AR Media Group မတ်လ ၂၇ ရက်၊ ၂၀၂၅ ။
ပြန်လည်ထူထောင်ရန် ခက်ခဲနေသည့် အာရ်ကာန်ဒေသ တွင် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်များကို ရခိုင်များ အနေဖြင့် လက်ခံနိုင်အား မရှိကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
ဦးမျိုးကျော်က အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA အနေနဲ့လည်း သူကိုယ်တိုင်က ဒီတော်လှန်ရေးတစ်ခုက အခုချိန်ထိ အဆုံး သတ်လို့ မရနိုင် သေးဘူးပေါ့လေ။
လက်ရှိတွင် အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ၏ တော်လှန်ရေးမှာ အဆုံးသတ် မဖြစ်သေးကြောင်း၊ နယ်မြေအလုံးစုံ ထိန်းချုပ်နိုင်သည့်တိုင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များမှာ အခက်အခဲ ရှိနေဦးမည့် အခြေအနေ၌ ရိုဟင်ဂျာဒုက္ခသည်များ ပြန်ပို့ကာ တာဝန်ခံခိုင်းခြင်းက လွယ်လွယ်မဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
ဦးမျိုးကျော်က အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA အနေနဲ့လည်း သူကိုယ်တိုင်က ဒီတော်လှန်ရေးတစ်ခုက အခုချိန်ထိ အဆုံး သတ်လို့ မရနိုင် သေးဘူးပေါ့လေ။ အဆုံးသတ်ဖို့အတွက် သူ့မှာလည်း အာရ်ကာန်ဒေသ ထဲမှာလုပ်စရာအလုပ်တွေ၊ သိမ်းဖို့ဆိုလည်း ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင် ကျန်နေတယ်။ အကယ်၍ သိမ်းလို့ အကုန်လုံး ရပြီးပြီ၊ သူ့ရဲ့ တော်လှန်ရေးက သူ့နယ်မြေတွေ အကုန်လုံးကို ထိန်းချုပ်နိုင်ပြီဆိုရင်တောင်မှ ဒီနေရာတွေမှာ တည်တည် ငြိမ်ငြိမ် ဖြစ်ဖို့ရယ်၊ အုပ်ချုပ်ရေး ယန္တရားတွေကို စနစ်တကျ တည်ဆောက်ရမှာတို့၊ ပြည်သူတွေရဲ့ စားဝတ်နေရေး အဆင်ပြေဖို့၊ ကျန်းမာရေး၊ ပညာရေးကအစ လုပ်စရာလုပ်ငန်းတွေက အများကြီး အခက်အခဲ ရှိဦးမယ်။ ဒီဟာတွေ အတွက် နိုင်ငံတကာက ဝင်ပါပြီး ကူညီရင်တစ်မျိုးပေါ့။ နောက်တစ်ခုက ရခိုင်အနေနဲ့ အချုပ်အခြာကို ရတယ်ဆို ရင်တောင်မှ ဘယ်သူတွေက သူ့ကို ထောက်ခံမလဲ၊ ဘယ်နိုင်ငံတွေက အထောက်အပံ့ ပေးမလဲဆိုတဲ့ ဟာမျိုးတွေ က အများကြီး လိုသေးတယ်လေ။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တစ်ခါနေပြီး ပြန်လည် ထူထောင်ဖို့ တောင် ခက်ခဲနေတဲ့ အာရ်ကာန်ဒေသ ကို ဒီဟာတွေ ဒုက္ခသည်ကိုပါ ထားပြီးတော့ ပို့ပြီးတော့ တာဝန်ခံခိုင်းတယ်ဆိုတာ လွယ်လွယ်နဲ့တော့ ဖြစ်မယ်လို့ မထင်ပါဘူး။ ရခိုင်တွေအနေနဲ့လည်း လက်ခံနိုင်အား ရှိလိမ့်မယ်လို့တော့ မယုံ ကြည်ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကော့ဘဇား ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အကြီးအကဲနှင့်အတူ သွားရောက်ကြည့်ရှုခဲ့သည်။ ထိုခရီးစဉ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်များကို လာမည့် ၂၀၂၆ ခုနှစ်အတွင်း အာရ်ကာန်ဒေသ သို့ ပြန်လည်ပို့ဆောင် သွားမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အကြီးအကဲ မိုဟာမက်ယူနွတ်က ကတိပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းတို့ နေရပ်ပြန်နိုင်ရေးအတွက် အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA နှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က မတ်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
