AR Media Group မတ်လ ၂၀ ရက် ၊၂၀၂၅ ၊
အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA စီးပွားရေးတာဝန်ခံ ရဲဝင်း (ခ) ကျော်စိုးလင်းနဲ့ ဇနီးဖြစ်သူ ရွှေကောင်းသာ စက်လှေပိုင်ရှင် မသီတာမြင့်တို့က စီမံခန့်ခွဲပြီး မလေးရှားနိုင်ငံကို ပို့ဆောင်ဖို့ ပြင်ဆင်နေတဲ့ ကျပ် ၉၆ ဘီလျံကျော် တန်ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂၀၀ ကီလိုနဲ့အတူ မူးယစ်ကုန်ကူးအဖွဲ့ကို ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတွေကို မတ် ၆ ရက် ည ၇ နာရီခွဲခန့်မှာရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ် ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ်(၅၄၆/၅၄၇)ရှိ ဂိုဒေါင်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ရှာဖွေဖမ်းဆီးစဉ် သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ်ဆိုတဲ့ လူငါးဦးကို မော်တော်ယာဉ် ၃ စီးနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတွေကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့မှာ နေထိုင်တဲ့ တင်မောင်ဝင်းရဲ့ ကွပ်ကဲမှုနဲ့ သန်းလွင်ဆိုသူက သယ်ဆောင်ပေးတာလို့ ဖော်ပြထားပြီး ရန်ကုန်မြို့မှာ တစ်ဆင့်ပြန်လည်ရောင်းချနေတဲ့ ဟိန်းစည်သူ(ခ)ဇော်ဇော်အောင် (ခ)အောင်ကိုကို(ခ) ထင်လင်းပြည့်နဲ့ တင်လှ(ခ)စသစ်တို့ကိုလည်း ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မတ် ၆ ရက်နေ့ ညပိုင်းမှာပဲ ကျော်ကျော်သိန်း(ခ)ကျော်ကျော်(ခ)အသေးလေးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ သူကနေတဆင့် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ)ကျော်စိုးလင်းနဲ့ ဇနီးဖြစ်သူ ရွှေကောင်းသာ စက်လှေပိုင်ရှင် မသီတာမြင့်တို့ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ရွှေကောင်းသာ စက်လှေနဲ့ မလေးရှားပင်လယ်ပြင်ကို တာဝန်ခံပို့ဆောင်သူ မင်းမင်းစိုးကို လွိုင်လင်မြို့မှာ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်စပ်သူ မျိုးမင်းစိုး(ခ)ကိုမျိုး၊ ကျော်ဝေထွန်း၊ သိန်းထွန်း(ခ)သန့်ဇင်၊ ရန်ရှင်းအောင်နဲ့ ဇော်ဇော်အောင်တို့ကိုလည်း ဆိပ်ကြီးခနောင်တိုမှာ ရွှေကောင်းသာ စက်လှေနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ အာရက္ခတပ်တော် AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ) ကျော်စိုးလင်းနဲ့ ဇနီး မသီတာမြင့်တို့က တန့်ယန်း၊ တောင်ကြီး၊ မန္တလေးနဲ့ ရန်ကုန်မြို့တို့မှာ ကိုယ်ပိုင်ဂိတ်တွေ ရှိပြီး ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီး ပိုင်ဆိုင်ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ) ကျော်စိုးလင်းနဲ့ ဇနီး မသီတာမြင့်တို့ကို ဖမ်းဆီးနိုင်ခဲ့တာ ရှိ မရှိ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မတွေ့ရပါဘူး။
အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ဘက်က အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA စီးပွားရေးတာဝန်ခံလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတဲ့ ရဲဝင်း(ခ) ကျော်စိုးလင်းနဲ့ ဇနီး မသီတာမြင့်တို့ မူးယစ်ဆေးဝါးကုန်သွယ်မှုစွပ်စွဲချက် နိုင်ငံရေးထိုးနှက်မှုဖြစ်ကြောင်း တုံ့ပြန် လာပါသည်။
AR Media Group
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…