Categories: Blog

နတ်မြစ်အတွင်း ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AAမှ ထပ်မံဖမ်းဆီးထား

AR Media Group- မတ်လ ၇ ရက်၊ ၂၀၂၅။

နတ်မြစ်အတွင်း ငါးဖမ်းနေစဥ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို ငါးဖမ်းလှေတစ်စင်းနဲ့အတူ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ယမန်နေ့ မတ်လ ၆ ရက်နေ့က ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရတယ်။

ယမန်နေ့က အာရ်ကာန်ဒေသ ၊ မောင်တောမြို့နယ် ဥဒေါင်းချောင်းဝရဲ့ အနောက်ဖက်ရှိ နတ်မြစ်အတွင်း ငါးဖမ်းနေတဲ့ ငါးဖမ်းသမား ၆ ဦးကို အကြမ်းဖက် ရခိုင်လက်နက်ကိုင်AAက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။ ငါးဖမ်းဘုတ်တစ်စင်းကိုလည်း ဖမ်းလိုက်တယ်။ လူ ၆ ယောက်စလုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်ကြောင်းလည်း သိရပါတယ်။ သူတွေ အားလုံးကိုအကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က စစ်ဆေးနေတယ်လို့ သတင်းရင်းမြစ်အရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း အကြမ်းဖက် ရခိုင်လက်နက်ကိုင်AA က ဖမ်းဆီးထားတဲ့ ငါးဖမ်းသမား ၂၉ ဦးအား ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) လက်ထဲသို့ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့၊ မနက် ၆ နာရီခန့်မှာ ဘဂ်လားဒေ့ချ်ရှိ
ဒုက္ခသည်စခန်းများက ငါးဖမ်းဖို့ သွားခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၄ ဦး ကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ဖမ်းဆီးထားတယ်။ ဖမ်းဆိးထားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် ULA/AA က ယနေ့ထိ ဘာရည်ရွယ်ချက်နှင့် သတင်းထုတ်ပြန်ခဲ့တာ မရှိသေးသည့်အတွက် သူတို့အား အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က တစ်ခုခု လုပ်မှာကို စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု အဖမ်းခံရသူတွေရဲ့ မိသားစုဝင်များက ရင်နာနာနဲ့ ပြောကြားခဲ့တယ်။

AA က ဖမ်းဆီးထားသူများ၏ အမည်များမှာ-

(၁) မာမတ် ရှော်ဖိ (ဘ) အာဘုလ်အာရှိမ် (၃၇)နှစ်
(၂) ရှာအာလောမ် (ဘ) မာမတ် ရှောဖိ (၂၀)နှစ်
(၃) အဗ်ဒုလ်ဟာဖဲစ် (ဘ) ရှာအာလောမ် (၂၅)နှစ်
(၄)အဒူဆော်လာမ် (ဘ) အဒူရှူက္ကူရ် (၂၇)နှစ်
(၅) ဆော်လိမ်အူလ္လာ (ဘ) ရာဟ်မောတ်အူလ္လာ (၃၀)နှစ်
(၆) မာမတ် ဆော်လိမ် (ဘ) မူဟာမတ် ရော်ဖိတ် (၂၈)နှစ် စသည့်
၂၄ ဦး တို့ကို ဖမ်းဆီးထားပါတယ်။

AR Media Group

Editor

Recent Posts

31 seconds ago

ဘဂ်လာဒေ့ချ် ရိုဟင်ဂျာ ဒုက္ခသည်များမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ အိပ်ဖွ‌င့်ပေးစာ။

AR Media Group မတ်လ ၁၄ ရက် ၊ ၂၀၂၅ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ ကော့စ်ဘဇားရှိ အကြီးဆုံးဒုက္ခသည်စခန်းတွင် ယနေ့ ကျွန်ုပ်တို့…

25 minutes ago

စခန်း 20 တွင် လူများစုဝေးရာ ရိုဟင်ဂျာ လေးဦး သေဆုံးခဲ့သည်။

AR MEDIA GROUP မတ်လ ၁၄ ရက် ၊ ၂၀၂၅ ရိုဟင်ဂျာဒုက္ခသည်စခန်း 20 တွင် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ရာ လူ ခုနစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်။…

6 hours ago

ရိုဟင်ဂျာအရေး ဆောင်ရွက်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ်ကို BROUK တောင်းဆို

AR Media Group မတ်လ ၁၃ ရက် ၊ ၂၀၂၅ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဖို့ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကို ရိုဟင်ဂျာအရေးနဲ့…

24 hours ago

နယ်စပ်ခြံစည်းရိုးနားတွင် စစ်လက်ကျန်ဗုံးပေါက်ကွဲလို့ ရိုဟင်ဂျာ ၁ ဦးခြေထောက်တစ်ဖက် ပြတ်ထွက်သွား

AR Media News - မတ်လ ၁၃ ရက်၊ ၂၀၂၅ ။ အာရ်ကာန်ဒေသ ၊ မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာရဲ့ အနောက်ဖက်ရှိ နယ်စပ်ခြံစည်းရိုးနားတွင်…

1 day ago

ဘင်္ဂလားဒေ့ရှ်ခရီးအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလအကြီးအကဲတွေ့မည်

AR Media Group မတ်လ ၁၃ ရက် ၊၂၀၂၅ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် မတ်လ ၁၃…

1 day ago