Categories: Blog

နယ်စပ်ခြံစည်းရိုးနားတွင် စစ်လက်ကျန်ဗုံးပေါက်ကွဲလို့ ရိုဟင်ဂျာ ၁ ဦးခြေထောက်တစ်ဖက် ပြတ်ထွက်သွား

AR Media News – မတ်လ ၁၃ ရက်၊ ၂၀၂၅ ။

အာရ်ကာန်ဒေသ ၊ မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာရဲ့ အနောက်ဖက်ရှိ နယ်စပ်ခြံစည်းရိုးနားတွင် စစ်လက်ကျန်ဗုံးပေါက်ကွဲလို့ ရိုဟင်ဂျာ လူငယ်တစ်ဦးရဲ့ ဘေးဖက်ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့တယ် လို့ သိရှိရပါတယ်။

ယနေ့ မတ်လ ၁၃ ရက်နေ့၊ မွန်းတည် ၁၂ နာရီခန့်မှာ ရွှေဇားကျေးရွာ၊ အနောက်ရွာက ရွားသားတွေ နတ်မြစ်အတွင်း ငါးဖမ်းဖို့ သွားခဲ့နေစဥ် နယ်စပ်ခြံစည်းရိုးအတွင်းဖက်မှာ စစ်လက်ကျန်ဗုံးပေါက်ကွဲလို့ ရိုဟင်ဂျာ ၁ ဦးရဲ့ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့တယ်။ ဒဏ်ရာပြင်းရရှိသူဟာ ရွှေဇားအုပ်စုထဲက အနောက်ရွာက အသက် ၁၈ နှစ်အရွယ်ရှိ မာမတ်ကာဆိမ်းဖြစ်ကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ရွှေဇားကျေးရွာက ဂုံးနားရွာသား တစ်ဦးဖြစ်သူ ဖေရုစ်ခါန်း ဆိုသူဟာ အပေါင်း အသင်းတွေနဲ့ လ္ဖက်ရည်ဆိုင်မှာ လ္ဖက်ရည်သောက်နေတုန်း ရွာထဲက ကောက်ရလာတဲ့ စစ်ကျန်ဗုံးသီးတစ်လုံးကို ထုကစားမိရာကနေ ပေါက်ကွဲမှုဖြစ်သွားခဲ့မှု ကြောင့် သူရဲ့ ပေါင်နှစ်ဖက်စလုံးပွင့်ထွက်သွားခဲ့သလို လက်နှစ်ဖက်မှာလည်း ပြတ်ထွက်သွားပြီး နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ဘေးနားက အပေါင်းအသင်းတွေ ၄ ဦးလည်း ဗုံးစနတွေ ထိမှန်ပြီး ဒဏ်ရာပြင်း ရရှိခဲ့တယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့၊ ရွှေဇားအုပ်စု ဂုံးနားရွာမှာ အမျိုးသားတစ်ဦး နေအိမ်အတွင်း မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ပြတ်ထွက်သွား ခဲ့တယ်။ ဇန်နဝါရီ ၂၉ ရက်ကလည်း ယင်းရွာတွင် ကလေးငယ်တစ်ဦး နေအိမ်အတွင်း မိုင်းနင်းမိမှုကြောင့် ရရှိသွားခဲ့တဲ့ ဒဏ်ရာပြင်းနဲ့ သေဆုံးသွားခဲ့တယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့တွင်လည်း ရွှေဇားကျေးရွာ ဂုံးနားရွာက မရှာဟဲအာတာရ် (၂) နှစ်၊ မနူရ်ကိုက်ဒါ (၃၀)နှစ် နဲ့ ကျော်မြင့်နိုင် (၂၈) တို့ဖြစ်ပြီး မနူရ်ကိုက်ဒါမှာ ညာဖက်ခြေထောက် တစ်ဖက် ပြတ်ထွက်သွားတယ်။

မောင်တောမြို့နယ်မှာ မိုင်းပေါက်ကွဲဖြစ်ပွားနေမှုကြောင့် နေရပ်ပြန်ရတဲ့ ဒေသခံပြည်သူတွေ ဒဏ်ရာရရှိမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်ကြောင့် အကြမ်းဖက် ရခိုင် လက်နက်ကိုင် AA အနေနဲ့ အမြန်ဆုံး မိုင်းရှင်းလင်းရေးပြုလုပ်ပေးဖို့‌ လိုအပ်နေတယ် လို့ ပြည်သူတွေက တောင်းဆိုနေပါတယ်။

AR Media News

Editor

Recent Posts

စခန်း 20 တွင် လူများစုဝေးရာ ရိုဟင်ဂျာ လေးဦး သေဆုံးခဲ့သည်။

AR MEDIA GROUP မတ်လ ၁၄ ရက် ၊ ၂၀၂၅ ရိုဟင်ဂျာဒုက္ခသည်စခန်း 20 တွင် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ရာ လူ ခုနစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်။…

43 minutes ago

ရိုဟင်ဂျာအရေး ဆောင်ရွက်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ်ကို BROUK တောင်းဆို

AR Media Group မတ်လ ၁၃ ရက် ၊ ၂၀၂၅ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဖို့ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကို ရိုဟင်ဂျာအရေးနဲ့…

19 hours ago

ဘင်္ဂလားဒေ့ရှ်ခရီးအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလအကြီးအကဲတွေ့မည်

AR Media Group မတ်လ ၁၃ ရက် ၊၂၀၂၅ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် မတ်လ ၁၃…

19 hours ago

မောင်တောမြို့ထဲက စစ်ရှောင်ရိုဟင်ဂျာတွေကို မကြာမီ နေရပ်ပြန်ခွင့်ပေးမယ့်လို့ အစည်းအဝေးအတွင်း အကြမ်းဖက် ရခိုင်က်နက်ကိုင်AA နယ်မြေမှူး ပြော

AR Media- မတ်လ ၁၃ ရက်၊ ၂၀၂၅။ အာရ်ကာန်ဒေသ၊ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ရတဲ့ ရိုဟင်ဂျာတွေကို ဒီလ မကုန်ဆုံးမီ ရက်သတ္တပတ် ၁/၂ ပတ်အတွင်း…

19 hours ago

အကြောက်တရားအောက်တွင် နေထိုင်ရတဲ့ ငန်းချောင်းမှ ရိုဟင်ဂျာတွေနေစဥ်ရက်ဆက် ဆက်ကြေးနဲ့ ဆန် ၅ အိတ်စီအကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ကို ပေးနေရ

AR Media - မတ်လ ၁၃ ရက်၊ ၂၀၂၅။ အာရ်ကာန်ဒေသ၊ မောင်တောမြောက်ပိုင်းက ငန်းချောင်းကျေးရွာတွင် နေထိုင်ကြတဲ့ ရိုဟင်ဂျာပြည်သူတွေမှာ အကြောက်တရား အောက်တွင် နေထိုင်နေရပြီး…

20 hours ago

အကြမ်းဖက် ရခိုင်လက်နက်ကိုင်(AA) မှ ထိန်းချုပ်ထားသည့်ဒေသများအတွင်း ကျန်ရှိနေသည့် ရိုဟင်ဂျာများသည် အိမ်တွေဆွယ်စွန့်ခွာရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရ

( AR Media Group) မတ် ၁၃ ရက် ၊ ၂၀၂၅ အာရ်ကာန်ဒေသ၊ ဘူးသီးတောင်မြို့နယ် နှင့် မောင်တောမြို့နယ်တွင် အကြမ်းဖက်ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)…

20 hours ago