သို့သော် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး တိုဟစ်ဟူစိန်ကမူ ရိုဟင်ဂျာ ဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာ နေရပ် ပြန်နိုင်ရေး မြန်မာနိုင်ငံအစိုးရနှင့် ဒေသအာဏာပိုင်များအပေါ် အများကြီး သက်ဆိုင်ကြောင်း ပြောဆိုထား သည်။ ရိုဟင်ဂျာ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ အစုအဖွဲ့ဝင်များ အနေဖြင့် ဦးစွာဆွေးနွေး ညှိနှိုင်း၍ သဘောတူညီချက်ရှိရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့နဲ့ နစကနဲ့ သဘောတူညီချက်ရှိဦးတော့ အကြမ်းဖက်ရခိုင်လက်နက်ကိုင်AA နဲ့ သဘောတူညီချက် မရှိဘူးဆိုရင် တော့ မလုပ်နိုင်တာ သေချာတာပေါ့။ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA နဲ့ လုပ်နိုင်ဖို့ကိစ္စပဲဖြစ်ဖြစ်၊ နစကနဲ့ လုပ်နိုင်ဖို့ကိစ္စပဲဖြစ်ဖြစ် သူတို့မှာ သဘောတူညီချက် တစ်စုံတစ်ရာတော့ ရှိရမှာပေါ့။ ကျနော် ထင်တာကတော့ လူ့အခွင့်ရေးနဲ့ပတ်သက်တယ်၊ လူသားချင်းစာနာမှုနဲ့ ပတ်သက်တယ်ဆိုရင်တော့ ဒါကို အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA လည်း ငြင်းပယ်နိုင်မယ်လို့ မထင်ဘူး။ ဒါပေမယ့် သူတို့ ရဲ့ စိုးရိမ်ချက်ကတော့ နိုင်ငံရေးကိစ္စ ဖြစ်တယ်။ ဒီလိုနိုင်ငံရေးကိစ္စမှာကတော့ အနည်းဆုံးသူတို့ ၃ ဖက် ၃ တံ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ရယ်၊ ဘင်္ဂလားဒေ့ရှ်ရယ် နောက်ပြီး နစကရယ် ရိုဟင်ဂျာတွေ ကိုယ်တိုင်ရယ် ဒါတွေကို သူတို့ဆွေးနွေး ပြီးတော့မှ သဘောတူညီချက်ရှိဖို့ လိုပါလိမ့်မယ်။ တကယ်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ နစကပဲဆိုရင်လည်း မဖြစ်နိုင်ဘူး။ ဘယ်နည်း နဲ့မဆို သက်ဆိုင်ရာ အစုအဖွဲ့ဝင်တွေ၊ state holder တွေ အားလုံးပါဖို့ လိုပါလိမ့်မယ်” ဟု ပြောသည်။
၂၀၁၇ ခုနှစ်က အတွင်း အာရ်ကာန်ဒေသ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသောရိုဟင်ဂျာ ဒုက္ခသည်ဦးရေမှာ သိန်းဂဏန်းခန့်သာရှိသည်ဟု မြန်မာအစိုးရဘက်က ထုတ်ပြန်ထားသည်။ သို့သော် ကုလဘက်ကတော့ ၁ ဒသမ ၂ သန်း ခန့်ရှိကြောင်း သိရသည်။
AR Media Group
Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…
Residents living across northern Arakan State and communities situated along the foothills of the Rakhine…
KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…
It has been reported that the Myanmar military forces have reportedly launched a large-scale offensive…
Arakan Army using it as a shelter A Myanmar military airstrike killed at least seven…
Myanmar has officially recognized 283,086 Rohingya refugees currently residing in Bangladesh as "persons who previously…