AR Media – ဧပြီလ ၅ ရက်၊ ၂၀၂၅။
အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA/ULA က မောင်တောခရိုင်အတွင်းရှိ ရိုဟင်ဂျာတချို့နဲ့ ပူးပေါင်းပြီး ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး အာရ်ကာန်ဒေသတွင် ငြိမ်းချမ်းရေး၊တရားမျှတရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝဖြိုးရေးကို ရှေးရှူပြီး သတင်းမှန်တွေ၊ မြေပြင်ဖြစ်ရပ်မှန်ကို အချိန်နဲ့တပြေးညီ စုစည်းတင်ပေးနေတဲ့ MDN သတင်းအဖွဲ့အား ဖမ်းဆီးလုပ်ကြံသတ်ဖြတ်ပြီး သတင်းအမှောက်ချနိုင်ရန် ရည်ရွယ်ပြီး ရွာတိုင်းရွာတိုင်းမှာ သူတွေရဲ့ လုပ်ဖော်ကိုင်ဖော်တွေနဲ့အတူ ရှာဖွေနေတယ်လို့ သတင်းရရှိပါတယ်။
သတင်းလွတ်လပ်ခွင့်ဆိုတာ ဒီမိုကရက်တစ် လူ့ဘောင်အဖွဲ့အစည်းတွေ ရဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်။ လူ့ အခွင့် အရေးနဲ့ အခြေခံလွတ်လပ်မှုတွေကို အကာအကာအကွယ်ပေးရာမှာ မရှိမဖြစ် လိုအပ်ချက် တစ်ရပ်ဖြစ်ပါတယ်။ ဒါမှ သတင်းသမား တွေဟာ နိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ ကိစ္စအ၀၀ကို ကြောက်ရွံ့မှု မရှိ၊ လက်တုန့်ပြန်ခံရမှု မရှိ၊ ခြိမ်းခြောက်ခံရမှု မရှိ လွတ်လွတ်လပ်လပ် ထုတ်ဖော်ရေးသားတင်ပြနိုင်မှာ ဖြစ်ပါတယ်။
သို့သော် လက်ရှိမြေပြင်တွင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA အောက်ခြေတပ်သားတွေက မောင်တောခရိုင်အတွင်းတွင် နေထိုင်ကြတဲ့ ပြည်သူတွေအပေါ် နိုင်းထက်စီးနင်းနေမှုခြင်း၊ လက်နက်အားကိုးပြီး အနိုင့်ကျင့်စော်ကားနေ မှုခြင်း၊ အတင်း လုပ်အားပေးခိုင်းနေရခြင်း၊ အသက်မပြည့်သေးတဲ့ လူငယ်တွေအား စစ်မှုထမ်းစေနေခြင်း၊ ဆက်ကြေး ပေးနေရခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးပြီး စစ်ကြောရေးတွင် ညှဥ်းပန်းနှိပ်စက်နေမှုခြင်း၊ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ကြုံနေရအောင် တင်းတင်းကျပ်ကျပ် ဖိအားပေးနေခြင်း၊ လူကုန်ကူးမှု ပုံစံနဲ့ ရိုဟင်ဂျာပြည်သူတွေကို တိုင်းပြည်ကနေ အေးအေးဆေးဆေး နှင်ထုတ်နေခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေညှစ်နေခြင်း၊ သွားလာခွင့် ကန့်သတ်ခံနေရခြင်း စတဲ့ ပြစ်မှုကျူးလွန်နေတာတွေ နေ့စဉ်လုပ်ဆောင်လျက်ရှိပြီး မီဒီယာများကလည်း အဆိုပါဖြစ်စဉ်များအား မရှိသလောက် သတင်းရေးသား တင်ဆက်ကြတာ နည်းပေမယ့် အချိန်နဲ့တပြေးညီ နေ့စဥ်ရက်ဆက် တင်ဆက်ပေးနေတဲ့ MDN သတင်းအဖွဲ့ကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ပစ်မှတ်ထားပြီး မြေပြင်ဖြစ်ရပ်မှန်တွေကို သတင်းအမှောက်ချနိုင်ရန် MDN သတင်းသမားတွေကို ဖမ်းဆီးပြီး လုပ်ကြံသတ်ဖြတ်ရန် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က လိုက်လံရှာနေတာကို မိဘပြည်သူတွေအား အသိပေးချင်ပါတယ်။
