Categories: Blog

မောင်တောက Myint Brother ကုမ္ပဏီပိုင် သစ်စက်၊ သစ်စိုက်ခင်းနဲ့ နေအိမ်တွေအားလုံးရခိုင်အကြမ်းဖက် AA ကချိတ်ပိတ်

AR Media Group ဧပြီ ၆ ရက် /၂၀၂၅

အကြမ်းဖက် ရခိုင်လက်နက်ကိုင် (AA)သိမ်းပိုက်ထားတဲ့ မောင်တောမြို့က Myint Brother ကုမ္ပဏီပိုင် သစ်စက်၊ သစ်စိုက်ခင်းနဲ့ နေအိမ်တွေအားလုံးကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ချိတ်ပိတ်လိုက်ပြီလို့ သိရပါတယ်။ Myint Brother ကုမ္ပဏီရဲ့ မောင်တောမြို့နယ်မြောက်ပိုင်း ပြားသားကျေးရွာမှာရှိတဲ့ သစ်စက်၊ မောင်တော-ဘူးသီတောင်လမ်း ၅ မိုင်အကျော်မှာရှိတဲ့ သစ်မျိုးစုံစိုက်ခင်း၊ မောင်တော ၃ မိုင်က နေအိမ်၊ ကညင်းတန်းမှာရှိတဲ့နေအိမ်တွေနဲ့ သူတို့ပိုင် အဆောက်အအုံတွေအားလုံးကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က အခုဧပြီလဆန်းပိုင်းကနေစပြီး ချိတ်ပိတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မောင်တောဒေသခံတစ်ယောက်က “သူတို့မိသားစုပိုင်တဲ့ သစ်စက်၊ သစ်စိုက်ခင်းနဲ့ နေအိမ်တွေအားလုံးကို အာရက္ခတော်လှန်ရေးပြည်သူ့အစိုးရပိုင်အဖြစ် ချိတ်ပိတ်တဲ့စာတွေကပ်ထားတာတွေ့ရတယ်”လို့ ပြောပါတယ်။ Myint Brother ကုမ္ပဏီရဲ့ညီအစ်ကိုတွေဖြစ်ကြတဲ့ ဦးထွန်းမြင့်သိန်း၊ ဦးအောင်မြင့်သိန်းနဲ့ ဦးနိုင်မြင့်သိန်း တို့အနက် ဦးအောင်မြင့်သိန်းဟာ စစ်ကောင်စီရဲ့ မောင်တောခရိုင်ကောင်စီဝင်တစ်ယောက်လည်းဖြစ်ပါတယ်။

သူတို့ညီအစ်ကိုတွေမှာ Myint Brother ကုမ္ပဏီအပြင် ကုမ္ပဏီနာမည်ခွဲများစွာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ စစ်ခရိုနီအစစ်တွေပေါ့ဗျာ။ လုပ်ပိုင်ခွင့်တွေကို စစ်ခေါင်းဆောင်တွေနဲ့ ပေါင်းလုပ်စားလာတာ ခေတ်အဆက်ဆက်ရှိနေပြီ။ ကညင်ချောင်းစီးပွားရေးဇုန်တည်ဆောက်ဖို့ ချပေးတဲ့ဘဏ္ဍာငွေတွေကိုလည်း ငကြင်းကို ငကြင်းဆီနဲ့ ပြန်ကြော်ပြီး အမြတ်အစွန်များစွာရရှိသွားတာ”လို့ ဒီအကြောင်းကိုသိရှိထားတဲ့ မောင်တောဒေသခံတစ်ယောက်က ထပ်ပြောပါတယ်။

AR Media Group

Editor

Recent Posts

AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို အဝင် ပိတ်ပင်လိုက်ပြီး မောင်တောမြောက်ပိုင်းသို့ အင်းအား ဖြည့်တင်းနေ

Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…

1 month ago