Categories: Blog

ရိုဟင်ဂျာအကျပ်အတည်းဆိုင်ရာ အဆင့်မြင့်ညီလာခံကျင်းပခွင့် ရှိမရှိ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ချက်အတည်ပြု။

AR Media Group မတ်လ ၂၈ ရက်၊ ၂၀၂၅။

လာမည်၂၀၂၅ခုနှစ် စက်တင်ဘာလအတွင်း ဘင်္ဂလားဒေ့ချ်နိုင်ငံ ဒါကာမြို့တွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများဆိုင်ရာ အဆင့်မြင့်ညီလာခံကျင်းပခွင့်ရှိ /မရှိ ဆုံးဖြတ်ချက် ချမှတ်ရန် မလေးရှားနှင့် ဖင်လန်နိုင်ငံတို့၏ တင်သွင်းသည့်အဆိုကို ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) တွင် မဲခွဲဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး Md Salahuddin Noman Choudhury သည် အင်္ဂါနေ့က အဖွင့်စကားပြောခဲ့ပြီး ရုရှားက လက်ခံခြင်းမရှိသည့် ပြင်ဆင်ချက် အများအပြားကို အဆိုပြုခဲ့သော်လည်း အထွေထွေညီလာခံ ဥက္ကဋ္ဌက မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်မဲမရှိပဲနဲ့ ထောက်ခံမဲ ၁၄၁ မဲဖြင့် အတည်ပြုခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်ကို ကန့်ကွက်မဲမရှိခဲ့ပေ။ သို့သော်လည်း နိုင်ငံပေါင်း ၁၀ နိုင်ငံက မဲမပေးဘဲ နေခဲ့သည်။ ထောက်ခံမဲ ၁၄၁ မဲဖြင့် အတည်ပြုခဲ့သည်။

နယူးယောက်တွင် ရိုဟင်ဂျာအကျပ်အတည်းနှင့် ပတ်သက်သော အထူးထိပ်သီးညီလာခံတစ်ရပ်ကို လာမည့် စက်တင်ဘာလအတွင်း ဘဂ်လားဒေ့ချ်နိုင်ငံ ၊ ဒါကာမြို့တော်တွင် ကျင်းပရန် စီစဉ်နေချိန်၌ ဤဆုံးဖြတ်ချက်ကို ချမှတ်အတည်ပြုခြင်းသည် အနာဂတ်တွင် ရိုဟင်ဂျာပြဿနာကို ဖြေရှင်းရာတွင် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်သည်။

AR Media Group News

Editor

Recent Posts

AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို အဝင် ပိတ်ပင်လိုက်ပြီး မောင်တောမြောက်ပိုင်းသို့ အင်းအား ဖြည့်တင်းနေ

Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…

1 month ago