AR Media Group ၊ မတ်လ ၂၅ ရက် ၊ ၂၀၂၅ ။
Cox’s Bazar Sadar Upazila – အကြမ်းဖက် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အတွက် ယူနီဖောင်းများ သယ်ယူပို့ဆောင်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦးကို Rapid Action Battalion (RAB) မှ မတ်လ ၂၃ ရက်၊ ၂၀၂၅၊ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် Cox’s Bazar ၏ Khurushkul Tetoia Ghat တွင် ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနများက ဖော်ပြထားသည်။
လျှို့ဝှက်သတင်းအရ RAB-15 CPSC စစ်ဆင်ရေးအဖွဲ့သည် Intelligence Wing ၏ အကူအညီဖြင့် Cox’s Bazar Sadar ရဲ စခန်း၏ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ Khurushkul UP ၏ Tetoia Ghat နယ်မြေတွင် စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့သည်။ ထိုစစ်ဆင် ရေးတွင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ယူနီဖောင်း အတွဲ ၆၀၊ တာကာငွေ တချို့၊ လက်ကိုင်ဖုန်း ၄ လုံးနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ သို့သော် အဓိက တရားခံဖြစ်သူ နုရ်မာမတ် (၅၀ နှစ်) သည် လွတ်မြောက်သွားခဲ့သည်။
ဖမ်းဆီးရမိသူများမှာ နုရ်မာမတ်၏ ဇနီး ရှော်ဖီကာအာပ်တာရ် (၃၇ နှစ်)၊ မီနာရာအာပ်တာရ် (၃၃ နှစ်) နှင့် အဲဂ်ဘာလ်ဟာဆောင် (၁၄ နှစ်) တို့ ဖြစ်ကြောင်း သိရှိရသည်။
စစ်ကြောရေးစစ်ဆေးမှုများအရ နုရ်မာမတ်သည် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ၏ ယူနီဖောင်းထုတ်လုပ်မှုကို ဦးဆောင်ဆောင်ရွက်နေကြောင်း၊ ဖမ်းဆီးခံရသူများကလည်း ထိုအချက်ကို ဝန်ခံခဲ့ကြောင်း သတင်းများအရ သိရှိရသည်။ဖမ်းဆီးရမိသူများကို Cox’s Bazar Sadar ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း RAB မှ ထုတ်ပြန်ကြေညာထားသည်။
AR Media Group
The situation of Rohingya civilians in Arakan has become a matter of serious concern, particularly…
In the Arakan (Rakhine) region, a terrorist organization known as the United League of Arakan…
Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…
Residents living across northern Arakan State and communities situated along the foothills of the Rakhine…
KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…
It has been reported that the Myanmar military forces have reportedly launched a large-scale offensive…