AR Media Group မတ်လ ၂၉ ရက် ၊ ၂၀၂၅ ။
ပျော်ဘွယ်မြို့နယ်၊ မြင်းဘက်ရပ်ကွက်ရှိ၊ မြို့လယ်ဗလီ (ယခင် ရေပုံးရပ်ကွက် ဗလီတွင်) အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုနေစဉ် ငလျင်လှုပ်ခတ်မှုကြောင့် မွတ်ဆလင် ၅၀ ကျော် သေဆုံးခဲ့ကြောင်း မျက်မြင်ကြုံခဲ့ရသူတွေက ပြောပါတယ်။
သေဆုံးသူ ထောင်ချီနိုင်ပါတယ်။ တချို့နေရာတွေ ဗလီတွေမှာ သောကြာနေ့ ဂျူမာဟ် ဝတ်ပြုချိန် ဖြစ်နေလို့ တစ်ခါတည်း အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်ကြတာပါ။ စစ်ကောင်စီကတော့ ထုံးစံအတိုင်း လိမ်ပြန်ပြီ ၁၅၀ နီးပါးသာ သေဆုံးခဲ့ပြီး ၇၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မိသားစုဝင်တွေဆုံးရှုံးတာဖြစ်ဖြစ်၊ ပိုင်ဆိုင်မှု၊ နေအိမ်ဆုံးရှုံးတာဖြစ်ဖြစ် ဆုံးရှုံးသူများအားလုံးနဲ့အတူ AR Media Group ဝိုင်းတော်သားများ အားလုံး ထပ်တူဝမ်းနည်းကြေကွဲမိပါ ကြောင်း နှင့် အလ္လာအရှင်မြတ် ရမာဇန်လတွင် သေဆုံးခဲ့ သူများအား ဂျာနာသ်သုလ်ဖေရ်ဒူစ် ကျီးမြင့်ပါစေကြောင်း ဆုထောင်း မေတ္တာ ပို့သလိုက်ပါတယ်။
AR Media Group News
Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…