအစအန မရသေးလို့ သူတို့ မိသားစုတွေက စိုးရိမ်ဖွယ်ရာ ဖြစ်နေကြသည်ဟု ဆိုကြပါသည်။

အာရ်ကာန်ဒေသ၊ မောင်တောမြို့၊ ကညင်တန်ရပ်ကွက်‌နေ ဆရာ အေအခ်ျကာမာလ်(၄၀နှစ်) သည် မိသားစုနှင့်အတူ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ထိန်းချုပ်ရ နယ်မြေ ဟာဘီရွာ(ဟိုက်ရ်ဖာရာ) တွင် ဩဂုတ်လ (၁၂)ရက်နေ့၊ စစ်ရှောင်အဖြစ်ရွှေ့ပြောင်းခိုလှုံပြီး သရက်အိုကျေးရွာသို့ ဆက်လက်ပြောင်းရွေ့သွားနေခဲ့စဉ်၊ ဟာဘီရွာ၏ အရှေ့ဘက်ရှိ အကြမ်းဖက် ရခိုင်လက်နက်ကိုင် (AA) စခန်းမှ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်များက ၎င်းကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၂၄) ရက်နေ့တွင် ရမ်းကားဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ယနေ့အချိန်အထိ မိသားစုက အဆက်အသွယ် မရရှိ၍ သေလား ရှင်လား မသိသေးလို့ မိသားစုက စိုးရိမ်ဖွယ်ရာ ဖြစ်နေပါသည်။

“Mv. AH Kamal ဟု အများအားဖြင့် သိကြသည့် Mr. Ahmad Kamal သည် မောင်တောမြောက်ပိုင်း ကြိမ်းချောင်းကျေးရွာမှ ထင်ရှားသော ပညာရှင်ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် အာရဗီကျောင်းများ အပိတ်ခံရပြီးနောက် ကလေးများ ရာနှင့်ချီ၍ သိပ္ပံပညာနှင့် အစ္စလာမ့်ပညာကို အကောင်းဆုံး သင်ကြားနိုင်ခဲ့သည့် မောင်တောမြို့ ပုဂ္ဂလိက ဆရာ၊ နောက်ဆုံးရ သင်ရိုးညွှန်းတမ်းများ- အာရဗီ၊ မြန်မာ၊ အင်္ဂလိပ်နှင့် အူရဒူဖြစ်ပြီး ဆရာသည် အင်မတန် ရိုးသား၍ ဒေသခံများ၏ အကြည်ညိုခံရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း မြို့ခံများက AR Media ကို ပြောသည်။

မောင်တောမြို့၊ ​ကညင်တန်းရပ်ကွက်က မြန်မာစာပြ ဆရာ လှမြင့် ( ရိုဟင်ဂျာလူမျိုး) နဲ့ ဒုညောင်ပင်ကြီးကျေးရွာက ဆရာ အေနာမ် ဟု လူသိများသော အခြားထင်ရှားသော ရိုဟင်ဂျာ ဆရာမတစ်ဦးကိုလည်း အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ၂၀၂၄ ခုနှစ်၊ သြဂုတ်လ နောက်ဆုံးအပတ်ကပင် အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

ထို့အပြင် ဇူဟူရုလ်ဟောက် (ACF ဝန်ထမ်းဟောင်း) နှင့် သူ့သား ရဘီအုလ်ဟာဆောင်း (ကျောင်းသား)တို့ကိုလည်း အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ထိန်းချုပ် နယ်မြေ ဟာဘီရွာတွင် စစ်ဘေးရှောင် ခိုလှုံနေစဉ် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်၌ အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း၊ အမှတ် (၁) ရပ်ကွက်က ဆရာခင်ဇော်၏သား မုစ်တာကို ကိုလည်း အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ထိန်းချုပ်နယ်မြေ၌ ခိုလှုံနေစဉ် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့၊ ညနေပိုင်းတွင် မောင်တောမြို့နယ်၊ ခါလီဇာဘာနာရွာ( ခေါလ္လာဘာနာဖာရာ) က ရိုဟင်ဂျာတစ်ဦး ဟာဘီရွာတွင် စစ်ဘေးရှောင်အဖြစ် ခိုလှုံနေထိုင်နေစဥ် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်များက မျက်နှာဖုံးစွပ်ပြီး အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

မောင်တောမြောက်ပိုင်း၊ မဂ်လာကြီးကျေးရွာအုပ်စု၊ ရှိဒ္ဒါဖာရာမှ Plestine တံဆိပ်ပါ တိရှပ်အက်ျီ ဝတ်ဆင်သူရောင်းသူ ၂ ဦးဖြစ်တဲ့
ဦး ဇော်ဟိရ်အာမတ် ရဲ့ သား အေမာရာမ်(၂၁ နှစ်) ဝတ်ဆင်သူနဲ့ မော်လဝီ မူဟာမတ်ဇူဘိုင်ရ်(ဆိုင်ရှင်)တို့ကို ၂၀၂၅ ဇန်နဝါရီလ ၂၆ ရက်တွင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ပြင်ဖြူစခန်း(နယ်မြေ ၆)သို့ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့တယ်။ ယနေ့ထိ မိသားစုနဲ့ အဆက်အသွယ် ပြတ်နေလို့ မိသားစုက စိုးရိမ်နေကြပါတယ်။

