AR Media Group ၊ မတ်လ ၇ ရက် ၊ ၂၀၂၅
ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း ရိုဟင်ဂျာကျေးရွာ အများအပြား ရွာလုံးကျွတ် ဖိအားပေးဖယ်ရှားခံနေရပြီး ရိုဟင်ဂျာတွေပိုင်ဆိုင်တဲ့ ခြံမြေများ၊ လယ်များအားလုံးကို အကြမ်းဖက် ULA/AA က သိမ်းဆည်းနေတယ်လို့ ဒေသခံများ၊ ကာယကံရှင်အသိုင်းအဝိုင်းနဲ့ ခိုင်မာမှန်ကန်တဲ့ သတင်းအရင်းအမြစ်တွေက AR သတင်းဌာနကို ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းက ရိုဟင်ဂျာကျေးရွာတွေဖြစ်တဲ့ မောင်ကြီးတောင် (ရှာဗ်ဘာဇာရ်)၊ အောင်လံပြင် (မော်ရီဆာဘိလ်)၊ (အော်လီဘာဖာရာ)၊ သရေကုန်းတန်း (ရှိုက်ရီခူနာ)၊ မောင်လှမ (ရောင်ဖာရာ)၊ င/ကျဉ်တောက်၊ ဘဒနာ၊ ကူမီခါလီ၊ မီးကျောင်းခေါင်းဆွဲ၊ ကုန်းတန်း၊ လောင်းချောင်း (ရုဆာနာဘီလ်)၊ အိုရီယာဖာရာ၊ ဘဇာရ်ဖာရာ စတဲ့ ရိုဟင်ဂျာကျေးရွာတွေကို AA က ဖိအားပေးဖယ်ရှားနေပြီး မေယုမြစ်အရှေ့ပိုင်းနေရာမှာ ပြန်လည်နေရာချထားပေးဖို့ ပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။
အဆိုပါ ရိုဟင်ဂျာကျေးရွာတွေထဲက အများစုကိုလည်း ဘူးသီးတောင်တိုက်ပွဲ မဖြစ်ခင်ကတည်းက အကြမ်းဖက် AA ဘက်က စစ်ဘေးရှောင်ဖို့ အမိန့်ပေးခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိပေမယ့် အကြမ်းဖက် AA ဘက်က မူလနေရပ်ကို ပြန်နေခွင့် မပြုတော့ဘူးလို့ မောင်ကြီးတောင်၊ င/ကျဉ်တောက်၊ မီးချောင်းခေါင်းဆွဲကျေးရွာတွေက ဒေသခံတွေဆီကနေ သိရပါတယ်။
ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းက ဒေသခံ ရိုဟင်ဂျာတွေ ပိုင်ဆိုင်တဲ့ ခြံမြေတွေနဲ့ လယ်တွေကို အကြမ်းဖက် ULA/AA ကသိမ်းဆည်း လိုက်ပြီလို့ မီးချောင်းခေါင်းဆွဲကျေးရွာ အုပ်စုက ရိုဟင်ဂျာ လယ်ပိုင်ရှင်တွေက ပြောပါတယ်။
“အကြမ်းဖက် AA က ရွာကို ပြန်ခွင့်မရှိတော့ဘူးလို့ပြောပါတယ်။ ကျွန်တော့်ရဲ့ လယ်ကိုလည်း ပြန်ကြည့်ဖို့တောင် ခွင့်မပြုပါဘူး၊ အခု ခိုလှုံနေတဲ့နေရာမှာပဲ နေဖို့ပြောတယ်။ နောက်ပိုင်းကျရင် မြစ်အရှေ့ပိုင်းမှာ ပေ ၂၀ ၊ ပေ ၆၀ လောက် အိမ်ဆောက်နေဖို့ မြေတစ်ကွက်ပေးမယ်လို့ ပြောတယ်။ ကျွန်တော်အဖေရဲ့ အဘိုးအဘွားလက်ထက်က ပိုင်တဲ့ အိမ်ခြံနဲ့ လယ်တွေအားလုံး ဆုံးရှုံးသွားပါတယ်” လို့ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းက ဒေသခံ ရိုဟင်ဂျာ လယ်ပိုင်ရှင်တစ်ဦးကAR သတင်းဌာနကို ပြောပါတယ်။
လတ်တလော အကြမ်းဖက် AA က မီးချောင်းခေါင်းဆွဲကျေးရွာအုပ်စုအတွင်းက ရိုဟင်ဂျာတွေပိုင်တဲ့ လယ်တွေကို ကုန်းတန်းကျေးရွာ (ဒိုင်းနက်ကျေးရွာ) က ဒိုင်းနက်တွေကို ခွဲဝေပေးနေတာတွေ ရှိနေပြီး၊ ဒိုင်းနက်တွေက ရိုဟင်ဂျာလယ်တွေထဲ ဝင်ရောက် စိုက်ပျိုးတာနဲ့ အိမ်ဆောက်လုပ်တာတွေရှိနေတယ်လို့ မျက်မြင်တွေ့ရှိခဲ့ရသူတွေက AR သတင်းဌာနကို ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းက ရိုဟင်ဂျာကျေးရွာတွေကို ဖယ်ရှားပြီး ဒေသခံ ရိုဟင်ဂျာတွေကို မေယုမြစ်အရှေ့ပိုင်းမှာ နေရာချထားပေးကာ မူလရိုဟင်ဂျာတွေရဲ့ နေရာနဲ့ လယ်မြေတွေကို သိမ်းဆည်းဖို့ ပြင်ဆင်နေတယ်လို့ ဘူးသီးတောင်မြိူ့ အကြမ်းဖက် ULA/AA နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ဘူးသီးတောင်တိုက်ပွဲအတွင်း ဒေသခံ ရိုဟင်ဂျာတွေထဲက ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေနဲ့ စစ်တွေနဲ့ ပြည်မဘက်ကို ပြောင်းရွေ့သွားသူတွေရဲ့ အိမ်ထောင်စုစာရင်း မှတ်တမ်းတွေကို ဖျက်သိမ်းမှာ ဖြစ်ပြီး ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းအတွင်း လတ်တလော ကျန်ရစ်နေသူတွေကိုသာ အိမ်ဆောက်နေရန် မြေတကွက်ဆီ ပေးဖို့ အကြမ်းဖက် ULA/AA က စီစဉ်နေတယ်လို့ အကြမ်းဖက် ULA/AA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မီးချောင်းခေါင်းဆွဲကျေးရွာအုပ်စုအတွင်းက ရိုဟင်ဂျာအချို့ကိုလည်း အကြမ်းဖက် AA ဘက်က ဖမ်းဆီးထားတယ်လို့ ကနဦး သိရှိရပြီး အသေးစိတ်ကို ဆက်လက် အတည်ပြုနေဆဲ ဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ်အတွင်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး အချို့နေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး ဆင်းကဒ်တွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ပေမယ့် အကြမ်းဖက် AA ဘက်က ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် ဆင်းကဒ်သုံးစွဲမှု ပိတ်ပင်ထားပြီး စစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် ၄ နှစ်အထိ ပြစ်ဒဏ်ချမှတ်မယ်ဖို့ ဒေသန္တရအမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘူးသီးတောင်ဒေသခံ ရိုဟင်ဂျာအသိုင်းအဝိုင်းအနေနဲ့ ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတာ ခံနေရပြီး သူတို့ရဲ့ အခြေအနေတွေကို ပြောပြဖို့ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ကာ အခြေအနေနဲ့ သတင်းတွေကို ပြောပြနေရတာဖြစ်တယ်လို့ AR သတင်းဌာန ဘူးသီးတောင်မြို့နယ် သတင်းတာဝန်ခံက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ ဆက်စပ်ပတ်သက်မှုတွေကို သတင်းအမှောင်ချထားခံနေရတယ်လို့ ရိုဟင်ဂျာအရေး လေ့လာသူတွေက ဆိုပါတယ်။
AR သတင်းဌာနအနေနဲ့ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အကြမ်းဖက် ULA/AA သတင်းနဲ့ပြန်ကြားရေးကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
AR Media News
The situation of Rohingya civilians in Arakan has become a matter of serious concern, particularly…
In the Arakan (Rakhine) region, a terrorist organization known as the United League of Arakan…
Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…
Residents living across northern Arakan State and communities situated along the foothills of the Rakhine…
KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…
It has been reported that the Myanmar military forces have reportedly launched a large-scale offensive…