AR Media Group မတ်လ ၁၃ ရက် ၊၂၀၂၅
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် မတ်လ ၁၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သို့ ခရီးစဉ်ထွက်ခဲ့ပြီး၊ လေးရက်ကြာ ခရီးစဉ်အတွင်း ရိုဟင်ဂျာဒုက္ခသည်များနှင့် တွေ့ဆုံမည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် ရိုဟင်ဂျာဒုက္ခသည်များသည် လူသားချင်းစာနာမှုအကူအညီများ ဖြတ်တောက်ခံနေရသည့် အခြေအနေကို ရင်ဆိုင်နေရသည်။ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် တစ်သန်းကျော်သော ဒုက္ခသည်များ နေထိုင်လျှက်ရှိပြီး၊ ထိုအနက် အများစုမှာ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ စစ်တပ်၏ နှိမ်နင်းမှုကြောင့် ထွက်ပြေးလာသူများဖြစ်သည်။
ဒီဒုက္ခသည်များသည် လူနေမှုအခြေအနေ ဆိုးရွားပြီး၊ အခြေခံသုံးဆောင်မှုများနည်းပါးကာ အာဟာရချို့တဲ့မှု၊ ကျန်းမာရေးပြဿနာများနှင့် တဖြည်းဖြည်း အကူအညီဖြတ်တောက်ခြင်းကဲ့သို့သော အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် မကြာမီတွင် ဘင်္ဂလားဒေ့ရှ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းသို့ သွားရောက်၍ ဒုက္ခသည်များအခြေအနေကို ကိုယ်တိုင် သုံးသပ်မည်ဟု သတင်းများထုတ်ပြန်ထားသည်။
ဤခရီးစဉ်သည် ရိုဟင်ဂျာပြဿနာကို ကမ္ဘာ့သတိစိုက်မည့် အရေးကြီးမှုအနေဖြင့် ပြန်လည်ထိရောက်စေမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက မတ် ၁၂ ရက်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
: AR Media Group
The situation of Rohingya civilians in Arakan has become a matter of serious concern, particularly…
In the Arakan (Rakhine) region, a terrorist organization known as the United League of Arakan…
Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…
Residents living across northern Arakan State and communities situated along the foothills of the Rakhine…
KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…
It has been reported that the Myanmar military forces have reportedly launched a large-scale offensive…