မောင်တောမြောက်ပိုင်း၊ ငန်းချောင်းကျေးရွာနေ ရိုဟင်ဂျာ (၃၀)ဦးကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က အေအေတပ်ဖွဲ့ဝင်တွေကနေ လုံခြုံရေးသင်တန်းပေးမယ်ဆိုကာ ခေါ်သွားခဲ့ပြီးနောက် မိသားစုဝင်တွေနဲ့ ယနေ့ထိ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။

အလားတူ ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့က ခေါ်သွားတဲ့ ကြက်ရိုးပြင်ကျေးရွာသား ရိုဟင်ဂျာ (၁၁)ဦး၊ မေလ ၈ ရက်နေ့က ခေါ်သွားတဲ့ ငါးခူရကျေးရွာသား (၂၀)ဦးနဲ့ မေလ ၁၅ရက်နေ့က ခေါ်သွားတဲ့ ဦးရှဉ့်ကျားကျေးရွာသား (၂၇)ဦး၊ ဇူလိုင်လ ၁၇ ရက်နေ့က ခေါ်သွားတဲ့ လသာရွာသား ၁၈ ဦး၊ လသာအောက်ရွာသား ၉ ဦး၊ ဘာဆူဖာရွာသား ၄ ဦး၊ ဂုံးနားရွာသား ၂ ဦး၊ ဇင်တူလာရွာသား ၂ ဦး၊
သြဂုတ်လအတွင်း ခေါ်သွားတဲ့ မောင်နီရွာသား ၁၄ ဦး၊ ကညင်တန်းရွာသား ၂၂ ဦး၊ ရွာသစ်ကေရပ်ကွက်သား ၇ ဦး၊ ရွှေဇားကျေးရွာသား ၁၂ ဦး တို့မှာလည်း မိသားစုဝင်တွေက သူတို့ကို ဆက်သွယ်လို့ မရတော့ဘူးလို့ ပြောတယ်။

အလားတူစွာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် (၅)ရပ်ကွက်မှ မြန်မာစာပြဆရာ လှအောင်အပါအဝင် ရိုဟင်ဂျာ ပညာတတ်တချို့ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့တွင်လည်းကောင်း အောက်တိုဘာ ၂၄ ရက်နေ့တွင်လည်းကောင်း အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဆရာဟာ ဘူးသီးတောင်မြို့ပေါ်တွင် အထက်တန်းအဆင့် ကျောင်းသား၊သူတွေကို မြန်မာစာသင်ကြား ပို့ချပေးတဲ့ လမ်းပြအလင်းရောင်နဲ့ လမ်းညွှန်သူဖြစ်ပြီး လူအများရဲ့ ဘဝတွင် ဉာဏ်ပညာနဲ့ နွေးထွေးမှုရှိတဲ့ ပုံသဏ္ဍန်ဖြစ်သည်။

” မောင်တောနဲ့ ဘူးသီးတောင်မှာ အကြမ်းဖက် ရခိုင်လက်နက်ကိုင် အေအေက ရိုဟင်ဂျာပညာတတ်တွေ၊ လုပ်ငန်းရှင်တွေ၊ ကျောင်းသားတွေကို အကြောင်းမဲ့ ဖမ်းဆီးနေတာတွေ တောက်လျှောက်တွေ့နေရတယ်။ လူတွေနဲ့တွေ့အစည်းအဝေးလုပ်ရင် စကားချိုချို ပြောတတ်ပြီး လက်တွေ့မှာတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရှိတာကို အခွင့်ကောင်းယူပြီး လက်နက်အားကိုးနဲ့ လုပ်ချင်တိုင်းလုပ်နေတာတွေပါ။ ကွယ်ရာမှာ ထင်ရာစိုင်းနေတာတွေကို ဘယ်တော့မှ ဖုံးကွယ်ထားလို့မရပါဘူး။ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ရိုဟင်ဂျာလူထုအား အားနည်းသွားအောင် ကြိုးပမ်းသည့် အနေဖြင့် ပညာတတ်များကို ပစ်မှတ်ထားနေတာဖြစ်တယ်။ ပညာတတ်နှင့် လူထုခေါင်းဆောင်များ အား ဖမ်းဆီးခြင်းဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေပါတယ်။ အရပ်သားများအပေါ် အင်အားသုံး၍ ဖိနှိပ်ခြင်းဟာ ငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်ရေး အတွက် မည်သည့်နည်းနှင့်မှ အထောက်အကူမဖြစ်စေပါ”လို့ ရိုဟင်ဂျာအရေးတက်​ကြွလှုပ်ရှားသူတစ်ဦးက AR Media ကို ပြောပါတယ်။

AR Media Group-

Karim Sha

Recent Posts

BGB Seizes Yaba Shipment and Weapons Following Border Clash with Alleged RSO Members

The Rohingya Solidarity Organization, among the groups, has been operating in public and government view…

13 hours ago

ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ AA က ရိုဟင်ဂျာအရပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွား

AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…

1 day ago

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီး ပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံး

AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…

2 days ago

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ခါလီလူရာမန်သည် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရ

AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…

2 days ago

Rohingya Residents Report Extortion and Misconduct by ULA Terrorist Deputy Township Official in Northern Maungdaw

AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…

4 days ago

Two Rohingya Youths reportedly arrested by the Arakan Army Terrorists (AA) in northern Maungdaw

AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…

5 days ago