ထို့ကြောင့် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ရဲ့ စစ်ရာဇဝတ်ကျုးလွန်မှုတွေကို အချိန်နဲ့တပြေးညီ ဖော်ထုတ်ရေးသားနေတဲ့ Maungdaw Daily News မီဒီယာကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ရန်သူသဖွယ်ဆက်ဆံပြောဆိုနေခြင်းဟု ကျွန်ုပ်တို့ အဖွဲ့က ရှုမြင်ကြတယ်။ အမှန်မှာတော့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA အောက်ခြေက ဝန်ထမ်းအချို့ရဲ့ အကျင့်ပျက် ခြစားခြင်းများကို ဖော်ပြနေလို့ ပစ်မှတ်ထားခံရပြီး အောက်ခြေဝန်ထမ်းများရဲ့ အချို့ လုပ်ရပ်တွေကို အထက်လူကြီးတွေ သိပြီး ပြုပြင်ပြောင်း၍ ရအောင် တည့်မတ်ပေးခြင်းသာ ဖြစ်ပါတယ်။
“ ယခင်ကဆိုရင် ရခိုင်ပြည်နယ်အစိုးရက MDN ကို အမှုဖွင့်ထားတာ ရှိခဲ့တယ်။ MDN ကို ဘယ်သူတွေက ဆုပ်ကိုင်နေတာလေ မသိလို့ Border News Agency (BNA) ကို ထူထောင်သူ
ကိုကောင်းမြတ်နိုင်ကို ပြည်နယ်အစိုးရက သံသယဖြင့် စွဲစပ်ခဲ့တယ်။ ရခိုင်ခေါင်းဆောင်ပိုင်းတချို့ကလည်း MDN သတင်းအဖွဲ့ဟာ စစ်ကောင်စီရဲ့ မီဒီယာတစ်ခု ဖြစ်နိုင်ခြေ များတယ်လို့ စွဲစပ်ခဲ့တယ်။ ရိုဟင်ဂျာ တွေကလည်း ရခိုင်မီဒီတစ်ခုဖြစ်နိုင်ကြောင်း ယူဆခဲ့တယ်။ အဲ့တုန်းက အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ကို ထောက်ခံပြီး လူမှုပေါင်းစည်းရေးကို ရှေးရှူပြီး မတူကွဲပြားတဲ့ လူသားမျိုးနွယ်စုကြား သဟဇာတဖြစ်လာအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တဲ့ သတင်းအဖွဲ့ ဖြစ်တယ်။ ခုတော့ MDN သတင်းအဖွဲ့ဟာ မြေပြင်ဖြစ်ရပ်မှန်သမျှတွေကို ဘက်မလိုက်ပဲ အချိန်နဲ့တပြေးညီ စုစည်းတင်ပေးနေတဲ့ မီဒီယာတစ်ခုဖြစ်ကြောင်း မိဘပြည်သူတွေအား အသိပေးချင်ပါတယ်။
အခုနောက်ပိုင်းမှာဆိုရင် MDN မီဒီယာကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA/ULA ဟာ ပိုပြီးတော့ မျက်မုန်းကျိုးလာတယ်။ ဘာလို့လဲဆိုရင် သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို MDN မီဒီယာက ဖော်ထုတ်တင်ဆက်နေလို့ဖြစ်တယ်။ ဒါကြောင့် သူတို့ လက်အောက်ခံမီဒီယာကလွဲလို့ MDN မီဒီယာတွေကို ရန်သူသဖွယ်မြင်နေတာ” ဟု AR Media သတင်းအဖွဲ့က ရာနဲ့ချီ ပြည်သူတွေနဲ့ စုံးစမ်းမေးမြန်းခဲ့ကနေ သိရှိရပါတယ်။
The situation of Rohingya civilians in Arakan has become a matter of serious concern, particularly…
In the Arakan (Rakhine) region, a terrorist organization known as the United League of Arakan…
Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…
Residents living across northern Arakan State and communities situated along the foothills of the Rakhine…
KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…
It has been reported that the Myanmar military forces have reportedly launched a large-scale offensive…