AR Media News – မတ်လ ၂၀ ရက်၊ ၂၀၂၅။
စစ်ကောင်စီက ကင်းထောက်အဆင့်မြင့် ဒရုန်းတွေဖြင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်နဲ့ အနီးဝန်းကျင်ရှိ နေရာအတော်များများကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကပင် တစ်ရက်မှာ ၂ ကြိမ်စီ၊ လေးရက်တိုင်တိုင် ပျံသန်းကင်းထောက်မှုတွေ ပြုလုပ်နေလို့ နေရပ်ပြန်ကြတဲ့ မြို့ခံတွေက စိုးရိမ်းနေကြရတယ်လို့ နေရပ်ပြည်သူတွေထံမှ သိရှိရပါတယ်။
အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က မောင်တောမြို့ကို အပြီးသတ် သိမ်းပိုက်လိုက်တဲ့နေ့က စပြီး ဖမ်းဆီးခံရတဲ့ မောင်တော နခခ (၅) ရဲ့ တပ်မမှူး သူရိန်ထွန်းအား ကျီးကန်ပြင်ရှိ ကွက်ကွဲရေးဌာနချုပ်ကို စုံစမ်းစစ်ဆေးဖို့ အကြမ်းဖက် ရခိုင်လက်နက် ကိုင် AA က ခေါ်ယူလာခဲ့တယ်လို့ သတင်းထွက်ပေါ် လာပြီးနောက် ဌာနာချုပ်နဲ့ အနီးဝန်းကျင်တွေကို စစ်ကောင်စီလေတပ်က ၂ ကြိမ် တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့ပေမယ် မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်ခဲ့မှု တစ်ကြိမ်မှ မရှိသေးပါဘူး။
စစ်ကောင်စီနေဗီရဲ့ ကင်းထောက်ဒရုန်း ၁ စင်းက မြို့ပေါ်နဲ့ အနီးဝန်းကျင်ရှိ နေရာတွေကို ပျံသန်းကင်းထောက် ခဲ့တယ်။ အခုလည်း ကင်းထောက်ဒရုန်းတစ်စီးက တစ်ရက်မှာ ညတစ်ကြိမ်၊ နေ့တစ်ကြိမ် ၄ ရက်တိုင်တိုင်ပျံသန်းခဲ့လို့ မြို့တွင်းကို ဝင်ရောက်နေထိုင်နေကြသူတွေဟာ အထူးစိုးရိမ်နေကြတယ်။ ဘယ်နေ့ ဘယ်ချိန်မှာ လာရောက်ဗုံးကြဲချသွားမယ့်လဲ ဘယ်သူ့မှ မသိသေးပါဘူးလို့ မြို့ထဲသို့ နေရပ်ပြန်ရတဲ့ ရခိုင်အမျိုးသမီး ဒေါ် ခင်ခင်လှ က AR Media နဲ့ ဆက်သွယ်လာပြီး ရင်တုန်တုန်နဲ့ ပြောပါတယ်။
မောင်တောမြို့ထဲသို့ ရခိုင်နဲ့ ဟိန္ဒူတွေ နေရပ်ပြန်ခွင့်ရပေမယ့် ယနေ့ထိ မြို့ထဲသို့ ဘယ်ရိုဟင်ဂျာ မိသားစုတစ်စုမှ မိမိနေရပ် မိမိနေအိမ်ကို ပြန်ခွင့်မရသေးဘူးလို့ အမှတ် (၂) ရပ်ကွက်မှ စစ်ဘေးရှောင်ရိုဟင်ဂျာ တစ်ဦးရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။
AR Media Group
Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…