Categories: Blog

အကြမ်းဖက်ရခိုင်လက်နက်ကိုင် (AA) ထိန်းချုပ်ထားသည့် မောင်တော ကျီးကန်းပြင်ဌာနချုပ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ၊

AR Media Group မေလ ၁ ၊၂၀၂၅

အကြမ်းဖက်ရခိုင်လက်နက်ကိုင် (AA) ထိန်းချုပ်ထားသည့် မောင်တော ကျီးကန်းပြင်ဌာနချုပ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာတွင် အကြမ်းဖက်ရခိုင်လက်နက်ကိုင်AA အဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များက AR Media Group သို့ ပြောကြားကြောင်း သိရသည်။

သတင်းရင်းမြစ်တစ်ဦးက “ကျွန်တော်တို့ သိရတာက အကြမ်းဖက်ရခိုင်လက်နက်ကိုင်အဖွဲ့အေအေ(၁၀၀) ဦးသေဆုံးခဲ့တယ်။ ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော် ရှိတယ်လို့‌ တော့ သိရတယ်။ အကြမ်းဖက်စစ်ကောင်စီကလည်း သတင်းထုတ်ပြန်လာပါလိမ့်မယ် ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဤတိုက်ခိုက်မှုသည် စစ်ကောင်စီနှင့် အကြမ်းဖက်ရခိုင်လက်နက်ကိုင် (AA) အကြား တင်းမာမှုများ ပိုမိုဆိုးရွားလာနိုင်ကြောင်း ခန့်မှန်းရသည်။ ဒေသခံပြည်သူများအနေဖြင့်လည်း လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲများ ကြုံတွေ့နိုင်ပါသည်။ အခြေအနေများကို ဆက်လက်စူးစမ်းပြီး သတင်းထုတ်ပြန်သွားမည်ဖြစ်သည်။

Reported by : AR Media Group

Editor