Categories: Blog

အာဂျင်တီးနား တရားရုံးက ဝရမ်းထုတ်ထားတဲ့ မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ အင်တာပို အဖွဲ့ဝင် ထိုင်းနိုင်ငံကို တောင်းဆို

(AR Media Group)ဧပြီ ၄ – ၂၀၂၅

ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ရောက်ရှိနေပြီး လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အာဂျင်တီးနား ဖက်ဒရယ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပို) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းကို Burmese Rohingya Organisation UK က တောင်းဆိုလိုက်ပါတယ်။

ဘန်ကောက်မြို့မှာ BIMSTEC အစည်းအဝေးတက်ရန်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက ဖမ်းဆီးပေးဖို့ တာဝန်ရှိတယ်လို့ BROUK အဖွဲ့က တိုက်တွန်းထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အာဂျင်တီးနားနိုင်ငံ တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပြီး အခုလ ၁ ရက်နေ့မှာပဲ စစ်ခေါင်းဆောင်ကို ဖမ်းဆီးဖို့ အင်တာပိုထံ အကြောင်းကြားထားပြီးသားဖြစ်တယ်လို့ BROUK အဖွဲ့က ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံဟာ ၁၉၅၁ ခုနှစ်ကတည်းက အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် ဝရမ်းထုတ်ခံရသူကို အဖွဲ့ဝင်နိုင်ငံတွေအတွင်း တွေ့ရှိပါက တရားရုံးကို တရားဝင်လွှဲပြောင်းပေးနိုင်တယ်လို့ BROUK က ဆိုပါတယ်။ AR Media Group

Editor

Recent Posts

AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို အဝင် ပိတ်ပင်လိုက်ပြီး မောင်တောမြောက်ပိုင်းသို့ အင်းအား ဖြည့်တင်းနေ

Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…

1 month ago